တီဟီရန်၊ အောက်တိုဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးဟာ အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ စတင်လိုက်ပြီး မြို့တော်တီဟီရန်အနီးရှိ စစ်အခြေစိုက်စခန်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြပါတယ်။
အီရန်ဟာ အစ္စရေးကို အောက်တိုဘာ ၁ ရက်က ပဲ့ထိန်းဒုံးကျည် အစင်း ၂၀၀ နဲ့ တိုက်ခိုက်ခဲ့ပြီး ဒါဟာ ခြောက်လအတွင်း အစ္စရေးကို အီရန်ရဲ့ ဒုတိယမြောက် တိုက်ရိုက် တိုက်ခိုက်မှုလည်း ဖြစ်ပြီး အစ္စရေးကလည်း လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားခဲ့တာဖြစ်ပါတယ်။
အစ္စရေးကို အီရန်က လနဲ့ချီပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေအတွက် အစ္စရေးစစ်တပ်ဟာ အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
အီရန်မြေကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တိုက်ခိုက်မှုမှာပါဝင်တဲ့ အီရန်နဲ့ သူ့ရဲ့မဟာမိတ်စစ်သွေးကြွတွေကို တုံ့ပြန်ဖို့ အခွင့်အရေးအပြည့်ရှိတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုအတိုင်းအတာကို ချက်ချင်းမသိရသေးပေမယ့် ဒါဇင်နဲ့ချီတဲ့ တိုက်လေယာဉ်တွေဟာ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။
ဒီပစ်မှတ်တွေထဲမှာ စွမ်းအင်အခြေခံအဆောက်အအုံနဲ့ နျူကလီးယားစက်ရုံတွေမပါဝင်ဘူးလို့ အစ္စရေးစစ်တပ်အရာရှိတယောက်ကို ကိုးကားပြီး အင်န်ဘီစီနဲ့ အေဘီစီသတင်းဌာနတို့ ဆိုပါတယ်။
အစ္စရေးဟာ တီဟီရန် အနောက်ဘက်နဲ့ အနောက်တောင်ဘက်ရှိ စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အီရန်အခြေစိုက် သတင်းဌာနအချို့က ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အစ္စရေးအနေနဲ့ အီရန်ကို လက်တုံ့ပြန်ရာမှာ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်တာမျိုး မထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အီရန်ရေနံစက်ရုံတွေကို တိုက်ခိုက်တာမျိုးကိုလည်း စဉ်းစားသင့်တယ်လို့ ပြောဆိုထားပါတယ်။
Ref:CNA
Photo:Reuters
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...