ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)
သမ္မတတွေကို စွပ်စွဲပြစ်တင်မှုနဲ့အတူ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်မှာ သွားရောက်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
စွပ်စွဲပြစ်တင်ခံရမှုကြောင့် ရာထူးကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးနိုင်ရေး မနေ့ကကြိုးပမ်းခဲ့ပေမယ့် သမ္မတလုံခြုံရေးအဖွဲ့နဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းမယ့်အစီအစဉ် အထမမြောက်ခဲ့ပါဘူး။
ဘလင်ကင်ရဲ့တောင်ကိုရီးယားခရီးစဉ်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကျမ်းသစ္စာမကျိန်ဆိုမီ နောက်ဆုံးနိုင်ငံတကာ ခရီးစဉ်ဖြစ်လာနိုင်ပြီး သူဟာ ဂျပန်နဲ့ ပြင်သစ်တို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်အတွက် အရေးပါတဲ့ လုံခြုံရေးမဟာမိတ်ဖြစ်ပြီး သမ္မတယွန်းဆွတ်ခ်ယိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပေါ် အမေရိကန်က စိုးရိမ်နေပါတယ်။
ဘလင်ကင်ဟာ ဇန်နဝါရီ ၆ ရက်မှာတော့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေယူလ်နဲ့ တွေ့ဆုံမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ၊ မြောက်ကိုရီးယားအရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
နိုင်ငံတကာစိန်ခေါ်မှုတွေအပေါ် မိမိတို့ရဲ့အခြေခံစံနှုန်းတွေကိုအခြေခံပြီး စိန်ခေါ်မှုတွေအတွက် အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တည်ဆောက်ဖို့ ဆွေးနွေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:AFP
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...