ဒီဇင်ဘာ ၂၇-၂၀၂၄
Voice Of Myanmar
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးနဲ့ နာဂတောင်တွေမှာ ပြည်မကလာတဲ့ ဘိလပ်မြေနဲ့ စားသောက်ကုန်စျေးတွေ အဆမတန်မြင့်တက်လာမှု့ကြောင့် အိန္ဒိယ နိုင်ငံနယ်စပ် နှောက်လှခရိုင်ကနေ တဆင့် နာဂတောင်တန် ခန္တီး ၊လဟယ် နဲ့ ဟုမ္မလင်း ကိုသယ်ယူရောင်းချနေတယ်လို့ ဒေသခံတွေက ေပြာပါတယ်။
စစ်ကိုင်းအထက်ပိုင်းကို စက်သုံးဆီသယ်ခွင့်ပိတ်ပင်တာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်ကြေးတွေများတာကြောင့် အဆမတန်စျေးမြင့်တဲ့ အကြောင်း မော်တော်ပိုင်ရှင်တယောက်ပြောတာက
“ဘိလပ်မြေတွေဆို ဟုမ္မလင်း အထက်ဘက် ဒေသကာကွယ်ရေးအဖွဲ့ေတွက နစက အဖွဲ့ဆီမရောက်အောင် ရွှေပြည်အေးဂိတ်ကနေပိတ်တာ စစ်တပ်ဂိတ်တွေက အပြန်လှန်ပိတ်တာတွေရှိတယ်။ လက်တွေ့မှာ ဘိလပ်မြေဟာ ပြတ်တောက်မှုမရှိပေမယ် စီးပွားရေးသမားတွေရဲ့ လက်ဝါးကြီးအုပ်စျေးတင်ရောင်းလို့ မတရားတက်နေတာ” လို့ပြောပါတယ်။
မန္တလေးမှာ ဘိလပ်မြေတအိတ် တသောင်းခုနှစ်ထောင်က နာဂဒေသမှာ တသိန်းစျေးပေးနေရပြီးဝယ်ရခက် ေတာ့ အိန္ဒိယဘိလပ်မြေက ရှစ်သောင်း လိုသလောက်လွယ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် စျေးချိုတဲ့ အိန္ဒိယ ဘိလပ်မြေကို ဝယ်သုံးနေကြတာပါ။
ဒေသခံ ကုန်သည်က မုံရွာ ကနေ ခန္တီးထိ ကုန်မော်တော်တွေ သွားလာဖြတ်သန်းတဲ့အခါ ကြုံရတာတွေကို ပြောပြတာက
“NUG အဖွဲ့လက်အောက်ခံ ဒေသကာကွယ်ရေးအဖွဲ့ေတွရဲ့ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးတောင်းဆိုတာတွေ ရွှေပြည်အေးမြို့ဂိတ်ရောက်ရင် စစ်ဒေသ(၁) ရဲ့ တားမြစ်ပစ္စည်းဆိုပြီး တားမြစ်တာ စစ်တပ်ဂိတ်တွေကိုလည်း ပေးရတာမို့ ကျန်ကုန်ပစ္စည်းတွေပါ စျေးနှုန်းမြင့်တက်လာတာ ဘိလပ်မြေတအိတ်အတွက် ဂိတ်တဂိတ်ကို ၅၀၀ ကနေ တထောင်ထိ ပေးရတယ်”
လက်တွေမှာ စက်သုံးဆီစျေးနှုန်းက မြန်မာစက်သုံးဆီဆို တပေပါ သိန်း၂၀ အထက် ဝယ်ယူချင်သလောက်ဝယ်မရဖြစ်နေပြီး အိန္ဒိယ စက်သုံးဆီဆိုရင် တပေပါ ကျပ်၁၀သိန်းကျော်ပဲ စျေးပေါက်နေတာကြောင့် အိန္ဒိယ စက်သုံးဆီကို အဓိကထား သုံးနေကြရကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒီလို စက်သုံးဆီအဆမတန်တက်တဲ့အတွက် အခြေခံစားကုန်တွေလည်း မြင့်လာတာမို့ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ စစ်ကိုင်းအထက်ပိုင်းနေသူတွေက VOMကို ပြောပါတယ်။