တဲလ်အဗစ်၊ အောက်တိုဘာ-၂၃-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဟဇ်ဘိုလာတပ်မှူး သုံးယောက်နဲ့ တိုက်ခိုက်ရေးသမား ၇၀ ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဟတ်ရှန်ဆာဖီဒင်းကို ဘေရွတ်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ သုံးပတ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သုတ်သက်ခဲ့တယ်လို့ အစ္စရေးကအတည်ပြုပြီးနောက် ဟဇ်ဘိုလာ တပ်မှူးတွေနဲ့ တိုက်ခိုက်ရေးသမားတွေ သေဆုံးမှုကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ ဟဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံတွေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေကို အစ္စရေးတပ်တွေက အကန့်အသတ် ၊ ဒေသအလိုက် ပစ်မှတ်ထားစီးနှင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒီအတောအတွင်း လက်ဘနွန်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တိုင်ရီရှိ ရပ်ကွက်အများအပြားက ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့နဲ့ တနှစ်ကြာ ထိပ်တိုက်ပဋိပက္ခတွေ မြင့်တက်လာပြီးနောက် လက်ရှိမှာတော့ လက်ဘနွန်မှာ ထိုးစစ်တရပ် ဆင်နွှဲနေပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်ပြည်သူ ၁ ဒသမ ၂ သန်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၆၃ ယောက်အပါအဝင် စုစုပေါင်းသေဆုံးသူ ၂၅၃၀ ယောက်ထိ မြင့်တက်လာပါတယ်။
ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဆက်ခံသူ ဆာဖီဒင်းကိုတော့ လွန်ခဲ့တဲ့ သုံးပတ်က ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးမှာ ပြုလုပ်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
Ref:Reuters
Photo:AP
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...