လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၅၀၀ နီးပါးသေဆုံးပြီး လူသိန်းချီ ဘေးလွတ်ရာ ထွက်ပြေး

ဘေရွတ်၊ စက်တင်ဘာ-၂၄-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန် တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ် ဒါဇင်များစွာကို အစ္စရေးက လေကြောင်းကနေ ညလုံးပေါက်တိုက်ခိုက်မှုကြောင့် လူ ၅၀၀ နီးပါးသေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လူ ၄၉၂ ယောက်သေပြီး ၁၆၄၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး အစ္စရေး-ဟဇ်ဘိုလာ ပဋိပက္ခမှာ အဆိုးဝါးဆုံး အသေအပျောက်များတဲ့နေ့ဖြစ်ကာ လူသိန်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အစ္စရေးမြောက်ပိုင်း ၃၇ မိုင်အကွာရှိ ဖောက်ခွဲရေးပစ္စည်းစက်ရုံအပါအဝင် အစ္စရေးစစ်ဘက်ပစ်မှတ် အများပြားကို တိုက်ခိုက်ခဲ့ပြီး မက်ဂီဒိုလေယာဉ်ကွင်းကိုလည်း သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးဟာ ဟဇ်ဘိုလာပစ်မှတ် ၁၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို ဟဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဟဇ်ဘိုလာတွေအပေါ်…

Read More

လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ အမေရိကန်စီစဉ်

ဝါရှင်တန်၊ စက်တင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အစိုးရဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရုရှားနဲ့ တရုတ်ထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။ရုရှားနဲ့ တရုတ်နိုင်ငံလုပ်ကားတွေကို ပိတ်ပင်ဖို့ အစီအစဉ်ဟာ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ဖို့ အစီအစဉ်တွေဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုက ဆိုပါတယ်။ဒီထဲမှာ လျှပ်စစ်ကား၊ အိမ်စီးကား၊ ထရပ်ကားနဲ့ ဘတ်စ်ကားတွေလည်း ပါဝင်ပြီး အလိုအလျောက်မောင်းနှင်မှုနဲ့ တော်တော်ကားတွေကို အခြားကွန်ရက်တွေနဲ့ ချိတ်ဆက်တဲ့နည်းပညာတွေဟာ အမေရိကန်လမ်းတွေပေါ်ရှိကားတွေကို ရန်သူတွေက အဝေးမှခြယ်လှယ်ထိန်းချုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။အမေရိကန်ရှိ ကားတွေမှာတော့ လက်ရှိချိန်ထိ တရုတ် သို့မဟုတ် ရုရှားဆော့ဖ်ဝဲကို အသုံးပြုမှုအနည်းငယ်သာရှိသေးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေ တားမြစ်ခဲ့ပါတယ်။မျက်မှောက်ခေတ်ကားတွေမှာ ကင်မရာ၊ မိုက်ခရိုဖုန်း၊ ဂျီပီအက်စ်နှင့် အခြားသောအင်တာနက်ချိတ်ဆက် နည်းပညာများရှိနေပြီး ပြည်ပရန်သူတွေက အချက်အလက်များကြည့်ရှုနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် တားမြစ်ပိတ်ပင်မယ့်အစီအစဉ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက…

Read More

မန္တလေးမြို့မှာ ဟိန္ဒူဘုရားကျောင်းအဟောင်း အဆောက်အဦ ပြိုကျပြီး လူ(၁)ဦး သေဆုံး

မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉လမ်းနှင့် ၂၀လမ်းကြား၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဟိန္ဒူဘုရားကျောင်းအဟောင်းအဆောက်အဦတလုံးပြိုကျမှု ဒီကနေ့မနက် ၂နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတဦးက ” မနက်အစော ၂နာရီခန့်က အဆောက်အဦပြိုတဲ့သတင်းရတယ်၊ မီးသတ်က ကယ်‌ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်ကြတယ်၊ ကနဦးအရတော့ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၂)ဦး ဒဏ်ရာရတယ်၊ အဲ့ဒီအထဲက အမျိုးသမီးတဦး သေဆုံးပါတယ်”လို့ ပြောပါတယ်။ ပေ ၅၀ ပတ်လည် တထပ်တိုက် ဟိန္ဒူဘုရားကျောင်းအဟောင်း ညာဘက်ရှိ အဖီဆွဲထားသော သွပ်မိုးအုတ်ကာ အခန်း(၃)ခန်း ပြိုကျမှုဖြစ်ပွားပြီး အသက်(၅၀)နဲ့ အသက် (၃၀)အမျိုးသမီး (၂)ဦး၊ အသက်(၁၁)နှစ်အရွယ် မိန်းကလေး(၁)ဦး၊ အသက်(၂၂)နှစ်အရွယ်အမျိုးသား(၁)ဦး ၊ အသက်(၁၁)နှစ်အရွယ် ယောကျာ်းလေး(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်(၅၀)အရွယ်အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအဆောက်အဦမှာ…

Read More

လွိုင်လင် – မိုင်းပွန် ကုန်သွယ်ရေးလမ်းမ မြေပြိုမှု အခြေအနေ မကောင်းသေး

စက်တင်ဘာ ၂၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် တောင်ပိုင်း၊ အာရှ လမ်းမရဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်လင် – မိုင်းပွန်ကြား ကုန်သွယ်ရာ လမ်းမဟာ ရေကြီး မြေပြိုမှုကြောင့် အခြေအနေ မကောင်းသေးကြောင်း ‌ဒေသခံတွေနဲ့ ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခုက လမ်း မြေပြိုထားတဲ့ နေရာတွေကို ပရဟိတ နဲ့ မီးသတ်တပ်ဖွဲ့ ရှင်းလင်း ဖယ်ထုတ်ထားတယ်။ ဒါပေမယ့် စိတ်မချရဘူး။ တောင် အပေါ်ဘက်က မြေတွေ ထပ်ပြိုလာနိုင်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မိုးမရွာရင်တောင် တောင်ရဲ့ ဘေးတွေမှာ မြေသားတွေက ပွ နေပြီး မြေတွေ ထပ်ပြိုကျနိုင်သလို မိုးရွာရင် မြေ ထပ်ပြိုလာမယ့် အခြေအနေလဲရှိနေတာကြောင့် ပို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။…

Read More

ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၄ရတီ(VOM)မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၀န်းကျင်တွင် စမ်းသပ်နိုင်ကြောင်း တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးလိုက်ပါတယ်။တောင်ကိုရီးယား သမ္မတအိမ်တော် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှင်ဝန်ဆစ်ခ်က မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်နိုင်ခြေ အကဲဖြတ်မှုကို ဝိုင်တီအင်န် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ကင်ဂျုံအန်က ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားက အဆင့်သင့်ပြင်ထားတာဖြစ်ပြီး ဒီအတွက် အသေးစား နျူကလီးယားစမ်းသပ်မှုတခု လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။နျူကလီးယားစမ်းသပ်မှုကို အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီးမှာ ပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ခြေရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲကဆိုပါတယ်။ယခုလအစောပိုင်းမှာတော့ ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေအတွက် ယူနေရနီယံသန့်စင်စက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ယူရေနီယံတိုးမြှင့်သန့်စင်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို နိုင်ငံတကာက အာရုံစိုက် သိလာစေဖို့ အားထုတ်ကြိုးပမ်းနေပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။Ref:NHKPhoto:Getty Images

Read More

နောင်ချို တောင်ခမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

စက်တင်ဘာ ၂၄၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းရွာဘက်မှာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။“ဒီနေ့ တောင်ခမ်းဘက် နောက်ဆုံးအခြေအနေ တော်တော်လေး ပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြား နေရပြီး မနေ့ကတော့ နစက ဘက်က လူနဲ့ ရိက္ခာ ထပ်ချ ပေး တယ်လို့ သိရကာ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။“တောင်ခမ်းဘက်က တိုက်ပွဲဖြစ်နေဆဲပဲ။ နစက ဘက်က အခု နောက်ပိုင်း ဆက်တိုက် ဆိုသလို ထိုးစစ်ဆင် နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။စက်တင်ဘာ ၂၃…

Read More

လားရှိုးကို လေကြောင်းနဲ့ ထပ်တိုက်လို့ ဒဏ်ရာရသူ သေဆုံးသူတွေရှိ

စက်တင်ဘာ ၂၄၊ ၂၀၂၄ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၄ ရက်‌ မနက်ပိုင်းမှာ နစက တပ်က ေန လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်တာမှာ တယောက်သေဆုံးပြီး ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၄ လုံး လာကြဲသွားတယ်။ ပထမ ၂ လုံးက ရပ်ကွက် ၂ ထဲက ရထိုက် ဟိုတယ် နဲ့ ဖူလီလိုက် ဟိုတယ်မှာ ကျတယ်။ ၉ ယောက် ထိခိုက် ဒဏ်ရာရတယ်။ အဆောက်အဦးတွေ ပျက်ကုန်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနက် ၁ နာရီ ၃၀ မိနစ်မှာ တလုံး၊ ၁…

Read More

This Day in History

Voice of Myanmarအီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေကာ ဒုတိယမြောက် ယူရေနီယံသန့်စင် စက်ရုံရှိကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင်ကြေညာခဲ့ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲထံ အသိပေးစာတစောင် ပေးပို့ခဲ့သည်။

Read More

တောင်ငူရေဘေး လုံခြုံရေးအခြေအနေအရ ကူညီကယ်ဆယ်ရေး ကန့်သတ်ချက်အချို့ရှိနေ

စက်တင်ဘာ ၂၄ – ၂၀၂၄KG(VOM)ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်အတွင်းမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလုံခြုံရေးအခြေအနေတွေအရ ကန့်သတ်ချက်အချို့ရှိနေတယ်လို့ ဒေသခံတွေနဲ့ရေဘေးသွားရောက်ကူညီလှူဒါန်းကြသူတွေက ပြောပါတယ်။နောက်ဆုံးသတင်းအချက်အလက်တွေအရ တောင်ငူမြို့ပေါ်ရပ်ကွက်အချို့မှာရေပြန်ကျနေပေမယ့် အချို့သောကျေးရွာတွေနဲ့ စစ်တောင်မြစ်ဝှမ်းတလျှောက်ကကျေးရွာတွေမှာတော့ ရေလွှမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီကျေးရွာတွေကိုသွားရောက်ကူညီဖို့အခက်အခဲအချို့ရှိနေသလို ကန့်သတ်မှုအချို့လည်းရှိနေတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ကူညီရေးသမားတွေကပြောပါတယ်။“အခုအချိန်ထိတော့မြို့ပေါ်မှာရေဘေး ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်။ ကေတုမတီမြို့ဘက်ကတော့ ရေကျပြီ၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက လယ်ကွင်းပြင်တွေမှာတော့ရေတွေလွှမ်းနေတယ်ပြောပါတယ်။ အဲဒီဘက်ကတချို့ရွာတွေ ရေမြုပ်နေဆဲလို့ ပြောတယ်။ တချို့ရွာတွေကိုသွားလှူမယ်ဆိုရင်တော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို ချိတ်ဆက်ပြီးသွားလို့ရတယ်။အခုအဲဒီလိုလေးတော့ ထုတ်ပြန်ထား တယ်ကြားတယ်။ တချို့အလှူရှင်တွေလည်းရွာဘက်တွေကိုမသွားတော့ဘဲ အုပ်ချုပ်ရေးအဖွဲ့တွေကိုပဲ လှူခဲ့တာရှိတယ်။ ကြားရတာက တချို့ဘက်တွေက လက်နက်ကိုင် နယ်မြေတွေဖြစ်တော့ အဲဒီဘက်တွေကို အလှူရှင်တွေချည်းပဲ သွားလာဖို့ ကန့်သတ်လိုက်တယ်လို့ကြားရတယ်။ အုပ် ချုပ်ရေးအဖွဲ့တွေကတဆင့် လှူရင်တော့ရတယ်။သူတို့နဲ့ချိတ်ဆက်ပြီးဆောင်ရွက်ရမယ်ပေါ့။အလှမ်းဝေးတဲ့ရွာတွေဆိုအလှူရှင် တွေအနေနဲ့ကိုယ်တိုင်ကိုယ်ကျသွားလှူဖို့ကတော့ခက်ပါတယ်။ မြို့ပေါ်မှာတော့လှူလို့ရတယ်။ အလှူရှင်တွေလည်းတော်တော်များများလာကြတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေလည်းအများကြီးရှိပါတယ်။တချို့လည်းဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီးတော့ ရေဘေးရှောင်ပြည်သူတွေကိုဒီနေ့အထိကူညီစောင့်ရှောက်ပေးနေတာတွေရှိပါတယ်”လို့ တောင်ငူမြို့ဒေသခံတယောက်က VOM ကို ပြောပါတယ်။ဒါအပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာအိမ်တိုင်းလိုလိုရေနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်အထိတောင်ငူမြို့နယ်မှာရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ ကျော်ဖွင့်လှစ်ထားပြီးလူဦးရေ ၅ သောင်းခန့်ရေဘေးခိုလှုံနေရတယ်လို့လည်း…

Read More
VOM News

FREE
VIEW