လားရှိုးကို လေကြောင်းနဲ့ ထပ်တိုက်လို့ ဒဏ်ရာရသူ သေဆုံးသူတွေရှိ

စက်တင်ဘာ ၂၄၊ ၂၀၂၄
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၄ ရက်‌ မနက်ပိုင်းမှာ နစက တပ်က ေန လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်တာမှာ တယောက်သေဆုံးပြီး ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“၄ လုံး လာကြဲသွားတယ်။ ပထမ ၂ လုံးက ရပ်ကွက် ၂ ထဲက ရထိုက် ဟိုတယ် နဲ့ ဖူလီလိုက် ဟိုတယ်မှာ ကျတယ်။ ၉ ယောက် ထိခိုက် ဒဏ်ရာရတယ်။ အဆောက်အဦးတွေ ပျက်ကုန်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မနက် ၁ နာရီ ၃၀ မိနစ်မှာ တလုံး၊ ၁ နာရီ ၃၅ မိနစ်မှာ တလုံး လေကြောင်းနဲ့ ဗုံး ကြဲသွားပြီး ပေါင် ၅၀၀ ဗုံး လို့ သိရတယ်လို့ သူက ပြောပါတယ်။
” နောက်ထပ် ဗုံး ၂ လုံးက ရပ်ကွက် ၂ ပွင့်သစ်အေး အအေးဆိုင် လမ်းကြားမှာ ကျပါတယ်။ Lucky ရွှေဆိုင် အိမ်မှာထိဝာာ။ အဲဒီ အိမ်ရှေ့နားက အမျိုးသမီးတယောက်သေဆုံးသွားတယ်လို့ သိရတယ်။ ထိခိုက်တဲ့ သူတွေ ရှိသေးတယ်လို့ ပြောတယ်။ မသိရသေးဘူး” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
လားရှိုး ရပ်ကွက် ၂ ထဲမှာတော့ တိုက်ပွဲ ကာလမှာ ဗုံး၊ လက်နက်ကြီး အထိအခိုက်မရှိသလောက် နည်းပါးပေမယ့် ဒီနေ့ မှာတော့ လေယာဥ် ဗုံး ၄ လုံး ကျတယ် လို့ သူက ပြောပါတယ်။
လားရှိုးမြို့မှာ ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ဩဂုတ်လ ၃၀ ရက်နေ့ အပါအဝင် အခု စက်တင်ဘာလ ထဲမှာရော လေကြောင်းနဲ့ ၅ ကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်။
Photo Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW