ဇန်နဝါရီ ၁၇ – ၂၀၂၅
CC (VOM)
NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ဇန်နဝါရီ၁၆ ရက်နေ့ညပိုင်းက နစကမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ခြောက်ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
မနေ့က ညပိုင်း ၈ နာရီကျော် လောက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရ မှုကြောင့်လူသေဆုံးမှုအပြင် နေအိမ် ၂၀ ထက်မနည်းလည်းပျက်စီးမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။
” ၈ နာရီကျော်လောက်မှာ ဗုံးသုံးကြိမ် ကြဲချတာပါ။ သိရသလောက်တော့ခြောက်ယောက်သေတယ်။ အဲဒီထဲမှာကလေးရော၊သံဃာရောပါတယ်ဆိုပြီးသိရတယ်။သတင်းတွေလည်းတက်နေပါတယ်။အိမ်တွေလည်းပျက်စီးတယ်။NUGကစစ်ကိုင်းတိုင်းမှာရုံးစိုက်မယ်ဆိုပြီးသတင်းထွက်ပြီးမကြာဘူးခမ်းပတ်မှာရုံးစိုက်မယ်ဆိုပြီးထွက်တော့ ခုလိုကြဲခံရတာပဲ။ကြားထဲကပြည်သူတွေထိခိုက်သေရတယ်။ခုထိတော့ ခမ်းပတ်မှ NUG ကရုံးစိုက်တာမရှိသေးဘူး။ ” လို့ တမူးဒေသခံကပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတာက ခမ်းပတ်မြို့ရှိ အမှတ်၁ရပ်ကွက်အပါအဝင် ကနန်းစံပြ ကျေးရွာတို့ဖြစ်တယ်လို့သိရပါတယ်။
ခမ်းပတ်မြို့လေကြောင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ ကိစ္စအပေါ် NUG ဘက်ကတော့ခုချိန်ထိတစုံတရာ တုန့်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးသလို နစကဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ခမ်းပတ်မြို့ ၊ကနန်စံပြရွာမှာလေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
ခမ်းပတ်မြို့ကိုတော့ ၂၀၂၃ နို၀င်ဘာလမှာ NUG လက်အောက်ခံ PDF တွေက သိမ်းပိုက်ခဲ့တာဖြစ်လို့ခုဆိုရင်ခမ်းပတ်မြို့ကို NUG ထိန်းချုပ်နေတာ တနှစ်ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
Photo – CJ
VOM Telegram Channel: https://t.me/VOMNEWS2023/11773?single
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.