ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ

မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေရှိ နိုင်ကြောင်း သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။မက်စ်ဘာတီပြည်နယ် ဆန်ပတ်စကူရယ်ကမ်းလွန်ကနေ ကိုးကီလိုမီတာအကွာရေပြင်ကနေ အဲဒီမောင်းသူမဲ့ရေအောက်ဒရုန်းကို ငါးဖမ်းသမားသုံးယောက်က ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။HY-119 လို့ဖော်ပြထားတဲ့ အဝါရောင်မောင်းသူမဲ့ယာဉ်ဟာ နှစ်မီတာရှည်လျားပြီး ဘေးတောင်ပံတွေနဲ့အတူ တော်ပီဒိုပုံသဏ္ဍာန်ရှိတယ်လို့ ပြောပါတယ်။ အာရုံခံကိရိယာ၊ ကင်မရာတခုပါဝင်ပြီး စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်းတွေအတွက် အသုံးပြုနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ဒီရေအောက်ဒရုန်းမှာ လက်နက်တွေတပ်ဆင်မထားဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ရေအောက်ဒရုန်းကို ဖိလစ်ပိုင်ရေတပ်ထံ လွှဲပြောင်းပေးခဲ့ပြီး ရေတပ်အာဏာပိုင်တွေကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးသလို မနီလာရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်ဆိုင်ရာအခွင့်အရေးအပြင် သန္တာကျောက်တန်း၊ ကျွန်းငယ်တွေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ဒါအပြင် တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် ဒေသအားလုံးနီးပါးကို…

Read More

နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။“ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲဝန်ထမ်းဟာ အေလာမှာ တာဝန်ကျနေသူဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကျောင်းဆရာမတယောက် ဖြစ်တယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊…

Read More

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး

ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ နယ်စပ်ခြံစည်းရိုးကာရံတာ ပြီးစီးသွားပြီးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ဒီနယ်စပ်ခြံစည်းရိုးနဲ့အပြိုင် လမ်းဖောက်လုပ်မှုတွေကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပြီး ဒါဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးဖို့၊ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ သွားရေးလာရေးနဲ့ ဒေသတွင်း ကင်းလှည့်မှုတွေကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။အိန္ဒိယနဲ့မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ၁၆၀၀ ကီလိုမီတာထိ ထိစပ်နေပြီး မဏိပူရအပါအဝင် မြောက်ပိုင်းပြည်နယ်လေးခုနဲ့လည်း နယ်နိမိတ်ထိစပ်နေပြီး ဒီဒေသတွေဟာ မူးယစ်ဆေးဝါး၊ လူမှောင်ခိုနဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေတွေဖြစ်ပါတယ်။ပြည်နယ်လေးခုထဲမှာ အာရူနာချယ်ပြည်နယ်က မြန်မာနဲ့ ကီလိုမီတာ ၅၂၀ ၊ နာဂါလန်းက ၂၁၅ ကီလိုမီတာ၊ မဏိပူရက ၃၉၈ ကီလိုမီတာနဲ့ မီဇိုရမ်က ၅၁၀ ကီလိုမီတာ ထိစပ်နေပါတယ်။ လက်ရှိတည်ဆောက်ပြီးတဲ့ နယ်စပ်ခြံစည်းရိုးအပြင် နောက်ထပ်ကာရန်ဖို့ကျန်နေတဲ့ ကီလိုမီတာ ၁၄၀၀ ကျော်ကို နယ်နိမိတ် သတ်မှတ်တာတွေ…

Read More

ရုရှားရဲ့ဓါတ်ငွေ့တွေ ယူကရိန်းကိုဖြတ်ပြီး အီးယူနိုင်ငံတွေကို တင်ပို့မှု ရပ်ဆိုင်း

ကိဗ်ယက်၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)ရုရှားဓါတ်ငွေ့တွေကို ယူကရိန်းကတဆင့် ဥရောပနိုင်ငံတွေကို ဖြန့်ဝေမှု ငါးနှစ်သဘောတူညီချက် ကုန်ဆုံးပြီးနောက် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့တဲ့ ဒီပေးပို့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ယူကရိန်းပြည်သူတွေရဲ့သွေးတွေနဲ့ရင်းပြီး ရုရှားအတွက် နောက်ထပ် ဘီလီယံများစွာ ဝင်ငွေတွေကို ခွင့်မပြုတော့ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ပိုလန်အစိုးရကတော့ ဒီလိုဖြတ်တောက်နိုင်မှုဟာ ရုရှားအပေါ် နောက်ထပ်အောင်ပွဲလို့ ဆိုပါတယ်။အီးယူကတော့ ဒီအပြောင်းအလဲအတွက် ပြင်ဆင်ထားပြီး ဥရောပနိုင်ငံအများစု ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့မော်လ်ဒိုဗာနိုင်ငံဟာလည်း ဓါတ်ငွေ့ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ရုရှားဟာ လက်ရှိမှာတော့ ပင်လယ်နက်ကိုဖြတ်ပြီး တာ့ခ်စထရင်းပိုက်လိုင်းကတဆင့် ဟန်ဂေရီ၊ တူရကီနဲ့ ဆားဘီးယားတို့ကို ဓါတ်ငွေ့တင်ပို့နိုင်ပါသေးတယ်။ ရုရှားကုမ္ပဏီ ဂတ်ဇ်ပရွမ်ကလည်း ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှာ ဓါတ်ငွေ့တင်ပို့မှုတွေ ရပ်တန့်ခဲ့တာကို အတည်ပြုထုတ်ပြန်ထားပါတယ်။ရုရှားဟာ ၁၉၉၁ ခုနှစ်ကတည်းက ယူကရိန်းကိုဖြတ်ပြီး ဥရောပနိုင်ငံတွေကို ဓါတ်ငွေ့တင်ပို့ ရောင်းချခဲ့ပါတယ်။ ယူကရိန်းရဲ့ ပိတ်ပင်မှုကြောင့် ရုရှားအနေနဲ့…

Read More

အမေရိကန်မှာ လူအုပ်ထဲ ထရပ်ကားနဲ့ဝင်တိုက်လို့ ၁၅ ယောက်သေပြီး ၃၅ ယောက်ဒဏ်ရာရ

ဝါရှင်တန်၊ ဇန်နဝါရီ-၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မှာ လူအုပ်ထဲကို ထရပ်ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပြီး ၃၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ကပ်ထရပ်ကားကို အရှိန်ပြင်းပြင်းမောင်းနှင်တိုက်ခိုက်ခဲ့တဲ့ သံသယရှိသူဟာ တက္ကဆက်ပြည်နယ်မှ အသက် ၄၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ရှန်ဆက်ဒါဂျာဘာဆိုသူဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထရပ်ကားပေါ်မှာ အိုင်အက်စ်အဖွဲ့ရဲ့အလံတွေ့ရှိခဲ့ပြီး တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်မှုဟာ တယောက်တည်းလုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။ ရဲတပ်ဖွဲ့ဟာ ထရပ်ကားပေါ်နဲ့ အခင်းဖြစ်ရာနေရာအနီးမှာ ဖြစ်နိုင်ခြေရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုမတိုင်ခင် နာရီပိုင်းအလိုမှာ သံသရှိသူဟာ အိုင်အက်စ်တွေရဲ့ လွှမ်းမိုးမှုနဲ့အတူ သတ်ဖြတ်လိုနေကြောင်း လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ သံသယတရားခံ ရှန်ဆက်ဒါဂျာဘာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာနှင့် သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်သူအဖြစ်…

Read More

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း လမ်းတွေမှာ စစ်ဆေးရေးတင်းကြပ်ပြီး လမ်းကြေး အများအပြား ပေးဆောင်ရ

ဇန်နဝါရီ ၂၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း လမ်းတွေမှာ နစကဘက်က စစ်ဆေးရေး တင်းကြပ်ထားပြီး အိမ်စီးကား‌လည်း လမ်းကြေး နေရာ အများအပြား ပေးဆောင်ရ‌ကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။ “မိုင်းရယ် ကနေ တောင်ကြီးကြား လမ်းတလျှောက် နစက စစ်ဆေးရေးဂိတ်တွေ အရမ်းများတယ်။ အပြန်ကျရင် ထောက်ခံစာ ယူခဲ့လို့ ပြောလိုက်ပေမယ့် ကိုယ့်နေရာ ဒေသ မဟုတ်တဲ့နေရာက ထောက်ခံစာ ယူဖို့ မဆင်မပြေဘူးလေ။ ဟိုဘက်ကလည်း မသိတဲ့ သူတွေကို ထောက်ခံပေးပါ့မလား၊ ထောက်ခံပေးရင် တခုခုဆို သူတို့ တာဝန်ခံရမှာလေ။ အဲလို‌ဆိုတော့ ခရီးသွားရတာ ခက်ခဲတယ်” လို့ ခရီးသွား တယောက်က ပြောပါတယ်။ ထောက်ခံစာ မရခဲ့ပေမယ့် ဆေးခန်းသွားပြတဲ့ လက်မှတ် ပါတာကြောင့်သာ အဆင်ပြေခဲ့တယ်လို့ သူက…

Read More

လားရှိုးမှာ အခွန်နဲ့ မီတာခတွေ စတင် ကောက်ယူတော့မယ်

ဇန်နဝါရီ ၂၊ ၂၀၂၄Shy V VOMကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ၂၀၂၅ နှစ်ဆန်းကစပြီး အခွန်တွေ နဲ့ မီတာခ တွေစကောက် တော့မှာ ဖြစ်ေကြာင်း ဒေသခံတွဆီက သိရပါတယ်။“လားရှိုးမှာ မီး မရတဲ့ ရပ်ကွက် ေတွလည်း ဒီဇင်ဘာ လကုန်ပိုင်း ကတည်းက စရပြီ။ မီတာခ ကတော့ နှစ်ကုန်တဲ့ အထိ မကောက်ဘူး။ နှစ်ဆန်း ကနေ စကောက်မယ်လို့ ကြားတယ်။ မီတာခ တယူနစ်ကို ကျပ် ၁၅၀၀ လို့လည်း ကြားေနတယ်” လို့ ဒေသခံ အမျိုး သမီး တေယာက်က ပြောပါတယ်။တချို့ ရပ်ကွက် တွေမှာတော့ လျှပ်စစ် မီး ရတာ သုံး၊ လေး လ ရှိပြီ ဖြစ်ပေမယ့် မီတာခ ကောက်ခံတာမျိုး…

Read More
VOM News

FREE
VIEW