ကရာကတ်စ်၊ စက်တင်ဘာ-၈-၂၀၂၄
မျိုးဆက်(VOM)
ဗင်နီဇွဲလားအတိုက်အခံ သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်ဟာ စပိန်မှာခိုလှုံခွင့်တောင်းခံပြီးနောက် နိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရိုအနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးနောက်မှာ အတိုက်အခံတွေရဲ့သမ္မတလောင်းဖြစ်သူ မစ္စတာဂွန်ဇာလက်ဟာ ဖမ်း၀ရမ်း ထုတ်ခံရတာကြောင့် ပုန်းအောင်းနေခဲ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကရာကတ်စ်ရှိ စပိန်သံရုံးမှာ ခိုလှုံခွင့်ရရှိခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ကာ နိုင်ငံတွင်းမှ ထွက်ခွာရေးအတွက်လည်း အာဏာပိုင်တွေနဲ့ သဘောတူညီချက်ရရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
မစ္စတာဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့တောင်းဆိုမှုအရ စပိန်လေတပ်လေယာဉ်တစင်းနဲ့ ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ကြောင်း ၊ စပိန်အစိုးရအနေနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် ကတိကဝတ်ပြုထားတယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ်အယ်လ်ဘာရက်စ်က ပြောပါတယ်။
ဂွန်ဇာလက်ဇ်နိုင်ငံတွင်းက ထွက်ခွာသွားတာကို သူ့ရဲ့ ရှေ့နေဖြစ်သူကလည်း အတည်ပြုထားပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ သူနိုင်ငံကနေ ထွက်ခွာသွားချိန်မှာ ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေဟာ အာဂျင်တီးနားသံရုံးကို ဝိုင်းခဲ့ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကြံစည်နေတဲ့ အတိုက်အခံခြောက်ယောက် ခိုလှုံနေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...