MGI 2024 ပြိုင်ပွဲဝင် မြန်မာအလှမယ် သဲစုငြိမ်း တတိယဆု သရဖူ ပြန်အပ်မယ်လို့ သိရ

အောက်တိုဘာ ၂၆ – ၂၀၂၄SN (VOM)ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုငြိမ်းက တတိယဆုသာ ရရှိခဲ့တာကြောင့် မျှတတဲ့ ပြိုင်ပွဲမဟုတ်တဲ့အတွက် သရဖူ ပြန်အပ်မယ်လို့ National Director ထူးအံ့လွင်က ပြောပါတယ်။Miss Grand International 2024 ပြိုင်ပွဲကို (၁၂) ကြိမ်မြောက်အဖြစ် ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံကိုယ်စားပြု အလှမယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီပြိုင်ပွဲမှာ သဲစုငြိမ်းအနေနဲ့ MGI 2024 Crown ဆုအပြင် Miss Popular Vote နဲ့ Country Power ဆုတွေကိုပါ မရရှိခဲ့တဲ့အတွက် ရိုးသားမှုမရှိတဲ့ ပွဲရဲ့လုပ်ရပ်တွေသာဖြစ်တယ်လို့ ND ထူးအံ့လွင်က ပြိုင်ပွဲအပြီးမှာ လူမှုကွန်ရက်တဆင့် Live လွှင့်…

Read More

ရုရှားမှာ ပူတင်နဲ့တွေ့ခဲ့တဲ့ ကုလအကြီးအကဲကို သမ္မတဇီလန်းစကီးက ယူကရိန်း အလာမခံ

ကိဗ်ယက်၊ အောက်တိုဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)ရုရှားကို သွားရောက်ခဲ့ပြီး ပူတင်နဲ့လည်းတွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် ယူကရိန်းသို့ လာရောက်မယ့် ခရီးစဉ်ကို သမ္မတဇီလန်စကီးက ပယ်ချခဲ့ကြောင်း ယူကရိန်းသမ္မတရုံး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။ယခုသီတင်းပတ်အတွင်းမှာ ရုရှားမှာကျင်းပနေတဲ့ ဘရစ်အုပ်စု အစည်းအဝေးကို တက်ရောက်ပြီးနောက် ဂူတာရက်စ်ဟာ ယူကရိန်းကို ဆက်လက်သွားဖို့ အစီအစဉ်ရှိနေခဲ့ပေမယ့် ဒီခရီးစဉ်ကို အတည်မပြုနိုင်ဘူလို့ သမ္မတရုံးတာဝန်ရှိသူကဆိုပါတယ်။ငြိမ်းချမ်းရေးကို ရှေ့မတိုးစေနိုင်တဲ့ ရွေးချယ်မှုဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဂူတာရက်စ်ရဲ့ ရုရှားခရီးစဉ်မတိုင်မီ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။စစ်ပွဲကို လှုံ့ဆော်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ရန်လိုနေတဲ့နိုင်ငံတနိုင်ငံမှာ ကုလသမဂ္ဂအကြီးအကဲ တာဝန်ယူထားတဲ့ နေ့တနေ့ကို ကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ယူကရိန်းမြေပေါ်မှာ လက်ခံဆွေးနွေးဖို့ဆိုတာ ထူးဆန်းနေမှာဖြစ်တယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။၂၀၂၀ ခုနှစ်မှာ ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ရဲ့ ရုရှားခရီးစဉ်အပေါ် ယူကရိန်းပြည်သူတွေရဲ့ ဝေဖန်မှုတွေ…

Read More

မူဆယ် ကနေ နမ့်ခမ်းဘက်အထွက် ပန်ခမ်း တံတားမှာ ကုန်စည်တင်ကား ဖြတ်သန်းခွင့်ပိတ်

အောက်တိုဘာ ၂၆၊ ၂၀၂၄Shy V VOMတရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကနေ နမ့်ခမ်းဘက် အထွက် ပန်ခမ်း တံတားမှာ ကုန်စည်တင်ကား တွေကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ကစဖြတ်သန်းခွင့်ပိတ် လိုက်ကြာင်း ဒေသခံတွဆီက သိရပါတယ်။“‌ ပန်ခမ်း တံတားကနေ ပစ္စည်းတင်ထားတဲ့ ကား‌တွေပေးမဖြတ် တော့ဘူး။ ဒီမနက် က စ ပိတ်တာ။ မနေ့ ညနေပိုင်းတော့ ပေးဖြတ်သေးတယ် ပြောတာပဲ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ထောက်ပို့ လုပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တာလို့ ကြားရမယ့် အတိအကျတာ့ မသိရဘူးလို့ သူက ပြောပါတယ်။“မန့်ဝိန်းပေါက်ကနေလည်း အခုလောလောဆယ် ထွက်လို့ မရ‌‌ဘူး။ ဟိုမှာလေ ကားတွ တန်းစီနေတာ” လို့ ကုန်သည် တယောက်က ပြောပါတယ်။ကုန်တွေကို…

Read More

ရွှေဈေးကွက် အပြောင်းအလဲနဲ့ ပတ်သက်လို့ SOP တွေ ရေးဆွဲနေဆဲ

အောက်တိုဘာ ၂၆ – ၂၀၂၄SS (VOM)ရွှေရောင်းဝယ်ရေးလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ ဖွဲ့စည်းခြင်း စတဲ့ ဈေးကွက် အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ SOP (လုပ်ထုံးလုပ်နည်း) တွေ ရေးဆွဲနေဆဲဖြစ်တယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။နစကအနေနဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ရွှေရောင်းဝယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာကာ အဲဒီ ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလို ဆောင်ရွက်စေတဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို အပ်နှင်းလိုက်တယ်လို့ မနေ့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ဒါအပြင် တဆက်တည်းမှာပဲ ရွှေစျေးနှုန်း တည်ငြိမ်မှန်ကန်စေဖို့ အမိန့်အမှတ် ၃၆/၂၀၂၄ နဲ့ ဓာတ်သတ္တု (ရွှေ)…

Read More

လွိုင်ကော်မှာ ပုံမှန်အတိုင်းပြန်စည်ကားနေပေမယ့် တိုက်ပွဲဖြစ်နိုင်ခြေကြောင့် ဒေသခံတွေ သတိအနေအထား ပြင်ဆင်ထားရ

ZY(VOM)အောက်တိုဘာ ၂၆၊ ၂၀၂၄ကယားပြည်နယ်ရဲ့မြို့တော်၊ လွိုင်ကော်မြို့မှာ ပုံမှန်အတိုင်းပြန်လည်စည်ကားနေပေမယ့် အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တဲ့အတွက် လက်ရှိအချိန်မှာ ပြည်သူတွေဟာ သတိနဲ့ နေနေကြရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။လွိုင်ကော်မြို့ကို နစကတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ပြီးနောက် လက်ရှိအချိန်မှာ တက္ကသိုလ်တွေ၊ ဈေးတွေ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ကာ မြို့တွင်းမှာစည်ကားနေပေမယ့် မြို့နေလူထုက စိတ်ချလက်ချတော့ မနေထိုင်ရဲကြသေးပဲ တိုက်ပွဲပြန်လည်ပြန်လည်ဖြစ်ပွားလာနိုင်တာကြောင့် ဘေးလွတ်ရာရှောင်တိမ်းဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။“လက်ရှိကာလက တည်ငြိမ်မှုမရှိသေးတဲ့ ကာလလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲရှိတဲ့အတွက် လွိုင်ကော်ကို အလုံးစုံပြန်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ တဖက်က ဝင်လာရင် စစ်ရှောင်ဖို့ရာ အဆင်သင့် ပြင်ထားရတယ်။ အရင်လိုတော့ အေးအေးချမ်းချမ်းစိတ်လွတ်ကိုယ်လွတ် မနေရဲသေးဘူး”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဝန်း (လောပိတ)ထဲ ကို ရေတွေ စတင်ဝင်ရောက်လာပြီး လျှပ်စစ်ဓတ်အားပေးစက်တွေ ပျက်စီးခဲ့တာကြောင့် လွိုင်ကော်မြို့ပေါ်မှာလည်း လျှပ်စစ်မီး…

Read More

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၇၀ ကျော်သေပြီး ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေ

မနီလာ၊ အောက်တိုဘာ-၂၆-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း ထရမီကြောင့် သေဆုံးသူ ၇၆ ယောက်ထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ မုန်တိုင်းကြောင့် နှစ်ရက်ဆက်တိုက် စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပေါ်ကာ လူထောင်ပေါင်းများစွာ နေအိမ်တွေကစွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ခှိုလှုံခဲ့ရပါတယ်။ ဒေသခံအများအပြားဟာ အိမ်ခေါင်တွေထိ တက်နေခဲ့ရပြီး ကယ်ဆယ်ရေးအလာကို စောင့်နေခဲ့ရတယ်လို့ ရေဘေးအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဘီကိုးလ်ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ “မိုးရွာတာ နည်းသွားလိုပ ရေကြီးရေလျှံသက်သာမယ်လို့ မျှော်လင့်ရတယ် ”လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း မနေ့ကညနေပိုင်းထိ ကယ်ဆယ်ရေးသမားတွေဟာ ဘီကိုးလ်ဒေသမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ အခက်အခဲတွေ ရှိနေဆဲလို့ သမ္မတ ဖာဒီနန်မားကို့စ်က ပြောပါတယ်။ ဒါက ဘီကိုးလ်ဒေသမှာ အဓိက ရင်ဆိုင်နေရတဲ့ ပြသနာပါ။ ရွှံ့တွေထူထပ်စွာ တင်ကျန်နေပြီး ယခင်မြေပြိုလေ့မရှိတဲ့နေရာတွေမှာပါ မြေပြိုမှုတွေဖြစ်ပွားပြီး သွားလာရေး လက်လှမ်းမမီဖြစ်တေယ်လို့ ဆိုပါတယ်။ မနီလာတောင်ပိုင်း ဘာတန်ဂတ်စ်ပြည်နယ်မှာ…

Read More

အီရန်ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ပြီ

တီဟီရန်၊ အောက်တိုဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)အစ္စရေးဟာ အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ စတင်လိုက်ပြီး မြို့တော်တီဟီရန်အနီးရှိ စစ်အခြေစိုက်စခန်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြပါတယ်။အီရန်ဟာ အစ္စရေးကို အောက်တိုဘာ ၁ ရက်က ပဲ့ထိန်းဒုံးကျည် အစင်း ၂၀၀ နဲ့ တိုက်ခိုက်ခဲ့ပြီး ဒါဟာ ခြောက်လအတွင်း အစ္စရေးကို အီရန်ရဲ့ ဒုတိယမြောက် တိုက်ရိုက် တိုက်ခိုက်မှုလည်း ဖြစ်ပြီး အစ္စရေးကလည်း လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားခဲ့တာဖြစ်ပါတယ်။အစ္စရေးကို အီရန်က လနဲ့ချီပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေအတွက် အစ္စရေးစစ်တပ်ဟာ အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။အီရန်မြေကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တိုက်ခိုက်မှုမှာပါဝင်တဲ့ အီရန်နဲ့ သူ့ရဲ့မဟာမိတ်စစ်သွေးကြွတွေကို တုံ့ပြန်ဖို့ အခွင့်အရေးအပြည့်ရှိတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုအတိုင်းအတာကို ချက်ချင်းမသိရသေးပေမယ့် ဒါဇင်နဲ့ချီတဲ့ တိုက်လေယာဉ်တွေဟာ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ဒီပစ်မှတ်တွေထဲမှာ စွမ်းအင်အခြေခံအဆောက်အအုံနဲ့…

Read More

ရန်ကုန်ရှိ မြို့နယ်တချို့ တတိယအကြိမ် မိုးကြီး၊ ရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့

အောက်တိုဘာ ၂၆ – ၂၀၂၄ SN (VOM) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်ရှိ မြို့နယ်တချို့မှာ မနေ့ အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းက တတိယအကြိမ် မိုးကြီး၊ ရေလျှံပြီး ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။ မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး ရွာသွန်းခဲ့တဲ့မိုးကြောင့် ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ရေကြီးခဲ့ပြီး ကားလမ်း ပိတ်ဆို့မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “တာမွေ အိုးရှင်းစင်တာရှေ့မှာ ရေက တော်တော်ကိုဆိုးတာ။ ကားသေးတွေဆို ရေပေါ်တောင် ပေါလောပေါ်တယ်။ ဘေးကနေ YBS ကားကြီးတွေ ဖြတ်ချိန်ဆို ကားသေးတွေ ရေလှိုင်းရိုက်ခံရပြီး ရေပေါ်မှာ ရွေ့နေကြတယ်။ လမ်းတွေကလည်း တောက်လျှောက်ပိတ်တာ။ ညနေ ၄ နာရီလောက်က အိမ်ပြန်တာ၊ အိမ်ကို…

Read More

This Day In History

Voice of Myanamrတောင်ကိုရီးယားသမ္မတ ပတ်ခ်ချုံဟီးသည် ၎င်း၏ကာလရှည်ကြာ မိတ်ဆွေဖြစ်သူ ကိုရီးယားဗဟိုထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ ကင်ဂျေးကျူ၏ လုပ်ကြံသတ်ဖြတ်မှုကို ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ခံခဲ့ရပြီးနောက် သေဆုံးခဲ့သည်။

Read More
VOM News

FREE
VIEW