ဗီယက်နမ်မှာ မုန်တိုင်းရာဂီတိုက်ခတ်မှု လူ ၂၁ ယောက်သေပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရ

ဟနွိုင်း ၊ စက်တင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၂၁ ယောက်သေဆုံးပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဟိုဘင့်ချ်ပြည်နယ်မှာတော့ မြေပြိုမှုတခုအတွင်း မိသားစုတခုက အမျိူးသားတယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဇနီး၊ သမီးနဲ့ မြေးနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။လာအိုချိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာတော့ လူ ၁၇ ယောက်အနက် ခြောက်ယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် မြို့တော်ဟနွိုင်းအပါအဝင် ဒေသအတော်များများမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ယခုနှစ်အတွင်း အာရှတိုက်ရဲ့ အပြင်းထန်ဆုံးမုန်တိုင်းလို့ သတ်မှတ်ခံခဲ့ရတဲ့ စူပါမုန်တိုင်း ရာဂီဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာထိ တိုက်ခတ်ခဲ့ပြီး ယခုအခါမှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ပါတယ်။ဒါပေမယ့် မုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်တွေ ရှိသေးတယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက သတိပေးထားပါတယ်။မုန်တိုင်းကြောင့် ငါးဖမ်းသမား တဒါဇင်ပျောက်ဆုံးနေပြီး…

Read More

This Day in History

Voice of Myanamar၁၉၃၄-၃၅ ခုနှစ် တရုတ်တော်လှန်ရေးအပြီးတွင် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်လာခဲ့သော မော်စီတုန်းသည် အသက် ၈၂ နှစ်အရွယ် ၁၉၇၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပေကျင်း၌ ကွယ်လွန်ခဲ့သည်။

Read More

ဖာပွန်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်နေ

စက်တင်ဘာ ၉ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။ လက်ရှိ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လမ်းနဲ့ တံတားတွေ ပျက်စီးသွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာတွေ ရောက်ရှိဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပို့ဖို့ ခက်ခဲနေတယ်။ ထောက်ပံ့မှုတွေလည်း မလုံလောက်တော့ဘူး။ အစားအစာနဲ့ ဆေးဝါးလိုအပ်မှုက အများဆုံးပဲ။ မိုးတွင်းကာလဆိုတော့ ဒီမှာက ငှက်ဖျားဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်တာတော့ရှိပေမယ့် ငှက်ဖျား ဖြစ်တာလောက်တော့ မများဘူး” လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။ ဖာပွန်မှာ ပြီးခဲ့တဲ့ မတ်လအတွင်းကစလို့ နစကတပ်နဲ့…

Read More

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်နေ

ပြုံးယမ်း၊ စက်တင်ဘာ-၈-၂၀၂၄ မျိုးဆက်(VOM) လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်ခင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောကနေပါတယ်။ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဆန်ဂျီလ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံ ပေကျင်းလေဆိပ်မှာ ခေတ္တနားခဲ့ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံအပါဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ အခြား မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာလည်း ဘူလ်ဂေးရီးယားနဲ့ အရှေ့ဥရောပရှိ အခြားနိုင်ငံတွေကို သွားရောက်ဖို့ စေလွှတ်ထားတယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေအောင်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုနှစ် သံတမန်ရေးရာ မူဝါဒမှာ ထည့်သွင်းပြောကြားထားပါတယ်။ ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်း ရုရှား၊ အီရန်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ထားပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်ရှိုင်းစွာ လုပ်ဆောင်နေပြီး ဒါဟာ အမေရိကန် ၊…

Read More

ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ သုံးနှစ်ကျော် ကြာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်မရသေး

စက်တင်ဘာ ၈ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ကျော် ကြာလာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည် မရရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ မြို့နယ်တွေကတော့ တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ဖြစ်ပြီး ပလက်ဝမြို့နယ်ကတော့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာဖြစ်ကာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာလည်း အင်တာနက်အပြင် ဖုန်းလိုင်းတွေပါ ထပ်မံဖြတ်တောက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတော့ သတင်းစီးဆင်းမှု ရပ်တန့်နေတာပေါ့။ အချိန်နဲ့တပြေးညီ ဘာမှ သိခွင့်မရဘူး။ ကောလာဟလ သတင်းတွေကြားမှာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်‌နေရတယ်။ ဒီလိုဖြစ်နေတာ ချင်းပြည်နယ်တခုလုံးလို့ ပြောလို့ရတယ်။ ဟားခါးတခုပဲ ဖုန်းနဲ့…

Read More

အရေးယူ နှိမ်နင်းနေပေမယ့် တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းအများအပြား ဆက်လက်လုပ်ကိုင်နေ

စက်တင်ဘာ ၈၊ ၂၀၂၄Shy V (VOM)ကျားဖြန့် နှိမ်နင်းရေးတွေ လုပ် နေပေမယ့် တာချီလိတ်မှာ လက်ရှိအထိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ် လုပ်ငန်းအများအပြား ဆက်လက်လည်ပတ် လုပ်ကိုင်နေကြဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“တာချီလိတ် မြို့မှာတော့ တရုတ် ကျားဖြန်လုပ်ငန်းများ ဆက်လည်ပတ်နေဆဲပဲ။ အရင်လို အုံလိုက် ကျင်းလိုက် မဟုတ်ပေမယ့် လည်ပတ်နေဆဲပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။တရုတ်နိုင်ငံသား ကျားဖြန်လုပ်သူတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကျွမ်းကျင်သူ ရာထူးကြီးပိုင်းတွေဟာ နယ်ခံအာဏာပိုင်တွေကို လိုင်းကြေး၊ လမ်းကြေး အများအပြား ပေးထားကြတာကြောင့် အဖမ်းအဆီးရှိရင် ကြိုတင်သတင်း ရကြလို့ ကြိုတင် ရှောင်ထားကြတာလို့ သူက ပြောပါတယ်။“ရှန်းလိုက် ဆိုတဲ့ အပန်းဖြေတဲ့ဝန်းမှာ ကျားဖြန့် လုပ်သူတွေ အုပ်စုလိုက် လာဖြုန်းနေကြတာ။ လည်ပတ်သမျှ ကျားဖြန့် တရုတ်တွေ ကို လုံခြုံရေး အပြည့်၊…

Read More

ဗင်နီဇွဲလား အတိုက်အခံသမ္မတလောင်း စပိန်မှာခိုလှုံခွင့်တောင်းပြီး နိုင်ငံကနေ ထွက်ခွာ

ကရာကတ်စ်၊ စက်တင်ဘာ-၈-၂၀၂၄မျိုးဆက်(VOM)ဗင်နီဇွဲလားအတိုက်အခံ သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်ဟာ စပိန်မှာခိုလှုံခွင့်တောင်းခံပြီးနောက် နိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရိုအနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးနောက်မှာ အတိုက်အခံတွေရဲ့သမ္မတလောင်းဖြစ်သူ မစ္စတာဂွန်ဇာလက်ဟာ ဖမ်း၀ရမ်း ထုတ်ခံရတာကြောင့် ပုန်းအောင်းနေခဲ့ရပါတယ်။သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကရာကတ်စ်ရှိ စပိန်သံရုံးမှာ ခိုလှုံခွင့်ရရှိခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ကာ နိုင်ငံတွင်းမှ ထွက်ခွာရေးအတွက်လည်း အာဏာပိုင်တွေနဲ့ သဘောတူညီချက်ရရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။မစ္စတာဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့တောင်းဆိုမှုအရ စပိန်လေတပ်လေယာဉ်တစင်းနဲ့ ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ကြောင်း ၊ စပိန်အစိုးရအနေနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် ကတိကဝတ်ပြုထားတယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ်အယ်လ်ဘာရက်စ်က ပြောပါတယ်။ဂွန်ဇာလက်ဇ်နိုင်ငံတွင်းက ထွက်ခွာသွားတာကို သူ့ရဲ့ ရှေ့နေဖြစ်သူကလည်း အတည်ပြုထားပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ သူနိုင်ငံကနေ ထွက်ခွာသွားချိန်မှာ ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေဟာ အာဂျင်တီးနားသံရုံးကို ဝိုင်းခဲ့ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကြံစည်နေတဲ့ အတိုက်အခံခြောက်ယောက် ခိုလှုံနေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။Ref:BBCPhoto:Reuters

Read More

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ပျက်စီး

စက်တင်ဘာ ၈၊ ၂၀၂၄ Shy V (VOM) MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်း ချုပ်ထားတဲ့ လားရှိုးမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ “နစကဘက်က လေယာဉ်နဲ့နှစ်ခါ လာသွားတယ်။ တခါက သူခိုးတွေခိုးသွားတဲ့ ကားတွေ ပြန်မိလို့ ထားထားတဲ့ မိုးလုံလေလုံ ဘောလုံးကွင်းမှာ လက်နက်ကြီးကျတာ။ ကားတွေထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကားတွေနဲ့ အ ဆောက်အဦတွေ ထိခိုက်ပျက်စီးတယ်လို့ သိရပြီး လူအထိအခိုက်တော့ မကြားရဘူးလို့ သူက ဆိုပါတယ်။ လက်နက်ကြီးကျတာ နှစ်နေရာဖြစ်ပြီး လားရှိုး ရပ်ကွက် ၁၂ ထဲက ရေပူစမ်းသွားတဲ့ လမ်းရှိ…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

စက်တင်ဘာ ၈ – ၂၀၂၄ SN (VOM) အခုတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ နိုင်ငံခြား ငွေလဲနှုန်းတွေနဲ့အတူ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စက်သုံးဆီဈေးတွေကတော့ တဖြည်းဖြည်းချင်း ပြန်တက်နေပြီး ဆီဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူရရှိတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုပဲ အခြေခံ စားသောက်ကုန်ဈေးတွေဟာလည်း အရှိန်ကောင်းကောင်းနဲ့ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက်မှာ စားသုံးဆီ ဝယ်ယူရ ခက်ခဲနေဆဲဖြစ်သလို ဈေးအဆမတန် ကွာဟမှုကြောင့် ရောင်းသူတွေတွေလည်း အခက်တွေ့ရတယ်လို့ သိရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အရင်တပတ်က ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည် တကျပ်သား ဈေးအမြင့်ဆုံး ၇၅ သိန်းဝန်းကျင်အထိ ရှိခဲ့ပေမယ့် အခုတပတ်မှာတော့ ၆၉ သိန်းဝန်းကျင်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။ တပတ်အတွင်း ကျပ် ခြောက်သိန်းလောက် ပြန်လည် ကျဆင်းလာတာ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၇ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် ပြင်ပပေါက်စျေး -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၂၅၀ ကျပ် ဝယ်ဈေး…

Read More
VOM News

FREE
VIEW