အောက်တိုဘာ ၈ – ၂၀၂၄KKO(VOM)ယခုအောက်တိုဘာလဆန်းပိုင်းအတွင်းမှာ ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းမှု တွေရှိလာပေမယ့် ပြည်တွင်းကားဈေးနှုန်းကတော့ သိသိသာသာကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းအားဖြင့်အမြင့်တန်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။“အခုရွှေဈေးနဲ့ ဒေါ်လာဈေးက ပြည်တွင်းကားဈေးကွက်ကို အများကြီး သက်ရောက်မှုမရှိပါဘူး။ အခုပြည်တွင်းကားဈေးတွေမကျဘူးဆို တာက ကားတင်သွင်းခွင့်မူဝါဒတွေကြောင့် ကားဈေးတွေကအမြင့်တန်းမှာပဲဆက်ရှိနေတာကိုတွေ့ရတယ်။သက်ဆိုင်ဂာအရင်လို ဖရီးပါမစ်ပေးတာတို့ ဦးသိန်းစိန်လက်ထက်ကလို ကားသွင်းခွင့်ပြုတာတွေဆိုရင်တော့ပြည်တွင်းကားဈေးက ကျလာနိုင်တယ်။” လို့ ဝါရင့် ကားဝယ်ရောင်းတယောက်ဖြစ်တဲ့ ကိုဇော်ကြီးက VOM ကိုပြောပါတယ်။ပြည်တွင်ကားဈေးနှုန်းကျဆင်းလာဖို့ဆိုပါက ကားမူဝါဒဆိုင်ရာအပြောင်းအလဲနဲ့ ပြည်ပက Use ကားခေါ် ဂျပန်တပတ်ရစ်ကားများကို ပြည်တွင်းသို့ပြန်လည်တင်သွင်းခွင့်ရရှိမှသာ ပြည်တွင်းကားဈေးက တမျိုးတဖုံပြောင်းလဲလာနိုင်မယ်လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ကိုင်သူတွေကခန့်မှန်းထားကြပါတယ်။“ အခုကကားတင်သွင်းခွင့်ပြုထားပေမယ့် ဘယ်ကိုင်းပဲတင်သွင်းရမယ်၊ ၂၀၂၂ မော်ဒယ်ပဲသွင်းရမယ်ဆိုရင် ကားတန်ဖိုးကမြင့်နေမှာပဲဖြစ်တယ်။မော်ဒယ်မြင့်တော့ ဝယ်ယူရတဲ့ဈေးကလည်းမြင့်တယ်။ဒီက ကားတွေရဲ့ ကားဈေးကျဖို့ဆိုတာကအရင်လို ဂျပန် Use ကားတွေကိုပြန်သွင်းခွင့်ပြုမှပဲရမယ်။ နောက်ပြီးလေလံကားတွေဒါတွေကိုပြန်ချပေးရင်ကားဈေးတွေက တမျိုးလေးဖြစ်လာနိုင်တယ်။ အခုရွှေဈေး၊ဒေါ်လာဈေးကျလည်း ဘယ်သူ့မှကားဈေးကိုချရောင်းတာမျိုးမရှိဘူးလေ”လို့ သူကဆိုပါတယ်။ကားဈေးကျဖို့ဆိုပါက SKD ကားတွေပြည်တွင်းမှာခပ်စိတ်စိတ်လေးပြန်ထုတ်လာနိုင်ရင်တော ့ကားဈေးကျလာနိုင်မယ်လို့လည်း…
Read MoreDay: October 8, 2024
ပင်လည်ဘူးကို ဒေသတွင်းတပ်တွေ ထိန်းချုပ်ထားကြောင်း သတင်းထွက်ပေါ်
အောက်တိုဘာ ၈ – ၂၀၂၄SN (VOM)စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ပင်လည်ဘူးမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ထိန်းချုပ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။KIA/PDF ပူးပေါင်းတပ်တွေအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှ စတင်ကာ ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လနီးပါး ကြာမြင့်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးကျန်နေတဲ့ ပင်လည်ဘူးမြို့မရဲစခန်းကို သိမ်းပိုက်ခဲ့ကာ အဲဒီမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။“ပင်လည်ဘူးက လက်ကျန်စခန်းကို တိုက်ခိုက်ပြီး ဒီမနက်မှာတော့ မြို့ကို အပြီးသတ်သိမ်းလိုက်ပြီလို့ သိရတယ်။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာရှိတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း KIA/PDF ပူးပေါင်းတပ်တွေဟာ…
Read Moreအာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ မြန်မာကိုယ်စားလှယ်တယာက်ကို ပထမဆုံးအကြိမ် စေလွှတ်
ဗီယင်ကျန်း၊ အောက်တိုဘာ-၈-၂၀၂၄မျိုးဆက်(VOM)အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်တယောက်ကို မြန်မာအာဏာပိုင်တွေက စေလွှတ်လိုက်ပြီး ဒါဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အာဆီယံသံတမန် သတင်းရင်းမြစ်တယောက်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ သုံးနှစ်ကျော်ကြာ ကြိုးပမ်းခဲ့ပေမယ့်လည်း ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မပြုဖို့ အာဆီယံအသိုင်းအဝိုင်းက ဆုံးဖြတ်ခဲ့ပြီး မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးနဲ့ မဆက်နွယ်တဲ့ ကိုယ်စားလှယ်စေခြင်းမရှိခဲ့ပါဘူး။လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို မနက်ဖြန်မှာစတင်မှာဖြစ်ပြီး မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတယောက်ကို စေလွှတ်ခဲ့တယ်လို့ အာဆီယံသံတမန်တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ဒါဟာ ဘုံသဘောတူညီချက်ငါးချက်ကို လက်ခံလိုက်တဲ့သဘောဖြစ်ပြီး ဒီတိုင်းနေတာထက် ပြင်ပကအသံတွေ ကြားသိရတာ ပိုကောင်းမယ်ဆိုတာ သူတို့ထင်ကောင်းထင်လာဖွယ်ရှိတယ်လို့ အာဆီယံသံတမန်က သုံးသပ်ပါတယ်။မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ အာဆီယံခေါင်းဆောင်တွေရဲ့…
Read Moreရမ်းဗြဲစစ်ရှောင် သုံးသောင်းကျော် အရေးပေါ်အကူအညီ လိုအပ်
အောက်တိုဘာ ၈ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ရှောင်ပြည်သူ သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။ လက်ရှိ ရမ်းဗြဲမြို့နယ်မှာ ဒေသခံ စစ်ရှောင်တွေအပြင် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့နယ်တွေက စစ်ရှောင်လာသူတွေလည်း ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ “အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပေါ့။ ဒီမှာရှိနေတွေတာက တော်တော်ကို နည်းနေပြီ။ ဘယ်လိုမှ လောက်ငှမှု မရှိတော့ဘူး။ ကုန်းလမ်း၊ ရေလမ်းတွေလည်း ဖြတ်တောက်ထားတော့ ဘာမှလည်း ဝယ်လို့မရဘူးလေ။ စားတာသောက်တာဆိုလည်း ချွေတာနေကြရတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။ လတ်တလောမှာ အဲဒီစစ်ရှောင်တွေကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားပေမယ့်လည်း လုံလောက်မှုမရှိ ဖြစ်နေတယ်လို့…
Read Moreအစ္စရေး ဟိုင်ဖာမြို့ကို ဟဇ်ဘိုလာက ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ် အရှိန်မြှင့်နေ
တဲလ်အဗစ်၊ အောက်တိုဘာ-၈-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရဲ့ တတိယအကြီးဆုံးမြို့ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို မြေပြင်ထိုးစစ်ချဲ့ဖို့ အရှိန်မြှင့်နေပါတယ်။အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ဟာ ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို ဖာဒီ-၁ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၆၅ ကီလိုမီတာအကွာရှိ တီဘီရီယစ်ကိုလည်း နောက်ထပ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါအပြင် ဟိုင်ဖာမြောက်ဘက်ရှိ ဒေသတွေကိုလည်း ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နေ့ ညနေ ၅ နာရီထိ အစ္စရေးပိုင်နက်ထဲကို ဒုံးကျည် ၁၃၅ စင်းလောက် ဝင်ရောက်ခဲ့ပြီး ဟိုင်ဖာမြို့မှာ လူ ၁၀ ယောက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ် ပြုလုပ်နေပြီး နှစ်ဘက်တိုက်ပွဲတွေအတွင်း အစ္စရေးစစ်သား ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နေ့က လက်ဘနွန်နယ်စပ်မြို့ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မီးသတ်သမား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဒါအပြင်…
Read Moreနျူကလီးယား စူပါပါဝါဖြစ်လာဖို့ အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်ပြော
ပြုံးယမ်း၊ အောက်တိုဘာ-၈-၂၀၂၄ရတီ (VOM)မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားစူပါ ပါဝါနိုင်ငံဖြစ်လာဖို့ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်သူကကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ဒီလက်နက်တွေကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဒီနေ့မှာ ဖော်ပြထားပါတယ်။ဒေသတွင်းမတည်မငြိမ်ဖြစ်စေဖို့ အမေရိကန်နဲ့ ပူးပေါင်းနေတဲ့အပေါ် တပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုလ်အမည်တပ်ကာ ကင်ဂျုံအန်က ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားမှာ မဟာဗျူဟာမြောက် လက်နက်တွေမရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။မြောက်ကိုရီးယားကို အဆုံးသတ်မယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတ ပြောဆိုမှုတွေဟာ မဟာမိတ်အမေရိကန်ရဲ့ အစွမ်းအပေါ် လုံးလုံးလျားလျား မျက်ကန်းလို ယုံကြည်နေခြင်းဖြစ်ကြောင်း အမေရိကန်နဲ့တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးကို ကိုးကားပြီး ကင်ဂျုံအန်က ပြောပါတယ်။ရန်သူက ကျူးကျော်တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင်တော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်မှမဟုတ်ဘူးဘဲ နျူကလီးယား စူပါပါဝါဖြစ်လာဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ မသုံးဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထပ်မံသတိပေးခဲ့ပြီး ဒီလက်နက်တွေအသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ…
Read MoreThis Day in History
Voice of Myanmarကျူးဘားတော်လှန်ရေးတွင် ထင်ရေးသော ကွန်မြူနစ်နိုင်ငံရေးသမားနှင့် တောင်အမေရိက ပြောက်ကျားခေါင်းဆောင် ချေဂွေဗားရားသည် ၁၉၆၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ဘိုလီးဗီးယားစစ်တပ်က ပစ်သတ်ခဲ့သည်။
Read Moreတရက်ကို ကင်ဆာလူနာ ၂ဝဝ အထိကုသပေးနိုင်တဲ့ဆေးရုံသစ် ဒဂုံဆိပ်ကမ်းမှာဖွင့်မယ်
အောက်တိုဘာ ၈ – ၂၀၂၄KKO(VOM)ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ တရက်ကို ကင်ဆာလူနာ ၂ဝဝ အထိ ကုသပေးနိုင်တဲ့ ဆေးရုံသစ်ကြီးကို မကြာမီကာလအတွင်း ဖွင့်လှစ်ပေးသွားပြီး ကုသမှုတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ကနဦးအနေနဲ့ အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ တရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး လာမယ့် ဒီဇင်ဘာလမှစတင်လို့ တရက်ကို လူနာ အရေအတွက် ၂၀၀ အထိကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။“လူနာသစ်တွေကို ကုသမှုပေးနိုင်ဖို့စီစဉ် နေပါတယ်။အခုအောက်တိုဘာလကစလို့ လူနာတွေကိုဘေးကင်းလုံခြုံစိတ်ချစွာနဲ့ စိတ်အေးချမ်းသာစွာ ကုသနိုင်ဖို့လုပ်ဆောင်နေပါတယ်။လိုအပ်တဲ့ လူ့စွမ်းအားအရင်း အမြစ်တွေပြည့်ဝစွာထားရှိနိုင်ရေးကိုလည်းစီစဉ်ထားပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။လက်ရှိတွင် အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ ဓာတ်ရောင်ခြည်ကုသစက်တွေနဲ့အတူ တွဲဖက်အသုံးပြုရမယ့် ဓာတ်ရောင်ခြည်ကုသမှုအထောက်အကူပြုစက်(CT Simulator)တပ်ဆင်ခြင်းလုပ်ငန်း တွေကိုဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။စက်တပ်ခြင်းတွေဟာ မကြာမီပြီးစီး တော့မှာဖြစ်တဲ့အတွက် အခုအောက်တို ဘာလ တတိယပတ်မှစလို့ ကနဦးလက်တွေ့သင်ကြားကုသမှုတွေကိုစတင်နိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။လက်ရှိမှာတော့…
Read Moreတောင်ကြီးနဲ့ ညောင်ရွှေမှာ သဘာဝဘေးကြောင့် ကျပ်သိန်းပေါင်း ငါးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့
အောက်တိုဘာ ၈၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု ကျပ်သိန်းပေါင်း ငါးသောင်းကျော် တန်ဖိုးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တလုံးကြီး၊ ပုံးအင်းစတဲ့ ဒေသတွေနဲ့ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့ပေါ်၊ နမ့်ပန်၊ အင်းလေးဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အင်းလေးနဲ့ ပုံးအင်း၊ နမ့်ပန်ကတော့ ရေမကျသေးဘူး။ ကျန်တဲ့နေရာကတော့ ကျသွားကြပြီ။ စပါးခင်းတွေတော့ ရေမြှုပ်နေတုန်းပဲ။ ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်လေး များတယ်။ သိန်း ၅သောင်း ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေနဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ပိုင်ရှင်တွေက စာရင်းပြုစုပြီး တွက်ချက်ထားတာပေါ့။ ဒါတောင်…
Read More