တဲလ်အဗစ်၊ ဒီဇင်ဘာ-၃-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်ရှိ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ထပ်မံကတိပေးထားပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
အစ္စရေးရဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ဒေသရှိ အစ္စရေးစစ်တပ်ပစ်မှတ်တွေကို မော်တာတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။ အစ္စရေး-လက်ဘနွန်နယ်စပ် အငြင်းပွားရာ ဒေသမှာ ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ သဘောတူညီချက်ကို ချိုးဖောက်ရင် တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ သူက အစောပိုင်းကတည်းက သတိပေးထားပါတယ်။
အခုလို အပြန်အလှန်တိုက်ခိုက်မှုတွေဟာ အစ္စရေး-ဟဇ်ဘိုလာ ၁၃ လကြာ ပဋိပက္ခကို အဆုံးသတ်ရန်ရည်ရွယ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အားနည်းမှုကို ညွှန်ပြနေတာလို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
Ref:BBC
Photo:CNN
Related posts
-
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့... -
HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း... -
တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဖို့ ကချင်ပြည်နယ်နေ့မှာ နစကဥက္ကဋ္ဌ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ရေးအရှိန်မြင့်
ဇန်နဝါရီ ၁၀ – ၂၀၂၅SN (VOM)ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့...