ဘေရွတ်၊ စက်တင်ဘာ-၂၁-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း နောက်ထပ် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပြီးနောက် နှစ်ဘက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။
တိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတွေထဲကတယောက်သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပြီးနောက် ဟဇ်ဘိုလာအဖွဲ့ကလည်း သူတို့ရဲ့ ထိပ်တန်းတပ်မှူး အီဘရာဟင်အာကေး သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
မနေ့က အစောပိုင်းမှာ လက်ဘနွန်နိုင်ငံ ဘေရွတ်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဒါဟီဟီဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကလည်း ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပါသေးတယ်။ နှစ်ဖက်အကြား အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးထားပါတယ်။
ယခုသီတင်းပတ်အတွင်းမှာလည်း လက်ဘနွန်နိုင်ငံတဝန်းမှာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။
Ref:BBC
Photo:Getty Images
လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု ဟဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံးပြန်
![](https://voiceofmyanmarnews.com/wp-content/uploads/2024/09/Israel-7.jpg)