နိုဝင်ဘာ ၆ – ၂၀၂၄ SN (VOM) ကယားပြည်နယ်မှာ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံ သုံးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ရှားတော၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ဟိုရာ၊ ဒီးမော့ဆို အပါအဝင် မြို့နယ် စုစုပေါင်း ၁၀ မြို့နယ်လောက်မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပြီး အချိန် နှစ်လကျော်ကြာလာတဲ့အထိ လုံလောက်တဲ့အကူအညီတွေ မရရှိသေးဘူးလို့ သိရပါတယ်။ “တချို့မြို့နယ်က ရပ်ကွက်တွေဆို ရေလုံးဝ ပြန်မကျသေးတာတွေရှိတယ်။ ခုထိ ရေဘေးရှောင်စခန်းမှာ နေနေရတုန်း။ ရေကလည်း ရေသေကြီးလိုဖြစ်ပြီး ကျန်ခဲ့တာ။ မော်တာနဲ့ စုပ်ထုတ်မှ ရမယ်ထင်တယ်။ ရေတွေကလည်း အတော့်ကိုညစ်ပတ်နေပြီ။ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးတယ်။…
Read MoreYear: 2024
အရှေ့အလယ်ပိုင်းအရေး တင်းမာနေချိန် အစ္စရေး ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံရ
တဲလ်အဗစ်၊ နိုဝင်ဘာ-၆-၂၀၂၄ ရတီ (VOM) အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလ်လန့်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ ဒီနောက်မှာတောပ နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်၊ မဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်လိုက်တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစားထိုးတာဝန်ယူမည်ဟု နေတန်ယာဟုက ပြောပါတယ်။ စစ်ပွဲကာလအတွင်း ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့အကြား ယခင်ကထက်ပိုပြီး ယုံကြည်မှုအပြည့်အ၀ရှိဖို့ လိုအပ်ပြီး ဂါဇာစစ်ပွဲအစပိုင်းလတွေမှာတော့ ယုံကြည်မှုနဲ့ အကျိုးရှိရှိ အလုပ်လုပ်ခဲ့ကြပေမယ့်လည်း မကြာသေးမီလများအတွင်း ယုံကြည်မှု ပြိုကွဲခဲ့တယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ ကြေညာချက်အပြီးမှာတော့ ဝန်ကြီးချုပ်နေတန်ယာဟု နုတ်ထွက်ပေးဖို့နဲ့ ကာကွယ်ရေးဝန်ကြီးသစ်အနေနဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူအချို့ဟာ အယာလွန် အဝေးပြေးလမ်းမကြီး နှစ်ဘက်စလုံးကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးဟာ…
Read Moreတောင်ကြီးမှာ ဟိုတယ်ဘိုကင်ယူထားပြီး တန်ဆောင်တိုင်လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေ
ZY(VOM) နိုဝင်ဘာ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မယ့်ရက်တွေကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဘိုကင်ကြိုတင်ယူထားပြီးနောက် တန်ဆောင်တိုင် လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။ အဲဒီဘိုကင်အများစုတွေကို လူတစုက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နောက်ဆုံးပါတ်မတိုင်ခင်ကတည်းက ကြိုတင်မှာယူထားတာဖြစ်ပြီး တောင်ကြီးနဲ့ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ခရီးသွားဝန်ဆောင်မှုနဲ့ ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေကို ရှိနေတယ်လို့ သိရပါတယ်။…
Read MoreThis Day in History
Voice of Myanmarအမေရိကန်ပြည်သူများသည် အေဘရာဟမ်လင်ကွန်းကို သမ္မတအဖြစ် ၁၈၆၀ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ပြီး ၎င်းလက်ထက်တွင် အမေရိကန်ပြည်တွင်းစစ်နှင့် ကျွန်စနစ်ကို အဆုံးသတ်ခဲ့နိုင်ခဲ့သည်။
Read Moreအမေရိကန် သမ္မတရွေးကောက်ပွဲ များမကြာခင် စတင်တော့မယ်
ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့သတ်မှတ်ချိန်မတိုင်ခင်လေးမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ဟာ အဓိကမဲဆန္ဒနယ်တွေမှာ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်စံတော်ချိန်အရ ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး မဲန္ဒရှင်တွေဟာ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ကမလာဟားရစ်ကို ရွေးချယ်မလား၊ ကမ္ဘာကို လှုပ်လှုပ်ရှားရှားတွေ ဖြစ်စေခဲ့တဲ့ သမ္မတဟောင်းထရန့်ကို ရွေးချယ်မလား ဆုံးဖြတ်ရတော့မှာပါ။ အမေရိကန်ရဲ့ အရှိန်အဟုန်က မိမိတို့ဘက်မှာရှိနေတယ်လို့ သမ္မတလောင်း ကမလာဟားရစ်က လေဒီဂါဂါ ၊ အော်ပရာဝင်းဖရေး စတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပင်ဆယ်ဗေးနီးယားမှာပြုလုပ်တဲ့ နောက်ဆုံးမဲဆွယ်စည်းရုံးရေးမှာ ပြောပါတယ်။ ဒါဟာ သမိုင်းမှာ အပြင်းထန်ဆုံး ပြိုင်ပွဲဖြစ်ပြီး မဲပေးမှုတိုင်းက အရေးကြီးတယ်လို့ သူမက ပြောပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကတော့ မစ်ရှီဂန်ပြည်နယ်မှာ နောက်ဆုံးမဲဆွယ်ခဲ့ပြီး အမေရိကန်ရဲ့ ဘုန်းတန်ခိုး ပိုတိုးစေရမယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကတော့…
Read Moreနစကဥက္ကဋ္ဌ တရုတ်ခရီးစဉ်ထွက်ခွာပြီးနောက် နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်
နိုဝင်ဘာ ၅ – ၂၀၂၄ SN (VOM) နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က…
Read Moreကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ လွှတ်တင်ပြီ
တိုကျို၊ နိုဝင်ဘာ-၅-၂၀၂၄ ရတီ(VOM) ဂျပန်သုတေသီတွေ တည်ဆောက်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတလုံးကို ဒီကနေ့မှာ အာကာသထဲကို လွှတ်တင်လိုက်ပြီး ဒါဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးတွေမှာ အသုံးပြုဖို့ ကနဦးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်နဲ့ အိမ်ဆောက်လုပ်ရေးကုမ္ပဏီ ဆူမစ်တိုမိုကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတဲ့ LignoSat ဆိုတဲ့ သစ်သားဂြိုဟ်တုကို Space X ရဲ့မစ်ရှင်နဲ့အတူ နိုင်ငံတကာ အာကသစခန်းကို သယ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ အကွာမှာ လွှတ်တင်ခဲ့မှာဖြစ်ပါတယ်။ ဂြိုဟ်တုဟာ ကမ္ဘာမြေပြင်ပမှာ လူသားတွေရှင်သန်နေထိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေရှိနေချိန်မှာ အာကာသထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ လနဲ့ အင်္ဂါဲဂြိုဟ်ပေါ်မှာ သစ်ပင်စိုက်ပျိုးတာ၊ သစ်သားအိမ်တွေဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ် ၅၀ စီမံချက်ရှိထားတဲ့ ဂျပန်သုတေသီအဖွဲ့ဟာ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နာဆာအသိအမှတ်ပြု သစ်သားဂြိုဟ်တုတလုံးတည်ဆောက်ဖို့ကို ဆုံးဖြတ်ခဲ့တာပါ။ အာကာသထဲမှာ…
Read Moreတောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံအလုံးရေ ၂၅၀ ကျော်လွှတ်တင်သွားမယ်
ZY(VOM) နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်သွားမယ့် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ စုစုပေါင်း ၂၅၀ကျော် လွှတ်တင်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မီးပုံးပျံဝါသနာရှင်တွေအနေနဲ့ လာရောက်ကြည့်ရှုလည်ပတ်နိုင်တယ်လို့ သိရပါတယ်။ “ညလွှတ်က အလုံး ၅၀ပါမယ်၊ နေ့လွှတ်က ၂၀၈ လုံးပါဝင်ယှဉ်ပြိုင်မှာပါ။ မီးပုံးပျံပြင်ဆင်မှုတွေကတော့ အားလုံးပြီးစီးနေပြီဖြစ်သလို ပွဲတော်မှာ လွှတ်တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ လွှတ်တင်မယ့် ညမီးကြီး မီးပုံးပျံတွေက ယမ်း…
Read Moreလားရှိုးကို လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၅၊ ၂၀၂၄ Shy V ( VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပြင် မယ်ဟန်ရွာမှာ နိုဝင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်း ၁ နာရီ မထိုးခင်မှာ နစကဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိးမှာ ည သန်းခေါင်ကျော် ၁၂ နာရီခွဲကျော်ခန့်က၊ ဒီမနက် အစောပိုင်း ၁ နာရီ မထိုးခင် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပါတယ်။ မယ်ဟန်ဘက် ကျပါတယ်။ လူမရှိတဲ့ အိမ်မလို့ လူမထိဘူးလို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လေကြောင်းနဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၂ နာရီ ၄၄ မိနစ်မှာ ပထမ အကြိမ်၊…
Read Moreကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင် ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရ
နိုဝင်ဘာ ၅ – ၂ဝ၂၄KKO(VOM)ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။“ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့အခုသိရသလောက်ကတော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။“သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက…
Read More