တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဦးဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်

အောက်တိုဘာ ၂၃ – ၂ဝ၂၄
KKO(VOM)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နို၀င်ဘာလအတွင်းမှာ တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးစဉ်သွားရောက်မယ်ဆိုတဲ့ သတင်းတွေဟာ အခုလပိုင်းအတွင်းမှာကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ် ။အဲအပြင်ဗိုလ်ချူပ်မှူးကြီးရဲ့တရုတ်ပြည်ခရီးစဉ်မတိုင်မီမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအပေါ်ကိုကျယ်ပြန့်စွာသုံးသပ်မှု‌တွေလည်းစတင်ထွက်ပေါ်လို့လာခဲ့တာပါ။
ဒီနှစ်ဩဂုတ်လအတွင်းမှာ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော် တွေ့ဆုံပွဲအပြီးမှာ အခုလို သတင်းတွေထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
အခုဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်သွားရောက်မယ်ဆိုတဲ့ တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်ဟာ ခေတ်သစ် တရုတ်- မြန်မာဆက်ဆံရေးကိုစတင်တော့မယ့်အချိန်အခါလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တွေးထင်ယူဆထားကြပါတယ်။
“ဒါကတရုတ်နိုင်ငံခြားရေး၀န်ကြီးရဲ့မြန်မာပြည်ခရီးစဉ်အပြီးမှာစတင်ခဲ့တဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုအသစ်တဖန်ပြန်လည်စတင်လိုက်တယ်လို့ပဲ ယူဆရပါတယ်။ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးကိုစတင်တော့မယ့် အချိန်အခါမှာ ဒီအချက်ကိုလည်းအဓိကထားပြီးဆွေးနွေးရမှာပါ။မြန်မာနဲ့ တရုတ်နှစ်နိုင်ငံလုံးက ကမ္ဘာကြီးရဲ့အရေးကြီးတဲ့အာရှ-ပစိဖိတ်ရပ်၀န်းဒေသမှာယှဉ်တွဲနေထိုင်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဟိုးယခင်ကတည်းက ပြင်ပဖိအားတွေကိုလည်းအတူတူရင်ဆိုင်ခဲ့ရတာဖြစ်တယ်။Win Win Theory အရအတူတူလက်တွဲလုပ်ကိုင်ကြနိုင်မှသာအာရှတိုက်ကြီးဟာငြိမ်းချမ်းစွာနဲ့တည်ရှိမှာဖြစ်ပါတယ်။ဒါမှတရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးဟာလည်းအောင်မြင်လာမှာဖြစ်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့သဘောထားအမြင်ကို မှတ်ချက်ပြု ပြောပြခဲ့ပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးကိုပြန်လည်သုံး
သပ်ရရင် ၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့လောက်ကစပြီးအကြမ်းဖျင်းသုံးသပ်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
၁၉၈၈ ခုနှစ်ပြည်တွင်းမှာ သပိတ်မှောက်မှုပေါင်းစုံနဲ့အတူ ထိုစဉ်ကအုပ်ချူပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရပြုတ်ကျခဲ့ပြီးနောက် မိုင်းယန်း-မဲသဝေါတိုက်ပွဲ ဖြစ်စဉ်‌တွေနဲ့အတူ တည်ဆဲအစိုးရဖြစ်သော SLORC (State Law And Order Restoration Council)နိုင်ငံတော်အစိုးရဟာဘက်စုံအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက တရုတ်၀န်ရဲ့ ခေါင်းဆောင်အကြီးအကဲ မစ္စတာယန်ရှန်ခွန့်ရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်စတင်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ အဲအချိန်ကစလို့ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံကိုဘက်စုံအကူအညီတွေပေးအပ်ခဲ့ပြီး မြန်မာ့တပ်မ တော်ပြန်လည်တည်ဆောက်ရေးအတွက်လည်းဘက်စုံအကူအညီတွေကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတရုတ်-မြန်မာဆက်ဆံရေးကိုလည်းအမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြတာဖြစ်တယ်လို့ သမိုင်းဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်-မြန်မာနှစ်နိုင်ငံဟာအစဉ် အလာအရ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်း နိုင်ငံ‌တွေဖြစ်တယ်လို့ ဆိုထားသလို တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူ၊
ပြည်သားတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ဆိုထားပါတယ်။
အဲအပြင် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း တရုတ်-မြန်မာဆက်ဆံရေးဟာ နီးကပ်စွာတည်ရှိခဲ့တယ်လို့ ပြည်တွင်းရှိဝါရင့်သတင်းစာတယောက်က အခုလိုထပ်မံပြောပြခဲ့ပါတယ်။
“၁၉၈၈ ခုနှစ်ကစတင်တည်ဆောက်လာခဲ့တဲ့တရုတ်-မြန်မာဆက်ဆံရေးဟာ၂၀၁၂ ခုနှစ်ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကလွတ်လာပြီးနောက် တရုတ်သံတမန်အသိုင်းအဝိုင်းနဲ့ NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ကြား မှာလည်း ရင်းနှီးသောဆက်ဆံမှုတွေရှိခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရနောက်ပိုင်း၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ပေါ်ကျော်ကြားမှုကို အသုံးချပြီးတရုတ်နိုင်ငံရေးအသိုင်းအဝိုင်း၊ သံတမန်အသိုင်း အဝိုင်းကိုစည်းရုံးနိုင်ခဲ့တယ်။ တရုတ်အဆင့်မြင့်ခေါင်းဆောင်မစ္စတာရှီကျင်းပင်ကိုယ်တိုင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့ရတယ် ။အဲဒီတရုတ်သမ္မတခရီးစဉ်အတွင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချူပ်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပြီး NLD ခေါင်းဆောင်ပိုင်းတွေဟာ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။
အစပိုင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့မြန်မာ့တပ်မတော်ခေါင်းဆောင်တွေရဲ့ရုရှားနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးကိုမျက်မုန်းကျိူးနေတဲ့ပုံစံကိုတွေ့မြင်ရပေမယ့် တရုတ်- မြန်မာနှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးကိုတရုတ်ဘက်ကအပျက်ခံမှာမဟုတ်သလို မြန်မာဘက်အစိုးရအဖွဲ့ နစက ဘက်ကလည်းဒါကိုပါးပါးနပ်နပ် ကိုင်တွယ်လုပ်ဆောင်လိမ့်မယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေကရှုမြင်ထားကြပါတယ်။
ယခု နစက အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ အပါအဝင် ရုရှားနိုင်ငံ အပါအဝင် ဘီလာရုဇ်နိုင်ငံတို့နဲ့ ရင်းနှီးသောဆက်ဆံမှုတွေရှိထားတာလည်းဖြစ်ပါတယ်။
နစက ဥက္ကဌ ရဲ့ ပြည်ပခရီးစဉ်မှတ်တမ်းတွေကိုပြန်ကြည့်ရင် ပြီးခဲ့တဲ့နှစ်၂၀၂၂ ခုနှစ်၊စက်တင်ဘာလ ၇ ရက်နေ့ မှာ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသမ္မတ ဗလာ ဒီမီယာ ပူတင်နဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။
အဲပြင်အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်မယ့် တရုတ်ပြည်ခရီးစဉ်ဟာလည်း ထူးခြားမှုတစ်စုံတစ်ရာရှိလာနိုင်မယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြတာဖြစ်ပါတယ်။
ဓါတ်ပုံ – တရုတ်နိုင်ငံရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်မှ ပုံရိပ်များ။

Related posts

Leave a Comment

VOM News

FREE
VIEW