ချောတိုင်တက်ပွဲ

    ဆူးငှက်     “နယုန်မိုးသေး မြက်သားမွေး…”တဲ့။ “ဝါဆိုတကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး…” တဲ့။ မိုးလေးတွေရွာချ၊ မိုးကလေးအေးမြ…၊ မိုးတွင်းကာလ အဝင်မှာပဲ မိုးနည်းတဲ့ အပူပိုင်းဒေသအဖို့ အခုမှ ခြေခင်းလက်ခင်း သာ။ နေသာထိုင်သာရှိတော့သည်။ သည်လို ဥတုသပ္ပာယဖြစ်တဲ့ ရာသီမှာပဲ ဝါဝင်တော့မည်။ ဝါတွင်းရောက်လျှင် ဥပုသ်သီတင်း သီလဆောက်တည်မည်။ ဗုဒ္ဓဝတ်၊ ဓမ္မဝတ်၊ သံဃဝတ်များဖြည့် မည်။ ဝါဆိုလပြည့်တာနှင့် အညာတစ်ခွင်က ဘုရားပွဲတွေစကြ တော့မည်။ သမိုင်းပြောင်မညှိုးတဲ့ စစ်ကိုင်းတောင်ရိုးမှာ ဝါဆို လပြည့်ကစတင်ပြီး ဆွမ်းဦးပုညရှင်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲ တော်ကျင်းပသည်။ ဝါတွင်းဥပုသ်တိုင်း အစဉ်အလာအတိုင်း တောင်ရိုးနှင့် မြို့ပေါ်ကဘုရားတွေ ကျင်းပကြ၏။ ဟော… ဝါလ ကင်းလွတ် သီတင်းကþတ်လပြည့်မှာ ကောင်းမှုတော်စေတီ ဘုရား ပွဲနှင့် ပိတ်သိမ်း၏။   သည်လို ဝါတွင်းမှာပဲ ရွှေမန်းသူလေးတွေကတော့……

Read More

တောင်ကြီး PNO ရှိတဲ့ နယ်မြေကို SSPP ဝင်လာလို့ တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြ

ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ PNO ပြည်သူ့စစ်စခန်းရှိတဲ့ နယ်မြေကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) SSPP/SSA တပ်သားတွေမှ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ရက်ကစတင်ပြီး ဝင်ရောက်နေထိုင်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော်အုပ်စု၊ ကျောင်းတောရွာကို SSPP တပ်က အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး သေနတ်သံတွေလည်း ကြားနေရတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေရပြီး တကယ်လို့ တိုက်ပွဲဖြစ်ပွားလာပါက တိမ်းရှောင်နိုင်ဖို့ အခြေအနေစောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ “သေနတ်သံတော့ ရှေ့ရက်တွေက တချက်တချက်ကြားလိုက်ရတယ်။ မနေ့နဲ့ ဒီနေ့တော့ မကြားရသေးဘူး။ တိုက်ပွဲဖြစ်မှာတော့ ကြောက်တာပေါ့၊ ဖြစ်ရင်ပြေးရအောင်လည်း အသင့်ပြင်ထားရတယ်။ အခုထိတော့ နှစ်ဖက်စလုံးက ရွာသားတွေကို ဘာမှအသိပေးလာတာတော့ မရှိသေးဘူး။ တဖက်နဲ့ တဖက် စောင့်ကြည့်နေကြတာလား၊ နားလည်မှုနဲ့ ဝင်လာတာလားလည်း မသိရသေးပါဘူး”လို့…

Read More

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေ မပိတ်ပေမယ့် ခရီးသွားလာသူနည်းပါး

ဇန်နဝါရီ ၂၈ – ၂ဝ၂၄ KKO(VOM) ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေ မပိတ်သော်လည်း လက်ရှိကာလမှာ ခရီးသွားလာသူတွေကတော့နည်းပါးနေဆဲဖြစ်တယ်လို့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ ဒေသခံတွေထံကနေ သိရပါတယ်။ “ငွေဆောင်ဘက်က ဘာမှမဖြစ်ဘူး။ဧည့်သည်တွေလည်းရှိနေတယ်။ဟိုတယ်တွေလည်း ဖွင့်ထားတယ်။သို့သော် သတင်းတွေကြောင့်တော့ ဧည့်သည်တွေက အရင်ထက်စာရင်အခုကာလမှာပါးသွားတာပေါ့။ အရင်ထက်လာတာနည်းသွားတာပေါ့။ဒါလေးတခုပါပဲ၊ကမ်းခြေက ဖွင့်ထားပါတယ်။ငွေဆောင်အခြေအနေက ဒီနေ့အထိ ကောင်းပါတယ်။ဘာမှမဖြစ်ပါဘူး။လာလည်လို့လည်းရပါတယ်။ပုသိမ် – ငွေဆောင်လမ်းလည်း မပိတ်ထားပါဘူး။ဖွင့်ထားပါတယ်။ငွေဆောင်က အခုဖြစ်နေတဲ့ နေရာနဲ့လည်း ဝေးပါတယ်။ ချောင်းသာဘက်ကတော့လုံးလုံးဧည့်သည် မရှိဘူးပြောတယ်။ခရီးသွားတွေက ကြောက် လန့်ပြီး ချောင်းသာဘက်ကို မသွားရဲကြတော့တာပေါ့။ငွေဆောင်ဘက်မှာတော့ ခရီးသွားအနည်းငယ်ရှိသေးတယ်။ငွေဆောင်ကားလိုင်းတွေလည်းထွက်တယ်။အရင်လိုအများကြီးမဟုတ်တာတောင် တနေ့ကို ကား ငါးစီးထွက်နေရမယ့်နေရာမှာ ကား သုံးစီးလောက်ပေါ့၊ငွေဆောင်ကနေ ထွက်ပေးနေတယ်။ဒီနေ့အထိတော့ ငွေဆောင်အခြေအနေ ကောင်းပါတယ်”လို့ ငွေဆောင်ဒေသခံ တယောက်က VOM ကို ပြောပါတယ်။ ဒါအပြင် လက်ရှိရက်ပိုင်းအတွင်းမှာ ဧရာဝတီတိုင်း ချောင်းသာကမ်းခြေအနီးက ရွှေသောင်ယံတကြောမှာ တိုက်ပွဲတွေပြန်ငြိမ်နေသော်လည်း စစ်ရှောင်သူအချို့တော့ရှိနေဆဲဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။…

Read More

အမေရိကန်မှာ အထောက်အထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံတဝန်းမှာ တရားမဝင်အထောက်အထားမဲ့ နေထိုင်သူတွေကို ဖြိုခွင်းမှုအဖြစ် ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့နေ့မှာ တရက်တည်း လူ ၁၀၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတာဝန်သူတွေက ပြောပါတယ်။ ချီကာဂို၊ နယူးဝါ့ခ်နဲ့ မိုင်ယာမီအပါအဝင် မြို့အများအပြားမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ သမ္မတသစ် ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲကာလမှကတည်းက ကတိပြုခဲ့တာပါ။ ဒီထဲမှာ ပြစ်မှုအမျိုးမျိုး ကျူးလွန်ခဲ့တဲ့ အထောက်အထားမဲ့တွေပါဝင်ပြီး ကြသပတေးနေ့မှာ ၅၃၈ ယောက်၊ သောကြာနေ့မှာ ၅၃၉ ယောက်၊ စနေနေ့မှာ ၂၈၆ ယောက်နဲ့ တနင်္ဂနွေနေ့မှာတော့ ၉၅၆ ယောက်ထိ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်နှစ်ယောက်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ စီရင်မလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားတာမရှိပါဘူး။ ထရန့်ကတော့…

Read More

စက်သုံးဆီဈေးမြှင့်တက်ပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် အင်းလေးက စက်လှေသမားတွေ အခက်ကြုံ

ZY(VOM) ဇန်နဝါရီ ၂၈၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုဇန်နဝါရီလ၊ နောက်ဆုံးပါတ်အတွင်း စက်သုံးဆီဈေးမြှင့်တက်ပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် စက်လှေသမားတွေ အခက်အခဲ ကြုံတွေ့နေ ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အင်းလေးကန်အတွင်းမှာ ပြေးဆွဲနေတဲ့ စက်လှေသမားတွေဟာ ဒီဇယ်အင်ဂျင်တပ်စက်လှေတပ်ကို မောင်းနှင်ပြေးဆွဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဒုတိယပါတ်အတွင်းက ဒေသတွင်းမှာ ဒီဇင်(ရိုးရိုး)တလီတာကို ၂၉၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပြီး ဝယ်ယူရ အခက်အခဲမရှိသလောက်နည်းပါးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မနေ့ဇန်နဝါရီလ ၂၇ရက်နဲ့ ဒီကနေ့မှာတော့ ဒီဇင်(ရိုးရိုး)တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၄၃၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိလာနေပြီး ပုံးခွံတွေနဲ့ ဝယ်ယူကြရတဲ့ စက်လှေသမားတွေကို စက်သုံးဆီဆိုင်အချို့က ရောင်းချမပေးတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “အရင်ကတော့ ပုံးဝါတွေနဲ့ ညောင်ရွှေက ဆီပန်စ့်တွေပေါ်မှာ သွားဝယ်တာ အဆင်ပြေတယ်။ ဒီလိုပဲ အမြဲတမ်း ဝယ်လာတာ။ အခုက…

Read More

မြန်မာစာပေလောကရဲ့ ပညာရှင် စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဇန်နဝါရီ ၂၈ – ၂ဝ၂၅ KKO(VOM) မြန်မာစာပေပညာရှိအဖြစ် ထင်ရှားကျော် ကြားတဲ့ မြန်မာစာပေ လောကမှာ ထင်ရှားတဲ့ ပညာရှင်စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ဟာ ဇန်နဝါရီ ၂၇ ရက်၊ ညသန်းခေါင်ယံကျော် ၁၂ နာရီခွဲအချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဆရာကြီးရဲ့ကျန်ရစ်သူ မိသားစုဝင်တွေက အသိပေးပြောကြားထားပါတယ်။ မြန်မာစာပေပညာရှင် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို သမီးဖြစ်သူ မသူသူနွယ်အေးက ပြောပါတယ်။ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ အငြိမ်းစား မြန်မာစာပါမောက္ခ တယောက်ဖြစ်သလို မြန်မာစာပေ လောကရဲ့ထင်ရှားတဲ့ စာရေး ဆရာကြီး တယောက်ဖြစ်ပါတယ်။ ဆရာကြီးရဲ့အမည်အရင်းမှာ ဒေါက်တာခင်အေးဖြစ်ပြီး ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)က်ို ၂.၁.၁၉၄၂ ခုနှစ်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ဓနုဖြူမြို့နယ်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ယနေ့ကွယ်လွန်ချိန်မှာတော့ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)ဟာ အသက် (၈၃)နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ်သက်လို့အမျိုးသားစာပေ တသက်တာဆုရ…

Read More

TikTok ကိုဝယ်ယူဖို့ မိုက်ခရိုဆော့ဖ် ဆွေးနွေးနေ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅ ရတီ(VOM) TikTok ကို ဝယ်ယူဖို့ မိုက်ခရိုဆော့ဖ်ဟာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအက်ပလီကေးရှင်းကို ဝယ်ယူရေးမှာ အပြိုင်အဆိုင်တွေ မြင်လိုတယ်လို့ ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီအများအပြားဟာ TikTok ကိုဝယ်ယူဖို့ အလွန်စိတ်ဝင်စားနေကြတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်အာဏာပိုင်တွေဟာ အမေရိကန်မှာရှိတဲ့ TikTok ရဲ့ လုပ်ငန်းတွေကို ရောင်းချဖို့ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီကို ဖိအားတွေ ပေးနေခဲ့ပါတယ်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာတော့ ဒီအက်ပလီကေးရှင်းကို ရောင်းချဖို့ သို့မဟုတ် အမေရိကန်မှာ ပိတ်ပင်ဖို့ တားမြစ်ခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်တက်လာချိန်မှာတော့ ဒီတားမြစ်ချက်ကို အချိန် ၇၅ ရက်တိုးပေးခဲ့ပါတယ်။ TikTok ကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး ကုမ္ပဏီအများအပြားဟာ ဆွေးနွေးနေကြပြီး လာမယ့် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရန့်က…

Read More

ကျွန်းစုနဲ့ တနင်္သာရီအစပ်မှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံထောင်ချီ တိမ်းရှောင်

ဇန်နဝါရီ ၂၈ – ၂၀၂၅ SN (VOM) တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်မှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ နစက က ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အောက်ပြင်ဝန်းရွာ၊ ပြင်ဝန်းအနောက်ရွာ၊ ဝါရစ်ရွာ၊ မွေးရှောင်ရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေတာဖြစ်ပါတယ်။ “နစက က မနေ့ မနက်ကစပြီး ပြင်ဝန်း အနောက်ကျေးရွာကနေမှ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာ။ လက်ရှိကတော့ ရွာအနီးဝန်းကျင်တွေမှာ တပ်စွဲထားကြတယ်။ ဒေသခံတွေကတော့ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်ပြီး အကုန်လုံးနီးပါး ရှောင်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာ…

Read More
VOM News

FREE
VIEW