ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံက နျူကလီးယားပစ္စည်းတွေ မှောင်ခိုကူးမှုနဲ့ အမေရိကန်က စွဲချက်တင်ခံထားရတဲ့ ဂျပန်ယာကူဇာခေါင်းဆောင်ဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။
အသက် ၆၀ နှစ်အရွယ် ဂျပန်နိုင်ငံသား တာကီရှီအီဘီဆာဝါဟာ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို ယူရေနီယံနဲ့ လက်နက်အဆင့် ပလူတိုနီယံတွေအပါအဝင် နျူကလီးယားပစ္စည်းတွေကိူ သယ်ဆောင်ရောင်းဝယ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပြီး နယူးယောက် မန်ဟန်တန် တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။
သူ့ရဲ့ မှောင်ခိုရောင်းဝယ်မှုကို အမေရိကန် ၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းဟန့်တားနိုင်ခဲ့တာဖြစ်ပြီး နျူကလီးယားပစ္စည်းတွေ သယ်ဆောင်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်ကလည်း နို်ငငံတကာမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ပြစ်မှုတွေနဲ့ တရားစွဲခံထားရသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ လက်နက်အဆင့်ရှိ ပလူတိုနီယံအပါအဝင် နျူကလီးယားပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်းရောင်းဝယ်ဖောက်ကားခဲ့ပြီး နိုင်ငံတကာမူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လက်နက်မှုတွေအတွက်လည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတ.်
တချိန်တည်းမှာပဲ မြန်မာနိုင်ငံ စစ်မြေပြင်တွေမှာသုံးမယ့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေလို အကြီးစားလက်နက်တွေနဲ့ လဲလှယ်ပြီး ဘိန်းဖြူနဲ့မူးယစ်ဆေးဝါးတွေကို အမေရိကန်ပို့ဖို့ ကြိုးပမ်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...