ဝါရှင်တန်၊ နိုဝင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်သမ္မတရွေးကောက်ပွဲ့နေ သမ္မတဂျိုးဘိုင်ဒင် စောစောစီးစီးနုတ်ထွက်ခဲ့မယ်ဆိုရင် ဒီမိုကရက်တစ်တွေအတွက် ရွေးကောက်ပွဲမှာ အခြေအနေပိုကောင်းနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီက ပြောဆိုလိုက်ပါတယ်။
သမ္မတဘိုင်ဒင်သာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ မြန်မြန်ထွက်ခဲ့မယ်ဆိုရင် တခြားကိုယ်စားလှယ်လောင်းတွေ ရှိကောင်းရှိလာနိုင်တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနကို သူမက ပြောပါတယ်။ လက်ရှိမှာတော့ ပြိုင်ဘက် ရီပတ်ဘလီကန်တွေဟာ သမ္မတရာထူးရယူနိုင်တဲ့အပြင် လွှတ်တော်နှစ်ရပ်စလုံးမှာလည်း အများစုအနိုင်ရထားပါတယ်။
ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပြီးနောက် ဂျိုးဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့ သမ္မတဂျိုးဘိုင်ဒင်ကို ဖိအားပေးမှုတွေမှာ နိုင်ငံရေးဩဇာကြီးမားတဲ့ နန်စီပလိုစီက ဦးဆောင်ခဲ့တယ်လို့ ရှုမြင်ခြင်း ခံထားရပါတယ်။
ဘိုင်ဒင်ဟာ အဲဒီနောက်ပိုင်းမှာတော့ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်ကို ထောက်ခံခဲ့ပါတယ်။ ကမလာဟားရစ်ကတော့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြောင်းနဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ငြိမ်းချမ်းစွာ စနစ်တကျ အာဏာလွှဲပြောင်းရေးကို ကတိပြုကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကတိပြုထားပြီး ထရန့်ကတော့ လက်ရှိမှာ အစိုးရအဖွဲ့ ရာထူးတွေခန့်အပ်နိုင်ရေး လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images
ရွေးကောက်ပွဲ ရှုံးနိမ့်မှု သမ္မတဂျိုးဘိုင်ဒင်ကို အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီ အပြစ်တင်
![](https://voiceofmyanmarnews.com/wp-content/uploads/2024/11/US-3.jpg)