ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ နယ်စပ်ခြံစည်းရိုးကာရံတာ ပြီးစီးသွားပြီးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီနယ်စပ်ခြံစည်းရိုးနဲ့အပြိုင် လမ်းဖောက်လုပ်မှုတွေကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပြီး ဒါဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးဖို့၊ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ သွားရေးလာရေးနဲ့ ဒေသတွင်း ကင်းလှည့်မှုတွေကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနဲ့မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ၁၆၀၀ ကီလိုမီတာထိ ထိစပ်နေပြီး မဏိပူရအပါအဝင် မြောက်ပိုင်းပြည်နယ်လေးခုနဲ့လည်း နယ်နိမိတ်ထိစပ်နေပြီး ဒီဒေသတွေဟာ မူးယစ်ဆေးဝါး၊ လူမှောင်ခိုနဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေတွေဖြစ်ပါတယ်။
ပြည်နယ်လေးခုထဲမှာ အာရူနာချယ်ပြည်နယ်က မြန်မာနဲ့ ကီလိုမီတာ ၅၂၀ ၊ နာဂါလန်းက ၂၁၅ ကီလိုမီတာ၊ မဏိပူရက ၃၉၈ ကီလိုမီတာနဲ့ မီဇိုရမ်က ၅၁၀ ကီလိုမီတာ ထိစပ်နေပါတယ်။ လက်ရှိတည်ဆောက်ပြီးတဲ့ နယ်စပ်ခြံစည်းရိုးအပြင် နောက်ထပ်ကာရန်ဖို့ကျန်နေတဲ့ ကီလိုမီတာ ၁၄၀၀ ကျော်ကို နယ်နိမိတ် သတ်မှတ်တာတွေ ပြီးစီးခဲ့ပြီး ဆောက်လုပ်ရေးအတွက် ကနဦးစီမံချက်နှစ်ခုနဲ့ စတင်နေပြီလို့ဆိုပါတယ်။
ဒီထဲက ၂၀ ဒဿမ ၈၆၂ ကီလိုမီတာအရှည်ရှိ ခြံစည်းရိုးကာရန်ဖို့ကို နယ်စပ်လမ်းတံတားအဖွဲ့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာဝန်ပေးခဲ့ပြီး လုပ်ငန်းတွေစတင်နေပြီလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:ANI
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...