ဒီဇင်ဘာ ၂၆ – ၂၀၂၄
CC (VOM)
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ လုယက်မှုဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးအသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ဆိုင်ပိုင်ရှင်ဖြစ်သူ မအေးအိခိုင်က ဆိုင်ဖွင့်နေချိန် ဆိုင်အတွင်းကိုအမျိုးသားနှစ်ယောက်ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းကိုလုယက်ခဲ့တဲ့အပြင် လူကိုပါ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
” မနက်က ဖြစ်တာကို ကျွန်မတို့လည်းဖြစ်ပြီး ရဲတွေဘာညာရောက်မှသိတာ။ ဆွဲကြိုးနဲ့ဖုန်းပါသွားတယ်။လူလည်းသတ်သွားတယ်။ရန်ကင်းစင်တာနဲ့မျက်နှာချင်းဆိုင်ဘက်ကပါ။အလောင်းကိုတော့မနက်က ဆေးရုံကိုပို့လိုက်ကြပြီ။ ပစ္စည်းပဲယူရင်တော်သေးတာပေါ့။အ ခုကလူပါသတ်သွားတယ်။နေရတာကိုမလုံခြုံတော့ဘူး ။ ” လို့ ရန်ကင်းစင်တာအနီးနေထိုင်သူကပြောပါတယ်။
လူသတ် လုယက်မှုဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပေမယ့် ခုချိန်ထိတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းကလည်း လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းနဲ့ အဖွဲ့ဝင် နှစ် ယောက်ဟာပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ... -
ကမ္မမြို့မှာ စစ်ရေးတင်းမာနေလို့ ပြည်သူ သောင်းနဲ့ချီ တိမ်းရှောင်
ဒီဇင်ဘာ ၂၆ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ ကမ္မမြို့မှာ စစ်ရေးအခြေအနေ...