ဒီဇင်ဘာ ၂၆ – ၂၀၂၄
GG (VOM)
စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်က နေအိမ်တအိမ်မှာ လူသတ်ပြီး ကားလုယက်မှု ဒီနေ့ဒီဇင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
နေအိမ်ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲရာကနေ ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရပြီး ကားကိုလုယက် ယူဆောင်သွားခြင်း ခံခဲ့ရတာဖြစ်ကြောင်း ၊ လက်ရှိမှာ လုယက်သွားတဲ့ကားကိုပြန်လည်တွေ့ရှိထားပေမယ့် ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
” ကြားတာတော့ ပြန်ပေးဆွဲတာကိုမလိုက်လို့ သေနတ်နဲ့ပစ်သတ်တာလေးချက်လို့သိရတယ်။ယူသွားတဲ့ကားကို အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းရှေ့မှာပြန်တွေ့တယ်။မုံရွာ ပလဖ အဖွဲ့ကလည်း သတ်သွားတဲ့သူတွေကိုလိုက်ဖမ်းတယ်။စစ်တပ်ဘက်ကလည်းစစ်ဆေးရင်းနဲ့ သူတို့ချင်းပစ်ခတ်မှုတွေတောင်ရှိခဲ့တယ်။” လို့ ဒေသခံကပြောပါတယ်။
အဆိုပါ လူသတ်ပြီးကားလုယက်မှုဖြစ်စဥ်မှာ အသတ်ခံရသူက အသက်၃၇ နှစ်အရွယ်အမျိုးသမီးဖြစ်ကြောင်း ၊ နစက တပ်ဖွဲ့ဝင်တွေကတော့ကျူးလွန်သူကိုဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
အလားတူမုံရွာမြို့နယ် ပလဖကလည်း လူသတ်မှုးကျူးလွန်သူတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရရှိထားပြီဖြစ်လို့ အမြန်ဆုံးရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်ဆိုပြီး သူတို့ရဲ့လူမှုကွန်ရက် ကနေ အသိပေးထားပါတယ်။
လက်ရှိအထိတော့လူသတ်မှုကျူးလွန်သူတွေကို ဘယ်အဖွဲ့အစည်းကမှ ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။ ၂၀၂၃ ခုနှစ်တုန်းကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်က နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
၂၀၂၂ ဒီဇင်ဘာလတုန်း ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...