မော်စကို၊ အောက်တိုဘာ-၅-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ဖယ်ရှားပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားဟာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်က စာရင်းသွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်မယ့် ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ ရုရှားသံအမတ်က ဆိုပါတယ်။
ယမန်နေ့က မော်စကိုမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်သမ္မတတို့ အတူတကွ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာဖဂန်အစိုးရနဲ့အတူ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ထိန်းထားဖို့ လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။
အာဖဂန်မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေအတွက်ဖြစ်ကြောင်း ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။
အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေး ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ တာလီဘန်တို့ရဲ့ တာဝန်ရယူမှုတွေကို အသိအမှတ်ပြုဖို့ အနောက်နိုင်ငံတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
This Day in History
Voice of Myanmarဂျပန်ဧကရာဇ် အာကီဟီတိုသည် ခမည်းတော်ဖြစ်သူ ဟီရိုဟီတို ကွယ်လွန်ပြီးနောက် နှစ်နှစ်နီးပါးအကြာ ၁၉၉၀... -
တောင်ကြီးမှာ လက်နက်ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ၂/မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ဆေးမှု တင်းကြပ်နေ
ZY(VOM) နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ... -
မူဆယ် ကျယ်ဂေါင် – ဆင်ဖြူ ဂိတ်ကနေ ကုန်စည် သယ်ဆောင်ခွင့် ပိတ်လိုက်လို့ ကုန်ပစ္စည်းတချို့ ပြတ်လပ် စျေးတက်
နိုဝင်ဘာ ၁၁၊ ၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် –...