မြောက်ကိုရီးယားကို ထိပါးရင် နျူကလီးယားလက်နက် ထုတ်သုံးမယ်လို့ ကင်ဂျုံအန် သတိပေး



ပြုံးယမ်း၊ အောက်တိုဘာ-၄-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ အချုပ်ခြာအာဏာကို ထိပါးတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေးပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ တံခါး၀မှာ စစ်တပ်အင်အားလာပြီး ကြွားလုံးထုတ်တဲ့ တောင်ကိုရီးယားသမ္မတဟာ ပုံမှန်မဟုတ်တဲ့လူလို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။

“ တကယ်လို့ ရန်သူတွေက မဆင်မချင်မိုက်မဲပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုထိပါးဖို့ စစ်အင်အားသုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ လက်နက်အကုန်သုံးမယ် ” လို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက် ဒါဇင်များစွာ ထုတ်လုပ်ရန် လုံလောက်တဲ့ ယူရေနီယံ ပမာဏရှိတယ်လို့ ယုံကြည်ရပြီး လက်ရှိချိန်ထိ မြေအောက်နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ထားပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW