ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာနှစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမယ့် အစီအစဉ်ကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်လိုက်ပြီး တရုတ်ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး ထားရှိခြင်းမရှိပေမယ့် တရုတ်ရဲ့ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အတွက် ခုခံကာကွယ်ဖို့အတွက် တရုတ်ရဲ့ ကန့်ကွက်မှုတွေကြားကပဲ ထိုင်ဝမ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို အမေရိကန် ပေးအပ်နေပါတယ်။
ယူကရိန်းမှာ စမ်းသပ်နေတဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ ပထမဆုံးပေးပို့မှုပါဝင်တဲ့ ဒေါ်လာ နှစ်ဘီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ့် အစီအစဉ်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့နေ့မှာ အတည်ပြုခဲ့ပါတယ်။
ဒီနောက်မှာတော့ လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလာပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ လက်နက်တပ်ဆင်တာတွေကို ရပ်တန့်ဖို့နဲ့ ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...