နိုဝင်ဘာ ၂၅၊ ၂၀၂၄
Shy V VOM
ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ဘက် နိုဝင်ဘာ ၂၄ ရက်နေ့ ည ၇ နာရီခွဲကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ပေါင်ကို ကြဲသွားတယ်။ အနည်းဆုံး ဗုံး သုံးလုံးကြဲခဲ့တယ် လို့သိရပါတယ်။ အသေးစိတ် တော့ မသိရသေးပါဗျ။” လို့ နမ့်ပေါင် အနီး နေထိုင်တဲ့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နမ့်ပေါင်ဘက် နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီ ၄၃ မိနစ်က တကြိမ်၊ ၇ နာရီ ၄၉ မိနစ်က တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နမ့်ပေါင်မှာ လေယာဉ်ဗုံး သုံးလုံးကြဲခဲ့တယ် လို့သိရ။ ထိခိုက်ဆုံးရှုံးမှု မသိရသေးပါဘူး။ လေယာဉ်တွေ ရှမ်းမြောက်ဘက် တရစပ်သွားနေတာ။ မနေ့ညပိုင်း။” တန့်ယန်း ဒေသခံ အမျိုးသမီး တယေက်က ပြောပါတယ်။
လက်ရှိ နမ့်ပေါင်ဘက်မှာ ဖုန်း ဆက်သွယ်လို့ မရဘဲ နမ့်ပေါင် ဒေသခံတွေက ဖုန်းလိုင်း ရတဲ့နေရာ ကနေ သူတို့ ဘက်က ဆက်လာမှ ဆက်သွယ်လို့ ရတယ်လို့ သူက ပြောပါတယ်။
နမ့်ပေါင်ကို လေကြောင်း ဗုံးကြဲတာ လားရှိုး အရှေ့ဖက်မိုင် ၂၅ မိုင်အကွာ နမ့်ပေါင်ရွာမှာ ဗုံးကြဲ ရှင်းလင်းတာလို့ နစက နဲ့ နီးစပ်သူေတွက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်၊ စက်တင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ နဲ့ နမ္မ ကျောက်မီးသွေးတွင်းဘက် နစက တပ်ဖွဲ့ ဘက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ဖူးတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...