ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာနှစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမယ့် အစီအစဉ်ကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်လိုက်ပြီး တရုတ်ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး ထားရှိခြင်းမရှိပေမယ့် တရုတ်ရဲ့ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အတွက် ခုခံကာကွယ်ဖို့အတွက် တရုတ်ရဲ့ ကန့်ကွက်မှုတွေကြားကပဲ ထိုင်ဝမ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို အမေရိကန် ပေးအပ်နေပါတယ်။
ယူကရိန်းမှာ စမ်းသပ်နေတဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ ပထမဆုံးပေးပို့မှုပါဝင်တဲ့ ဒေါ်လာ နှစ်ဘီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ့် အစီအစဉ်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့နေ့မှာ အတည်ပြုခဲ့ပါတယ်။
ဒီနောက်မှာတော့ လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလာပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ လက်နက်တပ်ဆင်တာတွေကို ရပ်တန့်ဖို့နဲ့ ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
အိန္ဒိယ လေကြောင်းလိုင်းတွေကို ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါးထိရှိခဲ့လို့ အစိုးရက သတိပေးချက်ထုတ်ပြန်
ဒေလီ၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံမှာ ယခုလအတွင်း လေကြောင်းလိုင်းတွေအပေး ဗုံးခြိမ်းခြောက်မှုတွေ မြင့်တက်ခဲ့ပြီး ခရီးသွားလာမှုနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့... -
1027 နှစ်ပတ်လည်နေ့မှာ နမ့်ခမ်း စခန်းသစ်အနီး နဲ့ လောက်ကိုင်ကို ဗုံးကြဲ
အောက်တိုဘာ ၂၇၊ ၂၀၂၄ Shy V (VOM ) မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ 1027... -
အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ခုခံကာကွယ်ခွင့် ရှိတယ်လို့ အီရန်ထုတ်ပြန်
တီဟီရန်၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့လေးယောက်သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်ပူနေကြချိန်မှာ အီရန်က ခုခံကာကွယ်သွားမယ်လို့...