တိုရွန်တို၊ ဇန်နဝါရီ-၆-၂၀၂၅
မျိုးဆက်(VOM)
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ လစ်ဘရယ်ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာနေတာကြောင့် ယခုသီတင်းပတ်အတွင်းမှာ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာဖွယ်ရှိတယ်လို့ Globe and Mail က ဖော်ပြထားပါတယ်။
ရာထူးနုတ်ထွက်ကြောင်း ကြေညာချက်ဟာ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် လစ်ဘရယ်ပါတီရဲ့ ဆွေးနွေးပွဲမတိုင်ခင် ဒီကနေ့ အစောပိုင်းမှာ ထွက်ပေါ်လာနိုင်တယ်လို့ ပါတီတွင်း သတင်းရင်းမြစ်သုံးယောက်ကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
ပါတီအနေနဲ့ ခေါင်းဆောင်မှုသစ်ကို ရှာဖွေနေချိန်မှာ ဝန်ကြီချုပ်ထရူးဒိုး အနေနဲ့ ကြားဖြတ်ရာထူးမှာ ဆက်ရှိနေမလားဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။ ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုကျဆင်းခဲ့ပြီး နုတ်ထွက်ဖို့ အယုံအကြည်မရှိအဆိုတင်သွင်းမှုတွေ ဆက်တိုက်ကြုံခဲ့ရပြီး ပွတ်ကာသီကာနဲ့ ဖြတ်ကျော်နေခဲ့တာပါ။
လစ်ဘရယ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆက်လက်ဦးဆောင်မယ်လို့ ဝန်ကြီးချုပ်က ကတိပြုထားပေမယ့် ကနေဒါအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြီးနောက် ဖိအားတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။
ဒီကိစ္စအပေါ် ဘယ်လိုတုံ့ပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီး သဘေထားကွဲလွဲမှုတွေကြောင့် ကနေဒါဒုတိယဝန်ကြီချုပ်ဟာ ခရစ်တီးယားဖရီးလန်းဟာ ဒီဇင်ဘာလအတွင်းက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဒါဟာ အစိုးရအဖွဲ့အတွင်း လူသိရှင်ကြား သဘောထားကွဲလွဲမှုလည်းဖြစ်ကာ အဲဒီလနှောင်းပိုင်းမှာတော့ ဝန်ကြီးချုပ်ထရူဒိုးဟာ အစိုးရအဖွဲ့သုံးပုံတပုံကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
Ref:AFP
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...