ထိုင်းနဲ့ မလေးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၂ ယောက်သေဆုံးပြီး လူသိန်းချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
မလေးရှားနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် မလေးရှားမြောက်ပိုင်းမှာ လူပေါင်း တသိန်းနှစ်သောင်းကျော်နဲ့ ထိုင်းတောင်ပိုင်းမှာတော့ လူ ၁၃၀၀၀ ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မုန်တိုင်းသတိပေးချက်တွေ ဆက်လက်ရှိနေတာကြောင့် ရေဘေးပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နှစ်နိုင်ငံစလုံးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရပါတယ်။ ရေကြီးမှုကြောင့် ထိုင်းတောင်ပိုင်းမှာ အိမ်ထောင်စု ငါးသိန်းသုံးသော်ကျော် ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးမှုကြောင့် ပြည်နယ်ခြောက်ခုမှာ အရေးပေါ်အခြေအနေကို ကြေညာထားပါတယ်။ အစိုးရက ပြည်နည်တခုချင်းစီအတွက် ရေးဘေးကယ်ဆယ်ရေးအဖြစ် ဘတ်သန်း ၅၀ သုံးစွဲပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထရောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။
မလေးရှားမှာတော့ ထိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အရှေ့မြောက်ဘက် ကီလန်တန်ပြည်နယ်မှာ အဆိုးရွားဆုံး ဖြစ်ပွားနေပြီး ဘေးလွတ်ရာရွှေ့ပြောင်းရသူ စုစုပေါင်းရဲ့ ၆၃ ရာခိုင်နှုန်းရှိတယ်လို့ မလေးရှား သဘာ၀ဘေးအန္တရာယ်အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW