ဆူးငှက် ‘‘ တြင်းကြေအစ ဂဏန်းတွေနှင့် နဝင်းနေ ပထမတန်းပေမို့ (အိုကွယ်…) အမတနန်းကိုတဲ့ လှမ်းတော့မယ်၊ စိတ်ပုတီးရယ်နှင့်၊ ရိပ်ကြီးဆရာခိုရတော့ တဏှာကို လွတ်အောင်ရုန်းမယ် ပုန်းရှောင်ပေါ့ကွယ်၊ အဝိဇ္ဖာရှစ်ခွင်က မှိုင်းပါတဲ့ အနိဋ္ဌာ မြစ်ပြင်လှိုင်းကိုတော့ ကသိုဏ်းနှင့် ဖြတ်ပါမယ် နတ်ရွာနတ်နယ်တွင်ဖြင့် ဆိုင်းချင်ဘူး။ ခေမာသောင် ရုက္ခမူ သေလာတောင်၌ ရွှေဝါချောင် ဖလ်ဂူတွင်းဆီက စံမတူ ရန်သရှင်းမယ်လို့ (ကွယ်…) အင်း…သည်စိတ်ကူး။ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်သည် မြန်မာပြည်၏သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ တခုတ်တရ ပြောဆိုညွှန်းပြရသည့်နေရာတစ်နေရာဖြစ်သည်။ မြန်မာပြည်တွင်း ဒေသခံအများစုကမူ ယခင်ကမီးတောင်ဟောင်းဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၄၉၈) ပေရှိသော ပုပ္ပားတောင်မကြီးထက်၊ ပင်လယ်ရေမျက်နှာပြင်မှအထက် (၂၄၁၇) ပေမြင့်သော…
Read MoreDay: January 31, 2025
ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေပိတ်မိမှု အခြေအနေပိုဆိုးလာနေ
ဇန်နဝါရီ ၃၀- ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် – ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် နေ့စဥ်နဲ့အမျှကားတွေ အများအပြားပိတ်မိပြီး အခြေအနေကပိုဆိုး လာနေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ သာစည် – ကလောလမ်းပေါ်က စစ်ဆေးရေးဂိတ်ဖြစ်တာကြောင့် စစ်ဆေးမှု ကြန့်ကြာတာဟာ ကုန်စည်စီးဆင်းရေးကို နှောင့်နှေးကြန့်ကြာပြီး သီးနှံတွေပျက်စီးမှုရှိသလို ခရီးသွားတွေအတွက်လည်းအချိန်ကြန့်ကြာမှုတွေဖြစ်ပြီး ဒုက္ခရောက်နေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေအချိန်ကြာမြင့်စွာဆောင့်ဆိုင်းရတာကြောင့် ကားတွေပိတ်ဆို့နေတဲ့အခြေအနေက တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့သိရပါတယ်။ ” ကျွဲတပ်ဆုံဂိတ်မှာက နေ့တိုင်းကားပိတ်ပါတယ်။ကုန်ကားတွေလည်း ပိတ်မိသလိုအိမ်စီးကားတွေလည်းပိတ်မိတယ်။ကုန်ကားတွေက ကုန်စိမ်းသီးနှံတွေများတယ်။တချို့ကုန်စိမ်းတွေဆိုပျက်စီးတဲ့အထိရှိကြတယ်။ခုတောင်အခြေအနေကဆိုးနေတာ ရှေ့လျှောက်နေကပြင်းလာပြီဆိုတော့ခုလိုသာ ဆက်ပိတ်မိနေရင်ကုန်ကားတွေပိုဒုက္ခရောက်မှာ။သူတို့က ဂိတ်ရောက်ရင် လုံခြုံရေးအရဆိုပြီး ကုန်စိမ်း ကားတွေ ရော အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-R+ray စက်နဲ့ အစစ်အဆေးခံရတယ်။ ကားပေါ်မှာ ပါတဲ့သူတွေက…
Read Moreတမူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ
ဇန်နဝါရီ ၃၀ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ကျေးရွာတွေမှာရှိတဲ့ နစက ပူးပေါင်းတပ်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကတော့ လက်ရှိက ကျွန်းပင်သာရွာမှာ မနေ့ (ဇန်နဝါရီ ၂၉ ရက်) ကစပြီး ငြိမ်နေတယ်။ အဲဒီမှာရှိတဲ့ နစကတပ်စခန်းတွေကို လက်နက်ကိုင်တပ်တွေက ထိန်းချုပ်လိုက်ပြီလို့လည်း ကြားတယ်။ ဒါပေမယ့် ဆက်သွယ်ရေးလိုင်း အခြေအနေအရ သတင်းတော့ အတည်ပြုလို့ မရသေးဘူး။ လက်ရှိကတော့ မင်းသာရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ အခု ဖြစ်နေတဲ့၊…
Read Moreအမေရိကန်မှာ လေယာဉ်နှစ်စင်းတိုက်မိပြီး မြစ်ထဲပျက်ကျမှု ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထား
ဝါရှင်တန်၊ ဇန်နဝါရီ-၃၀-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ရဲ့ Black Hawk ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်မှာ တိုက်မိပြီး မြစ်ထဲပျက်ကျခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တင် လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းလေးယောက် လိုက်ပါသွားပြီး ရဟတ်ယာဉ်ပေါ်မှာတော့ အမေရိကန်စစ်သားသုံးယောက် ပါဝင်ပါတယ်။ လေယာဉ်တွေတိုက်မိပြီးနောက် ပိုတိုမက်မြစ်ထဲကို ပျက်ကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေကိုတော့ ဆက်လက်လု်ပဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုးရွားတဲ့ ဒီမတော်တဆမှုမှာ ရဟတ်ယာဉ်ဟာ ရှောင်ဖို့အတွက် ဘာကြောင့် အတက်အဆင်း မလုပ်တာလဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေးခွန်းထုတ်ထားပါတယ်။ ရဟတ်ယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုလုပ်တာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြစ်ထဲမှာတော့ လေယာဉ်နှစ်စင်းစလုံးရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမား ၃၀၀ ကျော်က…
Read Moreအမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် စာရင်းထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက်ပါဝင်
ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် လူပေါင်း ၁ ဒဿမ ၄ သန်းကျော်ထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက် ပါဝင်နေတယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလူတွေဟာ နိုင်ငံတွင်းရောက်နေတဲ့ အမေရိကန်နိုင်ငံသားတယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာမဟုတ်ပေမယ့် အမေရိကန်ကနေ ထွက်ခွာဖို့အမိန့်ပေးခံရသူတွေဖြစ်ပြီး .ယခုလမှာ သမ္မတတာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ အထောက်အထားမဲ့တွေအပါအဝင် ပြည်နှင်ဒဏ်ပေးမှုတွေကို စတင်နေပါတယ်။ လက်ရှိပြည်နှင်ဒဏ်ပေးခံရမယ့်သူတွေထဲမှာ မက္ကဆီကိုကတော့ သူ့နိုင်ငံသား နှစ်သိန်းငါးသောင်ကျော်နဲ့ အယ်လ်ဆာဗေးဒိုးကလည်း နှစ်သိန်းကျော်၊ ဟွန်ဒူးရပ်စ်နဲ့ နီကာရာဂွါနိုင်ငံသားတွေက အများဆုံးရပ်တည်နေပါတယ်။ ဒါအပြင် မြောက်ကိုရီးယား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာရှနိုင်ငံတွေက နိုင်ငံသားတွေလည်း ပြန်ပို့ခံရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီလူတွေဟာ ရာဇဝတ်မှုတခုခုကျူးလွန်းမှု ဒါမှမဟုတ် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပေဒကို ချိုးဖောက်ထားသူတွေလို့ ဆိုပါတယ်။ ဒီထဲမှာ ခှိုလှုံခွင့် ငြင်းပယ်ခံရသူတွေ၊ ဗီဇာသက်တမ်းကုန်နေသူတွေ၊…
Read More