တဲလ်အဗစ်၊ စက်တင်ဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေက တောင်းဆိုတိုက်တွန်းမှုတွေရှိနေပမယ့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကို စစ်အင်အားအပြည့်သုံးပြီး တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမိန့်ထုတ်လိုက်ပါတယ်။
ကြသပတေးနေ့ကပြုလုပ်တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစ ပြင်းထန်ခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့ပါတယ်။
မြို့တော်ဘေရွတ်တောင်ဘက်ရှိ အဆောက်အအုံတခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဒရုန်းတပ်ဖွဲ့အကြီးအကဲ မိုဟာမက်ဆူရာသေဆုံးခဲ့တယ်လို့ ဟဇ်ဘိုလာအဖွဲ့က အတည်ပြုထုတ်ပြန်ထားပြီး နှစ်ဖက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဟဇ်ဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်းနယ်စပ်တွေအပြင် နိုင်ငံအလယ်ပိုင်းထိ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တင်းမာမှုတွေလျှော့ချရေးအတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်၊ ဗြိတိန်၊ အီးယူအပါအဝင် ၁၂ နိုင်ငံက တောင်းဆိုထားကြပါတယ်။
လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်တွေ မပြည့်မချင်း ရပ်တန့်မှာမဟုတ်ကြောင်း၊ အစ္စရေးမြောက်ပိုင်းက ဒေသခံတွေ ဘေးကင်းစွာနဲ့ အိမ်ပြန်နိုင်တဲ့ထိ လုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး မစ္စတာနေတန်ယာဟုနဲ့ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အစ္စရေးအနေနဲ့ ဟဇ်ဘိုလာတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...