ဂျာဗားကျွန်း မြေပြိုမှု သေဆုံးသူ ၂၅ ယောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ခေတ္တရပ်ဆိုင်းထားရ

ဂျကာတာ၊ ဇန်နဝါရီ-၂၅-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြီးခဲ့တဲ့သုံးရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၂၅ ယောက်ထိ မြင့်တက်လာပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျာဗားပြည်နယ် ပက်ကလောင်ဂန်မှာ မိုးသည်းထန်စွာရွာသွန်းမှုအတွင်း အင်္ဂါနေ့က မြေပြိုမှုဖြစ်ပွားခဲ့ရပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ ဖြန့်ကြက်ခဲ့ရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မြူတွေထူထပ်တာကြောင့် ကယ်ဆယ်ရေးတွေ ရပ်နားထားရတယ်လိုပ ကယ်ဆယ်ရေးတာဝန်ရှိသူက ဆိုပါတယ်။
ရှာဖွေမှုတွေ မရပ်ခင်မှာ အလောင်းသုံးလောင်း ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူ ၂၅ ယောက်ထိ ရှိလာတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့တရက်တည်းမှာ ၁၇ ယောက်ထိ သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးသူအရေအတွက်ကိုတော့ အတိအကျမသိသေးဘူး တာဝန်ရှိသူတွေက ပြောပါတယ်။
မြေပြိုမှုဟာ လူကြိုက်များတဲ့ ခရီးသွားနေရာတခုဖြစ်တဲ့ ပီကာလုံဂန်နဲ့ ဒင်းကုန်းပြင်မြင့်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို နှစ်မိုင်ခွဲလောက် လမ်းလျှောက်ရတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ အလယ်ဂျာဗားပြည်နယ်မှာ မိုးရွားသွန်းမှုတွေနဲ့ပတ်သက်ပြီး တားဆီးကာကွယ်ရေးတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။ ဂျာဗားကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ကျွန်းလည်းဖြစ်ပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW