ဇန်နဝါရီ ၄ – ၂၀၂၅
SS (VOM)
(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအမှု၊ မူးယစ်မှုနဲ့ အဂတိအမှုတွေမှအပ တည်ဆဲဥပဒေ တရပ်ရပ်အရ ပြစ်ဒဏ်ကျခံနေသူတွေကို ၎င်းတို့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ၊ တပုံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာဖြစ်တယ်လို့ နစက က အမိန့်အမှတ် (၁/၂၀၂၅) နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါအပြင် တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုတခုခုနဲ့ စပ်လျဉ်းကာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်၊အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၎င်းတို့ကျခံဖို့အတွက် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။
အဲဒီလို သက်သာခွင့်ကို အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်ဒဏ်တွေ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်ဒဏ်တွေ၊ ၁၈၇၈ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) အရ ပြစ်မှုတွေ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုတွေ၊ ၂၀၂၃ ခုနှစ် လက်နက် ဥပဒေအရ ပြစ်မှုတွေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေမှအပ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ယောက်ကိုလည်း ပြစ်ဒဏ်မှ သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။
နစက တက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်
၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)မှာ နိူင်ငံခြားသား ၅၅ ယောက်ပြည်တွင်းအကျဥ်းသား/သူ ၂၃၃၁၄ ယောက် စုစုပေါင်း ၂၃၃၆၉ ယောက်ကို လွတ်ပေးခဲ့ပါတယ်။
ဒုတိယအနေနဲ့ ၂၀၂၁ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့မှာ နိူင်ငံခြားသား ၁၃၇ဦး ပြည်တွင်းအကျဥ်းသား/သူ ၂၃၀၄၇ ယောက် စုစုပေါင်း ၂၃၁၈၄ ယောက် လွတ်မြောက်ခဲ့ပါတယ်။
အဲဒီနှစ်ထဲမှာ တတိယအကြိမ်အဖြစ် ၂၀၂၁ အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ်အခါသမယ) အနေနဲ့ အကျဥ်းသား/သူ ၅၆၇၀ ဦး ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကာ ၂၀၂၂ မတ်လ ၂ ရက်မှာ သီးသန်ံ့လွတ်ငြိမ်းခွင့်နဲ့ နိူင်ငံခြားသား တယောက် ပြည်တွင်းအကျဥ်းသား/သူ ခြောက်ယောက် စုစုပေါင်း ခုနှစ်ယောက်ကို လွတ်ပေးခဲ့ပါသေးတယ်။
၂၀၂၂ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့မှာေတာ့ နိူင်ငံခြား ၄၂ ယောက်ပြည်တွင်းအကျဥ်းသား/သူ ၁၅၇၇ ဦး စုစုပေါင်း ၁၆၁၉ ယောက်နဲ့
၂၀၂၂ အောက်တိုဘာ ၂၀ ရက်မှာ သီးသန့်လွှတ်တဲ့ အစီအစဥ်အရ ပြည်တွင်းအကျဥ်းသား/သူ ခြောက်ယောက် လွှတ်ပေးခဲ့တယ်လို့ မှတ်တမ်းအတွေအရ သိရပါတယ်။
၂၀၂၂ နိုဝင်ဘာ ၁၇ ရက် အမျိုးသားနေ့မှာတော့ နိူင်ငံခြားသား လေးယောက် ၊ပြည်တွင်းအကျဥ်းသား/သူ ၅၇၇၀ ယောက် စုစုပေါင်း ၅၇၇၄ ယောက်လွတ်ခဲ့ပါတယ်။ ၂၀၂၃ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ကေတာ့ အကျဥ်းသား/သူ ၇၀၁၂ ယောက် လွှတ်ပေးခဲ့ပြီး ၂၀၂၃ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့က နိူင်ငံခြား ၉၈ ယောက် ပြည်တွင်းအကျဥ်းသား/သူ ၂၉၁၇ ယောက်စုစုပေါင်း ၃၀၁၅ ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။
၂၀၂၃ မေလ ၃ ရက်မှာကဆုန်လပြည့်နေ့ကေတာ့ ပြည်တွင်းအကျဥ်းသား/သူ ၂၁၅၃ ယောက်လွှတ်ပေးခဲ့သလို ၂၀၂၃ ဩဂုတ် ၁ ရက် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နိူင်ငံခြားသား ၁၂၅ ယောက် တိုင်းရင်းသားလက်နက်ကိုင် TNLA/MNDAA/AA၊SSPP ၂၂ ယောက် ပြည်တွင်းအကျဥ်းသား/သူ ၇၆၀၂ ယောက်လွှတ်ပေးခဲ့တာကို VOM မှတ်တမ်းတွေအရ သိရပါတယ်။
နစက အာဏာရယူပြီးနောက် အကျဥ်းသား ကိုးသောင်းေကျာ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီးဖြစ်တယ်လို့ VOM မှတ်တမ်းတွေအရ သိရပါတယ်။
Photo:VOM/ISP