ဇန်နဝါရီ ၁၅ – ၂၀၂၅
GG (VOM)
ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချခြင်းနဲ့လဲလှယ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထပ်မံအရေးယူထားကြောင်း ဇန်နဝါရီ၁၄ရက်မှာ အသိပေးလာပါတယ်။
ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက် သူတွေကို စစ်ဆေးမေးမြန်းခြင်းနဲ့ ယင်းကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ရာကနေ တရားမဝင်ရောင်းဝယ်နေသူတွေကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အရေးယူဆောင်ရွက်ရာမှာ
သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စစ်ဆေးခဲ့ကာ အဲဒီထဲကမှ ကိုးယောက်ကိုအမှုဖွင့်အရေးယူထားပြီးခြောက်ယောက်ကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်။
ဒါအပြင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် တရားမဝင်နိုင်ငံခြားငွေကြေး ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်း နေတဲ့ facebook Group ၁၂ခု၊ Facebookpage ၅ခု ၊ လူနဲ့ဖေ့ဘုတ်စ်အကောင့် ၁၀ ခုကို စိစစ်ဖော်ထုတ်ပြီးအရေးယူနိုင်ရေးလုပ်နေတယ်လို့သိရပါတယ်။
” ဒေါ်လာစျေးနဲ့ရွှေစျေးတက်လာပြီဆိုရင် ဗဟိုဘဏ်ကခုလိုပဲ သူတို့actionယူနေပါတယ်ပေါ့။သူတို့နိုင်ငံခြားငွေတွေလည်းထုတ်ရောင်းနေတာပဲလေ။ခုနှစ်စကနေပြန်တက်လာတာခုထိပဲ။စျေးကွက်လိုအပ်ချက်ရှိနေသရွေ့ ဒေါ်လာစျေးကခုလိုဖြစ်နေမှာပဲ။အခုက နိုင်ငံခြားငွေ ဝင်တာနည်းပြီး ထွက်တာကများနေတဲ့သဘောရှိတယ်။” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်ကသုံးသပ်ပြောပါတယ်။
ဗဟိုဘဏ်ကတော့ လက်ရှိ၂၀၂၅ ခုနှစ် ဇန်နဝါရီ၁ ရက်ကနေ ၁၁ ရက်နေ့အထိကို ငွေလဲနှုန်း ၃၅၉၂ ကျပ်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်ကို ရောင်းချပေးခဲ့ပြီး တရုတ်ယွမ် ၇၁၄၈၅၃.၇ကိုလည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှုန်းနဲ့ရောင်းချပေးခဲ့သလို
ထိုင်းဘတ် ၂.၈ သန်းကိုလည်းငွေလဲနှုန်း ၁၃၀.၃ ကျပ်နှုန်းနဲ့ရောင်းပေးခဲ့ပါတယ်။
ဒါအပြင် နိုင်ငံခြားမှာ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်တွေနဲ့ ထွက်ခွာမယ့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချခြင်းပေးနေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကေျာ်ထုတ်ရောင်းပေးခဲ့တယ်လို့သိရပါတယ်။
ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း တရားမဝင်ငွေလဲလှယ်ခြင်း၊ရောင်းဝယ်ခြင်းလုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပြီး တရားမဝင်လုပ်ကိုင်တဲ့ money changer တွေကိုလည်းလိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူခဲ့ပါတယ်။
လက်ရှိ ပြင်ပစျေးကွက်မှာတော့ အမေရိကန်တဒေါ်လာကို ၄၇၄၀ ကျပ်ရှိပြီး ထိုင်းဘတ်က ၁၃၆ ကျပ်၊တရုတ်ယွမ်က ၆၅၀ ကျပ်စျေးပေါက်နေတယ်လို့သိရပါတယ်။
Related posts
-
ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ်ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပျယ်ဖျက်
ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၅ရတီ(VOM)အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ရာထူးကနေ မဆင်ခင်ရက်ပိုင်းအလိုမှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ကျူးဘားအစိုးရကလည်း အနာဂတ်မှာ... -
ဖားကန့် နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်း ၂၀ ကျော်ကို ရှာဖွေတွေ့ရှိထား
ဇန်နဝါရီ ၁၅ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊... -
အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)လုပ်ငန်းတွေ ရန်ကုန်မှာ လှုပ်ရှားနေ
ဇန်နဝါရီ ၁၅ – ၂ဝ၂၅KKO(VOM)ယခုနှစ်ပိုင်းတွေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းနေ ပေမယ့်၊ထိုကျားဖြန့်လုပ်ငန်းတွေဟာ သိသိသာသာလျော့နည်းပပျောက်သွားခြင်းမျိုးမရှိဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)...