၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်

ဇန်နဝါရီ ၄ – ၂၀၂၅ GG (VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံ မယ့်မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့ ညီလာခံကိုယ်စားလှယ် ၂၄၉ ယောက်ကိုဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်တာဖြစ်ကြောင်း နစကရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားပါတီတွေကနိုင်ငံရေး ခေါင်ဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပြင် မွန်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကတို့ကို နစကမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်နေပါတယ်။ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရတဲ့အထဲမှာ ဦးခွန်ထွန်းဦး အပါအဝင် လူပုဂ္ဂိုလ်အချို့ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ” အမျိုးသားညီလာခံမှာ တက်ခဲ့တဲ့သူတွေဆိုပြီးအကြောင်းပြထားတယ်။ အမျိုးသားညီလာခံကနေ နေအခြေခံမူတွေချမှတ်ခဲ့တယ်။ အဲဒီတုန်းက ဦးစိုင်းညွန့်လွင်တို့ဦးခွန်ထွန်းဦးတို့ပါတီက တောက်လျှောက်ကန့်ကွက်ခဲ့တာ။ သတ်မှတ်တာတို့စနစ်တွေပေါ့။ အမျိုးသားညီလာခံမှာတက်တဲ့သူတိုင်းလည်း မဟုတ်ဘူး။ညီလာခံမှာတက်ခဲ့ပြီး အခုလတ်တလောငွေဆောင်အစည်းအဝေးမှာ တက်ခဲ့တဲ့ဆက်နွယ်သူတွေကို ပေးလိုက်တာတွေ့ရတယ်။ တမင်ပေးတယ်ထင်တယ်။ အရင်ကထူးချွန်ပထမ၊ဒုတိယ၊တတိယဆုတွေဆို သေတဲ့သူတွေမပေးဘူး။ အခုကသေတဲ့သူတွေပါလာတယ်။…

Read More

နစက လွတ်ငြိမ်းချမ်းသာမှာ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လွတ်မြောက်လာ၊ နိုင်/ကျဉ်း ၆၀၀ သာပါဝင်တဲ့အပေါ် ဝေဖန်မှုရှိ

ဇန်နဝါရီ ၄ – ၂၀၂၅GG (VOM )နစကရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အကျဥ်းသား ၆၀၀၀ နီးပါးထဲမှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ သာလွတ်မြောက်ပါဝင်တယ်လို့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။အဆိုပါ လွတ်ငြိမ်းခွင့်နဲ့လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဥ်းသားတွေထဲမှာ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ပါဝင်ပြီး လွတ်မြောက်လာတယ်လို့သိရပါတယ်။“ပြစ်မှုခုနှစ်ခုမှအပ ကျန်တဲ့ပြစ်မှုတွေကိုပြစ်ဒဏ်ရဲ့၆ပုံ၁ပုံလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။အကျဉ်းသား ၅၈၆၄ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီထဲမှာတော့ ၅၀၅ နဲ့တရားစွဲခံခဲ့ရတဲ့ ၆၀၀ ဦးပါဝင်မယ်။နိုင်ငံခြားသား၁၈၀ လွတ်ငြိမ်းပေးခဲ့ပါတယ်။ထိုင်းနိုင်ငံသားများပါတယ်။ပြီးရင်တော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း လွတ်/ ငြိမ်းထဲမှာ ပါဝင်လာပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ်တရားလွှတ်တော်က ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်…

Read More

NCA အဖွဲ့တချို့ ကတိချိုးဖောက်မှုရှိနေ၊ လာမယ့် ရွေးကောက်ပွဲ အနိုင်ရအစိုးရကို အာဏာလွှဲမယ်လို့ နစက ဥက္ကဌ ပြော

ဒီဇင်ဘာ ၄ – ၂၀၂၅KKO(VOM)လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့ နစက ဥက္ကဌက ယနေ့ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ကတိပြုလိုက်ပြီး NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)အချို့က NCA ပါ ကတိကဝတ်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရတယ်လို့လည်း ဆိုပါတယ်။နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ကိုလည်း နစက ဥက္ကဌ က လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သူရဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကိုအောင်မြင်စွာ ကျင်းပဖို့ ဖြစ်ပါတယ်။စည်းစနစ်ကျနပြီး တရားမျှတတဲ့ သိက္ခာရှိတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်စေဖို့နဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကတိပြု ပြောကြားလိုပါတယ်”လို့ နစက ဥက္ကဌ က က…

Read More

သရုပ်ဆောင် သင်ဇာဝင့်ကျော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ

ဇန်နဝါရီ ၄ – ၂၀၂၅ GG (VOM) ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ဒီနေ့ ဇန်နဝါရီ ၄ရက် ၊လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပြီဖြစ်တယ်လို့ နီးစပ်သူတွေနဲ့အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။ ထောင်ဒဏ် ငါးနှစ်ချခံထားရတဲ့သင်ဇာဝင့်ကျော်ဟာ ထောင်ထဲမှာ နှစ်နှစ်ကျော် အကျဥ်းကျခံရပြီးနောက်မှာ နစကရဲ့ ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အကျဥ်းသားတွေထဲမှာ ပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်။ ” အစ်မပြန်လွတ်ပါပြီ။အိမ်ရောက်ပြီပြောတယ်။အင်းစိန်ထောင်ကနေပြန်လွတ်လာတာပါ ။ ” လို့ မိသားစုနဲ့နီးစပ်သူကအတည်ပြုပြောပါတယ်။ သင်ဇာဝင့်ကျော် ပြန်လွတ်လာတဲ့အပေါ် ကို အနုပညာရှင်အများအပြားနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကလည်းဝမ်းသာကြောင်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြနေကြပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့အမှုဖွင့်တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီနောက် ဒီဇင်ဘာလမှာ သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။…

Read More

အကျဉ်းသား ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တသက် ပြစ်မှုအချို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ လျှော့ပေး

ဇန်နဝါရီ ၄ – ၂၀၂၅ SS (VOM) (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအမှု၊ မူးယစ်မှုနဲ့ အဂတိအမှုတွေမှအပ တည်ဆဲဥပဒေ တရပ်ရပ်အရ ပြစ်ဒဏ်ကျခံနေသူတွေကို ၎င်းတို့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ၊ တပုံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာဖြစ်တယ်လို့ နစက က…

Read More

နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၅မျိုးဆက်(VOM)သမ္မတတွေကို စွပ်စွဲပြစ်တင်မှုနဲ့အတူ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်မှာ သွားရောက်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။စွပ်စွဲပြစ်တင်ခံရမှုကြောင့် ရာထူးကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးနိုင်ရေး မနေ့ကကြိုးပမ်းခဲ့ပေမယ့် သမ္မတလုံခြုံရေးအဖွဲ့နဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းမယ့်အစီအစဉ် အထမမြောက်ခဲ့ပါဘူး။ဘလင်ကင်ရဲ့တောင်ကိုရီးယားခရီးစဉ်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကျမ်းသစ္စာမကျိန်ဆိုမီ နောက်ဆုံးနိုင်ငံတကာ ခရီးစဉ်ဖြစ်လာနိုင်ပြီး သူဟာ ဂျပန်နဲ့ ပြင်သစ်တို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။တောင်ကိုရီးယားဟာ အမေရိကန်အတွက် အရေးပါတဲ့ လုံခြုံရေးမဟာမိတ်ဖြစ်ပြီး သမ္မတယွန်းဆွတ်ခ်ယိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပေါ် အမေရိကန်က စိုးရိမ်နေပါတယ်။ဘလင်ကင်ဟာ ဇန်နဝါရီ ၆ ရက်မှာတော့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေယူလ်နဲ့ တွေ့ဆုံမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ၊ မြောက်ကိုရီးယားအရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ…

Read More

ဗန်းမော်တိုက်ပွဲ တလခန့် ကြာမြင့်လာပြီး ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၅ – ၂၀၂၅SN (VOM)ကချင်ပြည်နယ် (တောင်ပိုင်း)၊ ဗန်းမော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာတော့ အချိန်တလခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတချို့ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခြေလျင်တပ်ရင်း (ခလရ – ၄၇) အပါအဝင် မြို့ရှိ နစကတပ်ရင်း ဌာနချုပ်တွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သလို နစကဘက်ကလည်း လေကြောင်းပစ်ကူတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။“တိုက်ပွဲက ပိုဆိုးလာတယ်ပဲ ပြောရမယ်။ ဘုန်းကြီး‌ကျောင်း၊ ဆေးရုံ၊…

Read More
VOM News

FREE
VIEW