ဘေရွတ်၊ စက်တင်ဘာ-၂၁-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း နောက်ထပ် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပြီးနောက် နှစ်ဘက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။
တိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတွေထဲကတယောက်သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပြီးနောက် ဟဇ်ဘိုလာအဖွဲ့ကလည်း သူတို့ရဲ့ ထိပ်တန်းတပ်မှူး အီဘရာဟင်အာကေး သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
မနေ့က အစောပိုင်းမှာ လက်ဘနွန်နိုင်ငံ ဘေရွတ်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဒါဟီဟီဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကလည်း ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပါသေးတယ်။ နှစ်ဖက်အကြား အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးထားပါတယ်။
ယခုသီတင်းပတ်အတွင်းမှာလည်း လက်ဘနွန်နိုင်ငံတဝန်းမှာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်
စက်တင်ဘာ ၂၁ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းက သေဒဏ်ကျခံနေရသူ... -
ရုရှားပိုင်ဆိုင်မှုတွေသုံးပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံချေးမယ်လို့ အီးယူကြေညာ
ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၁-၂၀၂၄ရတီ(VOM)ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ပိုင်ပိုင်မှုတွေကနေ ရရှိတဲ့ငွေတွေကို အသုံးပြုပြီး ယူကရိန်းအတွက်... -
ဂျပန် အိုင်ရှီကာဝါမှာ မြစ် ၁၂ စင်းရေလျှံလို့ မြို့ကြီးနှစ်မြို့က လူသုံးသောင်းကို အရေးပေါ် ပြောင်းရွှေ့မိန့်ထုတ်
တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၄မျိုးဆက်(VOM)ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံအလယ်ပိုင်း မြို့ကြီးနှစ်မြို့ရှိ...