ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၄
ရတီ(VOM)
မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၀န်းကျင်တွင် စမ်းသပ်နိုင်ကြောင်း တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတအိမ်တော် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှင်ဝန်ဆစ်ခ်က မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်နိုင်ခြေ အကဲဖြတ်မှုကို ဝိုင်တီအင်န် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်က ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားက အဆင့်သင့်ပြင်ထားတာဖြစ်ပြီး ဒီအတွက် အသေးစား နျူကလီးယားစမ်းသပ်မှုတခု လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
နျူကလီးယားစမ်းသပ်မှုကို အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီးမှာ ပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ခြေရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲကဆိုပါတယ်။
ယခုလအစောပိုင်းမှာတော့ ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေအတွက် ယူနေရနီယံသန့်စင်စက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ယူရေနီယံတိုးမြှင့်သန့်စင်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို နိုင်ငံတကာက အာရုံစိုက် သိလာစေဖို့ အားထုတ်ကြိုးပမ်းနေပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...