လားရှိုးကို လေကြောင်းက ထပ်မံ ဗုံးကြဲပြန်

စက်တင်ဘာ ၂၉၊ ၂၀၂၄
Shy V VOM
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စက်တင်ဘာ ၂၈ ရက်ည ၈ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရလို့ ဝပ်ရှော့ တခု မီးလောင်ပျက်စီး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုးမှာ မနေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ဗုံး ထပ်ကြဲသွားတယ်။ ရပ်ကွက် ၈ မန်ဆူဘက် ရပ်ကွက် ရုံးအနောက်ဘက်က ကား ဝပ်ရှော့မှာ ကျကွဲပြီး မီးလောင်သွားတယ်။ လူ အထိအခိုက် မသိရသေးဘူး။ လားရှိုး မြို့အထွက် မယ်ဟန်ဘက်မှာလည်း ဗုံးကြဲသွားတယ်လို့ သိရတယ်။ ‌အသေးစိပ် မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ရပ်ကွက် ရုံးတော့ မဟုတ်ဘူး။ ရပ်ကွက် ၈ ရပ်ကွက်ရုံးနောက်က ကားဝပ်ရှော့ လို့ ကြားတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က လည်း ပြောပါတယ်။
မနေ့ မနက် အစောပိုင်း ၂ နာရီခွဲ ကျော်ခန့်ကလည်း လားရှိုးမြို့ အထွက် မယ်ဟန် အကျော် နောက်မွန်ရွာမှာ လေကြောင်းနဲ့ ဗုံးကြဲ ခံရလို့ ဒေသခံ တယောက် ခြေထောက် တဖက် ပြတ်သွားခဲ့ပြီး နေအိမ် သုံးလုံးခန့် ပျက်စီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။
မယ်ဟန် နဲ့ နောင်မွန် ဘက်တွေမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရဘူးလို့ ဆိုပါတယ်။
ကိုးကန့် MNDAA ဘက်ကတော့ စက်တင်ဘာ ၂၈ ရက် နံနက် ၂း၃၀ နာရီ နဲ့ ၂း၅၀ နာရီကြားတွင် နောင်မွန်ကို လေကြောင်းမှ ဗုံး အသေး ၁၀ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့လို့ အရပ်သားတယောက်ရဲ့ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားကာ နေအိမ်တွေနဲ့ လမ်းတွေ ပျက်စီးခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
နစကနဲ့ နီးစပ်တဲ့ သူတွေကတော့ MNDAA အပါအဝင် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ လူသစ်စု သင်တန်းပေးနေတဲ့ မယ်ဟန်မှာ လေကြောင်း ဗုံးကြဲခဲ့တာဖြစ်ကြောင်း တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ကနေ စက်တင်ဘာလ ၂၈ ရက်နေ့ အတွင်း လားရှိုးမြို့ ပေါ် စုစုပေါင်း ၈ ရက် ဗုံးကြဲ တိုက်ခိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး လားရှိုးမြို့နယ် မယ်ဟန်၊ နောင်မွန်၊ နမ့်ပေါင်၊ နမ္မ ကျောက်မီးသွေး တွေထဲဘက်မှာလည်း လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာမှာ ထိခိုက်မှု၊ သေဆုံးမှုတွေရှိပြီး နေအိမ် အဆောက်အဦ အများအပြား ပျက်စီးခဲ့ပါတယ်။
Photo Crd# Lashio Reconstruction

Related posts

Leave a Comment

VOM News

FREE
VIEW