ခါတွမ်၊ စက်တင်ဘာ-၁၈-၂၀၂၄
မျိုးဆက်(VOM)
စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံ နေရာတိုင်းမှာ အငတ်ဘေးဆိုက် နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ်က ဆူဒန်ကိုသွားရောက်ခဲ့ပြီးနောက် သတိပေးပြောဆိုလိုက်ပါတယ်။
“ ဆူဒန်ရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းနေပါပြီ။ ကြီးမားတဲ့ နေရပ်စွန့်ခွာမှုတွေဖြစ်ပေါ်ခဲ့ပြီး အခု ကမ္ဘာပေါ်မှာ အကြီးမားဆုံး အငတ်ဘေးဆိုက်နေပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။
ပဋိပက္ခတွေကြောင့် လူ ၁၂ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်အရေးကို ကမ္ဘာ့နိုင်ငံများက အာရုံစူးစိုက်မှု နည်းပါးနေကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေအကြား ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေနဲ့ အစာရေစာခေါင်းပါးမှုအပြင် ရောဂါတွေက နေရာတိုင်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ လူဦးရေး ၂၅ သန်းနီးပါး သို့မဟုတ် ဆူဒန်ပြည်သူ ထက်ဝက်ခန့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ပဋိပက္ခတွေ အပြင်းအထန်ဖြစ်နေတဲ့ ဒါဖာမြို့အနီး အယ်လ်ဖာရှာဒုက္ခသည်စခန်းက လူငါးသိန်း အငတ်ဘေးဆိုက်နေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...