မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ဓလေ့ကို ယူနက်စကိုစာရင်းတင်သွင်းမယ်

ဇန်နဝါရီ၁၉-၂ဝ၂၅
Ms(VOM)
မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်နိုင်ရန်”မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ခေါင်းစဉ်နဲ့ UNESCO တွင် စာရင်းဝင်နိုင်ရန် ရေးသားပြုစုနေပြီဖြစ်တယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ကို UNESCO ရဲ့ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် တင်ပြဖို့စီစဉ်နေပြီး သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုတွေအကြောင်းတင်ပြမယ့်Nomination Form ( ICH-02) ကို အချိန်မီတင်သွင်းဖို့ ရေးသားမှုတွေရှိနေတာလို့ဆိုပါတယ်။
” သနပ်ခါးနဲ့ပတ်သက်တဲ့ မြန်မာကရိုးရာဓလေ့တွေ ယဉ်ကျေးမှုအကြောင်းတွေကို အခုရေးသားပြုစုနေကြတယ်။အဲ့ဒါကို မြန်မာလို၊အင်္ဂလိပ်လို၊ပြင်သစ်လိုဘာသာ၃မျိုးနဲ့ ရေးသားနေတယ်။အဲ့ဒါကို စာတမ်းဖောင်တင်သွင်းမယ့်မတ်လမတိုင်မှီ ကောင်းမွန်အောင်ရေးသားနေပါတယ်။လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး‌‌ ဟောင်းသုတေသန ဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင် ကပြောပါတယ်။
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” စာတမ်းကို ယူနက်စကို အဖွဲ့ထံ တင်သွင်းရန် ၂၀၂၅ခုနှစ်မတ်လ ၃၁ရက်မတိုင်မှီ နောက်ဆုံးထားဆောင်ရွက်နေရာမှာ စာတမ်းရေးသားပြုစုရေးလုပ်ငန်းအဖွဲ့’က အမျိုးသားပြတိုက်(နေပြည်တော်)ရေးသားဆောင်ရွက်တာတွေရှိနေတယ်လို့ဆိုပါတယ်။
“ကမ္ဘာ့နိုင်ငံ‌တွေအမည်စာရင်းတင်သွင်းသလိုတင်သွင်းတာမှာ ကျွန်တော်တို့ရဲ့ရိုးရာဓလေ့ကိုနိုင်ငံတကာသိသွားမယ်။ကုန်ပစ္စည်းသုံးစွဲတဲ့ဓလေ့နဲ့ခရီးသွားရိုးရာယဉ်ကျေးမှုဓလေ့တွေကနေဝင်ငွေတွေရလာမယ်။ဒါကတော့အကျိုးကျေးဇူးတွေပါ။သမိုင်းကြောင်းအနေနဲ့ကသနပ်ခါးက ဘယ်တုန်းကစသုံးတာကိုသိသလောက်ထည့်ရေးထားတယ်။အစောဆုံးကတော့ နရံပန်းချီအထောက်အထားတွေအရ ပုဂံခေတ်ထဲကစတွေ့တယ်။ဒါပေမယ့်ပုဂံခေတ်မတိုင်ခင်ထဲက သနပ်ခါးလိမ်းတဲ့ဓလေ့ကရှိလောက်ပါတယ်။အဲ့ဒီကမှဆက်တိုက် အင်းဝခေတ်၊ ပင်းယခေတ်၊တောင်ငူခေတ်၊ကုန်းဘောင်ခေတ်နောက်ဆုံးယနေ့မျက်မှောက်ခေတ်အထိအောင်ခေတ်အဆက်ဆက် သုံးလာတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာသနပ်ခါးဓလေ့ကလူတန်းစားမခွဲဘဲ လူတန်းစားပေါင်းစုံသုံးစွဲလာတဲ့သက်သေရှိတယ်။ကျားမ မခွဲဘဲ အလှအပနဲ့တကိုယ်ရည်သန့်ရှင်းရေးကျန်းမာရေးဆိုင်ရာတွေလည်းပါတာပေါ့နော်။အဲ့ဒီ့အကြောင်းအရာတွေထည့်ထားပါတယ်။” လို့ မြန်မာ့သနပ်ခါးဓလေ့အကြောင်းစာတမ်းနဲ့ပတ်သက်ပြီး ဦးဝင်းကြိုင်က ဆက်လက်ပြောထားပါတယ်။
သနပ်ခါးကို မြန်မာနိုင်ငံ အ‌နေနဲ့ ယနေ့အထိ အလေးပေးသုံးစွဲမှုတွေရှိနေသလို ကမ္ဘာ့နိုင်ငံ တွေထဲမှာ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံ‌တွေဖြစ်ကြတဲ့ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို စတဲ့နိုင်ငံ‌တွေမှာလည်း ပြောင်း‌ ရွှေ့အလုပ်လုပ်ကိုင်သူ‌ တွေကတဆင့်ယဉ်ကျေးမှုကူးစက်တာတွေရှိတာကြောင့်အခြားနိုင်ငံ‌ တွေမှာလည်းသနပ်ခါးလိမ်းတာတွေ ရှိနေနိုင်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ သနပ်ခါးပင်ကို အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မကွေး၊ပုဂံညောင်ဦး စတဲ့နေရာဒေသတွေမှာစိုက်ပျိုးမှုရှိ‌တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ရှင်မတောင် သနပ်ခါး တုံး အသေးတစ်တုံးကို ငွေကျပ်၁၅၀၀မှ ၃၀၀၀ကျပ်အထိဈေးဖြစ်ပေါ်နေကာ အရွယ်အစားအလိုက်ဈေးအမျိုးမျိုးရှိတတ်ပြီး သနပ်ခါးတုံး အပွေးကောင်းကောင်း အတုံးကြီးတစ်တုံးကို ငွေကျပ်၅၀၀၀မှ၁၀၀၀၀ကျပ်အထိ ဈေးဖြစ်ပေါ်နေကြောင်း သိရပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW