စက်တင်ဘာ ၁၂ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူမြို့နယ်နဲ့ အနီးကျေးရွာ အနိမ့်ပိုင်းနေရာတွေမှာ ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် မနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းမှစတင်ပြီး ရေစတင်နစ်မြုပ်နေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။ တောင်ငူမြို့အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်လျှာစွန်း၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ မြင်းဖြူအင်း၊ မြို့ကြီးရပ် စတဲ့ ရပ်ကွက်တွေမှာ ရေစတင် ဝင်ရောက်နေတာဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းကာ ရေတိုးနှုန်း မြန်နေတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “တောင်ငူမှာလည်း ရေတိုးမြန်နေတယ်။ မြို့နယ်အတွင်းက ကျေးရွာ စုစုပေါင်း ၂၀ ထက်မနည်း ရေမြုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ လက်ရှိ ရေမဝင်သေးတဲ့နေရာတွေလည်း အချိန်ရတုန်း ပြင်ဆင် ပြောင်းရွှေ့ထားကြဖို့လိုတယ်။ ဘာမှမဖြစ်နိုင်ဘူးထင်ပြီး မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ကယ်ဆယ်ရေး…
Read MoreMonth: September 2024
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(စက်တင်ဘာ – ၁၂ ရက်၊ နံနက် ၁၀ နာရီ)Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၅၁၃ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား၅၀၆၃၀၅၁ ကျပ်ပြင်ပရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၆၈၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၆၆၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)#နိုင်ငံခြားငွေလဲလှယ်နှုန်း-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ်ပြင်ပပေါက်စျေး-အမေရိကန်ဒေါ်လာရောင်းဈေး – ၅၃၅၀ ကျပ်ဝယ်ဈေး – ၅၂၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၄၀၀၀ ကျပ်ဝယ်ဈေး – ၃၈၀၀ ကျပ်-ယူရိုရောင်းဈေး – ၅၇၆၅ ကျပ်ဝယ်ဈေး –…
Read Moreဂျပန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်အများအပြား မြောက်ကိုရီးယား ပစ်ခတ်
ဆိုးလ်၊ စက်တင်ဘာ-၁၂-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြားကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ဒုံးကျည်တွေဟာ ဂျပန်အထူးစီးပွားရေးဇုန် ပြင်ပရေပြင်မှာ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီး ဒဏ်ရာရတာမရှိဘူးလို့ ဂျပန်ကမ်းခြေစောင့်တပ်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်လာတာပါ။မြောက်ကိုရီးယားဟာ အလေးချိန် ၄ ဒသမ ၅ တန်ရှိ ထိပ်ဖူးအကြီးစားကို သယ်ဆောင်နိုင်တဲ့ နည်းဗျူဟာမြောက် ဒုံးကျည်အသစ်ကို ပြီးခဲ့တဲ့ ဇူလိုက် ၁ ရက်က အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေ ပေးပို့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ အမှိုက်တွေပါတဲ့ မိုးပျံပူပေါင်း ရာပေါင်းများစွာကို ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယားဘက်ကို ပေးပို့လွှတ်တင်ခဲ့ပါတယ်။နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ မကြာသေးမီနှစ်ပိုင်းအတွင်း…
Read MoreThis Day in History
Voice of Myanmarအာကာသနည်းပညာ အားပြိုင်ပွဲတွင် ဆိုဗီယက်ယူနီယံ၏ တိုးတက်ဖြစ်ထွန်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် ၁၉၇၀ ခုနှစ်မတိုင်မီ လကမ္ဘာပေါ်သို့ လူသားတဦးစေလွှတ်ပြီး ဘေးကင်းစွာ ပြန်လာရစေမည်ဟု အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက ၁၉၆၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
Read Moreရန်ကုန် – မန္တလေး မီးရထားလမ်း တံတားတစင်း ရေတိုက်စားပျက်စီးမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နား
စက်တင်ဘာ ၁၂ – ၂၀၂၄ SN (VOM) ရန်ကုန် – မန္တလေး မီးရထားသံလမ်းရှိ တံတားတစင်း ရေတိုက်စားခံရပြီး တံတားသံဘောင်ထောက်တိုင် ပြုတ်ထွက်သွားတဲ့အတွက် ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းမှ စတင်ကာ ရထားခရီးစဥ် ပြေးဆွဲမှုတွေ ယာယီရပ်နားထားရတယ်လို့ မြန်မာ့မီးရထားမှ အသိပေးကြေညာထားပါတယ်။ ပျော်ဘွယ်မြို့ရဲ့ တောင်ဘက် သုံးမိုင်ခန့်အကွာ၊ ကျောင်းကုန်း ကျေးရွာအနီး ရန်ကုန် – မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ် (၂၈၅) အနီး၊ အမှတ် (၁) သံလမ်းပေါ်က သံဘောင်တံတား ထောက်တိုင်တွေ ရေတိုက်စားခံရပြီး ပြုတ်ထွက်သွားတဲ့အတွက် မီးရထားလိုင်း ပြေးဆွဲမှုတွေ ရပ်နားထားရတာဖြစ်တယ်လို့ သိရပါတယ်။ “လူစီးတွေရော၊ ကုန်ပစ္စည်းတင်တဲ့ ရထားတွေရော အကုန် ရပ်နားလိုက်တာလို့ သိရတယ်။ ဘယ်နေ့၊ ဘယ်အချိန် ပြန်ပြေးဆွဲနိုင်မယ် ဆိုတာကိုလည်း မသိရသေးပါဘူး။ အခုအချိန်အထိ…
Read Moreရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အဆုံတံတား ထက်ပိုင်းကျိုးလို့ ကားတွေသွားမရ ဖြစ်နေ
စက်တင်ဘာ ၁၁ – ၂၀၂၄ GG (VOM) ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ် နေပြည်တော် တပ်ကုန်းမြို့နယ်ထဲက အဆုံတံတား ထက်ပိုင်းကျိုးကျ ပျက်စီးသွားတာကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းသွားလာလို့မရတော့ဘဲ ကားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။ ” အဆုံတံတားကျိုးသွားပါပြီ။ မိုးတအားသည်းပြီး တောင်ကျရေတွေကလည်းများ၊ ရေကလည်းတအားအတက်မြန်တဲ့အခြေအနေပါ။ရေတိုက်စားပြီးတံတားက ကျိုးကျသွားတာ။တပ်ကုန်းထဲက ရွာတွေလည်းအရေးပေါ်အကူအညီတွေလိုအပ်နေတယ်။ရေစီးတအားသန်တော့ကယ်ဆယ်ရေးလုပ်ဖို့တောင်ခက်နေတယ်” လို့ တပ်မြို့ခံ တယောက်ကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ ရန်ကုန် – မန္တလေးလမ်းဟောင်းက သွားလာလို့မရတော့သလို တပ်ကုန်းကိုသွားဖို့အတွက်လည်း လမ်းဟောင်းက သွားဖို့အဆင်မပြေတော့တဲ့အတွက် အခြားလမ်းတွေကနေ သွားလာရမယ့်အခြေအနေဖြစ်သွားပါတယ်။ “အရေးပေါ်သွားရမယ်ဆိုရင်တပ်ကုန်းအဝင် Denko ဆီဆိုင်မရောက်ခင် သံလမ်းအကျော်ကနေ ပုဗ္ဗဘက်ကိုတလမ်းရှိမယ်။ တိုးဂိတ်မရောက်ခင် နီလာရိုးမဘေးလမ်းကတလမ်း ရှိပါတယ်။ဒါပေမယ့်ဒေသခံကို လမ်းအခြေနေမေးပြီးမှ သွားတာပိုကောင်းပါတယ်။ အခုရေကတအားကိုတက်ပြီး ရေစီးလည်းကြမ်းနေပါတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိတပ်ကုန်းမြို့နယ် ထဲမှာတောင်ကျရေတွေမြင့်တက်နေလို့ ကင်းသာရွာ၊လက်ပံကုန်းရွာအပါအဝင် ရွာအများအပြားမှာရေကြီး နစ်မြုပ်နေပြီး ခုချိန်ထိ…
Read Moreဒုက္ခသည်တွေ ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေး ပိုမိုတိုးမြှင့်
ဒါကာ၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာသေးမီလတွေအတွင်းက ရိုဟင်ဂျာဒုက္ခသည် ၁၈၀၀၀ ထက်မနည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေးကို ယခင်ကထက် ပိုမိုတိုးမြှင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ရခိုင်ပြည်နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒုက္ခသည်ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။“ ဒုက္ခသည် ထောင်ပေါင်းများစွာ ဒီဘက်ကို ဖြတ်ကျော်လာခဲ့တယ်။ အများအပြားက ဖြတ်ကျော်ဖို့ စောင့်နေကြတယ် ”လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိက သတင်းမီဒီယာတွေကို ပြောပါတယ်။ထောက်ပံ့နိုင်တဲ့ အရင်းအမြစ်နည်းပါးတာကြောင့် နောက်ထပ် ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုထားပေမယ့် ယခုလအတွင်း ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ အစိုးရမျှော်မှန်းထားတာထက် နှစ်ဆများနေပါတယ်။“ နယ်စပ်မှာ သတိထားစောင့်ကြည့်နေရတဲ့ လုံခြုံရေးအခြေအနေ တိုးမြှင့်ထားပေမယ့် မြန်မာနဲ့ ၁၆၈ မိုင်ထိစပ်နေတဲ့ နယ်စပ်ကို စီမံခန့်ခွဲရတာ အထူးသဖြင့်…
Read Moreမြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်း/တောင်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှု ရှိ
စက်တင်ဘာ ၁၁ – ၂၀၂၄ SN (VOM) မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှု၊ တောင်ကျချောင်းရေ လျှံကျမှုတွေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတွေဖြစ်တဲ့ ညောင်ရွှေ၊ ကလော၊ အောင်ပန်းမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနေ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရပ်ကွက်အများအပြား ရေနစ်မြုပ်နေတယ်လို့ ဒေသအခြေစိုက် ကူညီရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ အောင်ပန်းမြို့မှာ ရပ်ကွက်တွေအတွင်း တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့တာမှာ မနေ့ စက်တင်ဘာ ၁၀ ရက်က ငါးနှစ်အရွယ် ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ရေစတင် ဝင်ရောက်တဲ့ရက်မှာပဲ အောင်ပန်းမြို့၊ အမှတ် (၃)…
Read Moreယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ပေးနိုင်တယ်လို့ အမေရိကန် အရိပ်အမြွတ်ပြော
ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ရုရှားကို တိုက်ခိုက်ရာမှာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေအသုံးပြုခွင့် ကန့်သတ်ချက်ကို ရုပ်သိမ်းပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့ ကိဗ်ယက်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ရည်မှန်းချက်တွေ ၊ လိုအပ်ချက်တွေနဲ့ မိမိတို့ ဘာလုပ်ပေးနိုင်လဲဆိုတာတွေကို ယူကရိန်းခေါင်းဆောင်ပိုင်းဆီက တိုက်ရိုက် ကြားသိလိုတယ်လို့ ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။တကယ်လို့ ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေခဲ့တဲ့ ယူကရိန်းရဲ့ ဆန္ဒနဲ့ ကိုက်ညီနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်မပေးပေမယ့် ဒီလိုတာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အလွန်ဆိုးရွားတဲ့ ပြသနာတွေဆီကို ဦးတည်သွားနိုင်တယ်လို့ သမ္မတပူတင်က သတိပေး ပြောဆိုခဲ့ဖူးပါတယ်။Ref:BBCPhoto:Getty Images
Read Moreနေပြည်တော် တပ်ကုန်းမှာ ရုတ်တရက်ရေကြီးလို့ ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ်ကယ်ဆယ်ရေး လိုအပ်
စက်တင်ဘာ ၁၁ – ၂၀၂၄ SS (VOM) နေပြည်တော်၊ တပ်ကုန်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အဆက်မပြတ် ရွာသွန်းနေတဲ့မိုးကြောင့် မနေ့ စက်တင်ဘာ ၁၀ နေ့မှာ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်းနဲ့ တောင်ကျချောင်းရေတွေ မြင့်တက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် ရှောက်ကုန်းရွာ၊ လက်ပံကုန်းရွာ၊ ကင်းသာရွာ၊ မန်ကျည်းပင်ရွာ၊ ချောင်းခွရွာ အပါအဝင် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရမည်းသင်း၊ တပ်ကုန်း ဆည်ကျိုးကျပြီး နေရာတော်တော်များ ရေမြုပ်နေတယ်။ ကင်းသာရွာဘက်မှာလည်း မြေပြိုပြီး လူအသေအပျောက်ရှိတယ်လို့ သိရတယ်။ ရန်ကုန် – မန္တလေး လမ်းဟောင်း နေရာတော်တော်များ ရေမြုပ်နေလို့ ခုချိန် ကားငယ်တွေ လမ်းဟောင်းကနေ ခရီးမသွားသင့်ဘူး” လို့…
Read More