ခါတွမ်၊ စက်တင်ဘာ-၁၈-၂၀၂၄
မျိုးဆက်(VOM)
စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံ နေရာတိုင်းမှာ အငတ်ဘေးဆိုက် နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ်က ဆူဒန်ကိုသွားရောက်ခဲ့ပြီးနောက် သတိပေးပြောဆိုလိုက်ပါတယ်။
“ ဆူဒန်ရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းနေပါပြီ။ ကြီးမားတဲ့ နေရပ်စွန့်ခွာမှုတွေဖြစ်ပေါ်ခဲ့ပြီး အခု ကမ္ဘာပေါ်မှာ အကြီးမားဆုံး အငတ်ဘေးဆိုက်နေပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။
ပဋိပက္ခတွေကြောင့် လူ ၁၂ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်အရေးကို ကမ္ဘာ့နိုင်ငံများက အာရုံစူးစိုက်မှု နည်းပါးနေကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေအကြား ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေနဲ့ အစာရေစာခေါင်းပါးမှုအပြင် ရောဂါတွေက နေရာတိုင်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ လူဦးရေး ၂၅ သန်းနီးပါး သို့မဟုတ် ဆူဒန်ပြည်သူ ထက်ဝက်ခန့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ပဋိပက္ခတွေ အပြင်းအထန်ဖြစ်နေတဲ့ ဒါဖာမြို့အနီး အယ်လ်ဖာရှာဒုက္ခသည်စခန်းက လူငါးသိန်း အငတ်ဘေးဆိုက်နေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...