မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေကြောင့် တရက်ကို ကလေးငယ်နှစ်ယောက်ထက်မနည်း ထိခိုက်မှု၊ သေဆုံးမှုရှိနေ

ဇန်နဝါရီ ၁၆-၂ဝ၂၅
Ms(VOM)
မြန်မာနိုင်ငံမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင တရက်ကို ကလေငယ် နှစ်ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ ၂၀၂၄ခုနှစ်အတွင်း ကလေးငယ်တွေ တိုက်ပွဲကြောင့်ကြုံတွေ့ရတဲ့အခြေအနေကို စုစည်းထားတဲ့အစီရင်ခံစာကို Unicef myanmar ကထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်းမြန်မာနိုင်ငံမှာ တိုက်ပွဲ တွေနဲ့ ကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြောင့်ကလေးပေါင်း ၆သန်းခန့်ဟာ ဆိုးရွားတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင် ၃.၅ သန်းနီးပါး မှာ၃၃ ရာခိုင်နှုန်းကျော်က ကလေးများဖြစ်သလို ၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ရာ တရက်ကိုကလေးနှစ်ယောက်နှုန်းထက်ပိုကာသေဆုံးဒဏ်ရာရမှုရှိနေတာလို့ ယူနီဆက်ဖ် ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့်အရပ်သားအများစုနေထိုင်ရာဒေသများမှာ မြေမြှုပ်မိုင်း တွေအသုံးပြုတာ၊လ ေကြောင်းတိုက်ခိုက်မှုများနဲ့အခြားသေဆုံးစေနိုင်တဲ့ လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာတွေ နည်းပါးလာစေတယ်လို့ ဆိုပါတယ်။
” တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလေးတွေသေဆုံးရတာတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့စက်တင်ဘာလတွေမှာ ကရင်နီပြည်နယ်၊ ဒီမောဆိုး၊ ဒါအပြင် စစ်ကိုင်းနဲ့ချင်း၊ရခိုင်၊ထားဝယ် ဒေသတွေမှာလည်းလေကြောင်းတိုက်ခိုက်မှုနဲ့ စစ်လက်ကျန်ပစ္စည်းပေါက်ကွဲလို့ ကလေးငယ်တွေသေဆုံး၊ဒဏ်ရာရတာတွေရှိခဲ့ပါတယ်”လို့ စစ်ရှောင်တွေက ပြောပါတယ်။
မြေမြှုပ်မိုင်းများနဲ့ စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW) ကြောင့် ကလေးတွေသေဆုံး၊ ဒဏ်ရာရတာလည်းရှိနေကာ မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးနီးပါးမှာ မြေမြှုပ်မိုင်းများ၊ စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW) များပျံ့နှံ့နေပြီး ကလေးများအတွက် အလွန်ကြီးမားသော အန္တရာယ်များ ဖြစ်လာစေတယ်လို့လည်းယူနီဆက်ဖ်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကလေးပေါင်း ငါးသန်းကျော်က ပညာသင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးနေတယ်လို့သိရပါတယ်။
” တိုက်ပွဲတွေဖြစ်နေတော့ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရတာ နဲ့ စစ်ရှောင်ကလေးတွေမှာစာသင်ဖို့ကအခက်ခဲတွေရှိနေပါတယ်။တချို့စစ်ဘေးရှောင်စခန်းတွေမှာတော့ ကလေးတွေပညာသင်ဖို့စခန်းထဲမှာပဲ စာသင်တဲ့နေရာတွေပြုလုပ်ပေးထားတာလည်းရှိတယ်။အခုနေနေရတဲ့စစ်ဘေးရှောင်စခန်းကတော့အခုမှတနိုင်တပိုင်ဖွင့်ထားတာလည်းဖြစ်တော့ စာသင်ဖို့နေရာတွေပြုလုပ်ထားတာရှိမနေသေးဘူးလို့ လက်ရှိမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံမြို့ရှိဒေသခံတယောက်ကပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကလေးသူငယ်ဦးရေ ၁ ဒသမ ၃ သန်းကို ပညာရေး အကူအညီပေးရန် ရည်မှန်းထား ကြောင်းယူနီဆက်ဖ်နဲ့မိတ်ဘက်အဖွဲ့တွေဖြစ်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင် ရာညှိနှိုင်းရေးရုံး (UNOCHA) က လည်းထုတ်ပြန် ထားတာရှိနေပါတယ်။
Photo- Cj ,ယူနီဆက်ဖ်

Related posts

Leave a Comment

VOM News

FREE
VIEW