ဇန်နဝါရီ ၄ – ၂၀၂၅ SS (VOM) (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအမှု၊ မူးယစ်မှုနဲ့ အဂတိအမှုတွေမှအပ တည်ဆဲဥပဒေ တရပ်ရပ်အရ ပြစ်ဒဏ်ကျခံနေသူတွေကို ၎င်းတို့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ၊ တပုံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာဖြစ်တယ်လို့ နစက က…
Read MoreMonth: January 2025
နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားမယ်
ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၅မျိုးဆက်(VOM)သမ္မတတွေကို စွပ်စွဲပြစ်တင်မှုနဲ့အတူ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်မှာ သွားရောက်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။စွပ်စွဲပြစ်တင်ခံရမှုကြောင့် ရာထူးကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးနိုင်ရေး မနေ့ကကြိုးပမ်းခဲ့ပေမယ့် သမ္မတလုံခြုံရေးအဖွဲ့နဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းမယ့်အစီအစဉ် အထမမြောက်ခဲ့ပါဘူး။ဘလင်ကင်ရဲ့တောင်ကိုရီးယားခရီးစဉ်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကျမ်းသစ္စာမကျိန်ဆိုမီ နောက်ဆုံးနိုင်ငံတကာ ခရီးစဉ်ဖြစ်လာနိုင်ပြီး သူဟာ ဂျပန်နဲ့ ပြင်သစ်တို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။တောင်ကိုရီးယားဟာ အမေရိကန်အတွက် အရေးပါတဲ့ လုံခြုံရေးမဟာမိတ်ဖြစ်ပြီး သမ္မတယွန်းဆွတ်ခ်ယိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပေါ် အမေရိကန်က စိုးရိမ်နေပါတယ်။ဘလင်ကင်ဟာ ဇန်နဝါရီ ၆ ရက်မှာတော့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေယူလ်နဲ့ တွေ့ဆုံမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ၊ မြောက်ကိုရီးယားအရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ…
Read Moreဗန်းမော်တိုက်ပွဲ တလခန့် ကြာမြင့်လာပြီး ဆက်လက် ပြင်းထန်နေ
ဇန်နဝါရီ ၅ – ၂၀၂၅SN (VOM)ကချင်ပြည်နယ် (တောင်ပိုင်း)၊ ဗန်းမော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာတော့ အချိန်တလခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတချို့ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခြေလျင်တပ်ရင်း (ခလရ – ၄၇) အပါအဝင် မြို့ရှိ နစကတပ်ရင်း ဌာနချုပ်တွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သလို နစကဘက်ကလည်း လေကြောင်းပစ်ကူတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။“တိုက်ပွဲက ပိုဆိုးလာတယ်ပဲ ပြောရမယ်။ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊…
Read Moreဆင်မလိုက်ဆိပ်ကမ်းမှာ သင်္ဘောမီးလောင်ပေါက်ကွဲလို့ အင်ဂျင်နီယာမှူးသေပြီး နှစ်ယောက်ဒဏ်ရာရ
ဇန်နဝါရီ ၃ – ၂၀၂၅GG(VOM)ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းမှာ ဇန်နဝါရီ ၂ရက်နေ့က ကွန်တိန်နာသင်္ဘောတစီး မီးလောင်ပေါက်ကွဲပြီး သင်္ဘော အင်ဂျင်နီယာမှူးသေဆုံးကာနောက်ထပ် အမျိုးသားနှစ်ယောက်လည်း ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့သိရပါတယ်။” မနက် ၁၀ နာရီလောက်ဖြစ်တာ။ သင်္ဘောရဲ့ဆီကန်ထဲကနေ ဆီကိုစုပ်ထုတ်တာမှာ သင်္ဘောကိုယ်ထည်နဲ့ပန့်ပွတ်မိပြီး မီးပွင့်ပေါက်ကွဲတာလို့သိရတယ်။အင်ဂျင်နီယာမှူးဆိုသူကနေရာမှာပဲဆုံးတယ်။ကျန်တဲ့ဒဏ်ရာရတဲ့နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်။တကိုယ်လုံးထိကြတာဆိုတော့ စိုးရိမ်ရတဲ့အခြေအနေပါ။မနေ့ကတည်းက ရန်ကုန်ဆေးရုံ ကြီးကိုပို့လိုက်တယ်။” လို့ ဒေသခံ လူမှုကူညီရေးသမားတယောက်ကပြောပါတယ်။ပေါက်ကွဲမှုအတွင်းသေဆုံးခဲ့တဲ့ အင်ဂျင်နီယာမှူးက အသက် ၃၁ နှစ်အရွယ် ကိုရဲထွန်းဝင်းဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေက အသက်၂၁ နှစ်အရွယ် ကိုဝေလွင်ထွန်း အသက် ၃၄ နှစ်အရွယ်ကိုစိုးထွန်းနိုင်တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိတယ်လို့သိရပါတယ်။အဆိုပါ ပေါက်ကွဲခဲ့တဲ့သင်္ဘောက ရန်ကုန်-ကော့သောင်းပြေးဆွဲနေတဲ့ MV.MCL9 ကွန်တိန်နာသင်္ဘောဖြစ်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သေဆုံးသူအင်ဂျင်နီယာမှူးကို အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။မတ်လ ၁ရက်နေ့ကလည်း ရန်ကုန်၊ကြည့်မြင်တိုင်မြို့နယ်၊ဗားကရာဆိပ်ကမ်းအနီး ရန်ကုန် မြစ်ထဲမှာ ဆီတင်သင်္ဘောပေါက်ကွဲလို့လူသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
Read Moreပခုက္ကူမြို့အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေ
ဇန်နဝါရီ ၃ – ၂၀၂၅SS (VOM)မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မြို့အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။“အဲဒီနေရာ သုံးနေရာမှာဆိုရင် ကားအစီးရေ လေး၊ ငါးရာလောက် ရှိမှာပေါ့။ နယ်ကားလေးတွေပေါ့။ သုံးဘီးတို့၊ လိုက်ထရပ်တို့ အဲဒီလိုကားလေးတွေပါ။ ရေစကြို၊ ပေါက်၊ မြိုင် အဲဒီဘက်က ကားလေးတွေပါ။ နှစ်ရက်ရှိပြီ ပိတ်မိနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။လက်ရှိမှာ မြို့ရှောင်လမ်း၊ စက်မှုဇုန်၊ ဧရာဝတီတံတားတွေကို နစက က ပိတ်ထားပြီး လုံခြုံရေးတင်းကြပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပခုက္ကူမြို့မှာ လွပ်လပ်ရေးနေ့ အခမ်းအနားတွေ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လမ်းခဏ ပိတ်ထားတာပါ။ အခမ်းအနားပြီးသွားရင်တော့ လမ်းတွေပြန်ဖွင့်ပေးမှာပါ” လို့ ပြောပါတယ်။အခုလို အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ခရီးသည်တွေ၊ ကုန်စည်တွေ၊ ဆေးထိုးရမယ့်…
Read Moreသမ္မတလုံခြုံရေးအဖွဲ့ရဲ့ တားဆီးမှုကြောင့် တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရေး ဖျက်သိမ်းလိုက်ရ
ဆိုးလ်၊ ဒီဇင်ဘာ-၃-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးမယ့် အဖွဲ့နဲ့ သမ္မတလုံခြုံရေးအဖွဲ့၊ ထောက်ခံသူတွေအကြား ခြောက်နာရီကြာ အခြေအနေတွေ တင်းမာပြီးနောက် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ဖျက်သိမ်းလိုက်ပါတယ်။ ဖမ်းဆီးမှုဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူးလို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ဦးဆောင်နေတဲ့ အကျင့်ပျက်ချစားမှုစုံစမ်းစစ်ဆေးရေးရုံးက ပြောပါတယ်။ဒီကိစ္စကိုပြန်လည်သုံးသပ်ပြီးနောက် နောက်ထပ်အဆင့်တွေအတွက် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ သမ္မတယွန်းဆွတ်ခ်ယိုးလ်အနေနဲ့ တရားရေးလုပ်ငန်းစဉ်ကို ငြင်းဆိုတာဟာ အလွန်ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမှုကို ဆိုင်းငံ့ကြောင်း ကြေညာချိန်မှာတော့ သမ္မတအိမ်ရှေ့မှာ ရက်အတန်ကြာ စခန်းချနေတဲ့ ထောက်ခံသူတွေက အောင်ပွဲခံခဲ့ကြပါတယ်။ မြေပြင်ရှိ အဖွဲ့တွေရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေဟာ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ကြိုးပမ်းမှု ရပ်စဲရတဲ့ နောက်ထပ်အကြောင်းရင်းဖြစ်တယ်လို့ အကျင့်ပျက်ချစားမှု စုံစမ်းရေးရုံးက ဆိုပါတယ်။ ဖမ်း၀ရမ်းဟာ ဇန်နဝါရီ ၆ ရက်ထိ သက်တမ်းရှိပေမယ့် ဖမ်း၀ရမ်းအသစ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့…
Read Moreပြည်တွင်းနိုင်ငံရေး အင်အားစုတွေရဲ့ ငွေဆောင် သဘောတူညီချက် ဆက်လက်စောင့်ကြည့်ရမယ်လို့ သုံးသပ်ကြ
ဇန်နဝါရီ ၃ – ၂၀၂၅KKO(VOM)လွတ်လပ်ရေးနေ့မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ဆိုတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေရဲ့ ငွေဆောင်သဘောတူညီချက်ဆိုတဲ့ ဆွေးနွေးပွဲရလဒ်တခုယခုရက် ပိုင်းအတွင်းမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။အဲဒီငွေဆောင်သဘောတူညီချက်မှာ အဓိက (၇)ရက်ကိုတောင်းဆိုထုတ်ပြန်ထားတာကိုတွေ့ရပြီး အဲဒါတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်ဖို့၊ သက်ဆိုင်တဲ့ စတိတ်ဟိုဒါတွေပါတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့၊ စစ်ပွဲတွေရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ကူညီပါဝင်ဆောင်ရွက်မှု၊ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ဖို့နဲ့ ကြားကာလ စီမံခန့်ခွဲရေးယန္တရားတခု ဖွဲ့စည်းဖို့ဆိုတဲ့ အချက်တွေပါဝင်ခဲ့တာကို သိရှိရပါတယ်။မြန်မာ့ဝါရင့်နိုင်ငံရေးသမားတယောက်ဖြစ်သူ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက ဒီငွေဆောင်သဘောတူညီချက်နဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ မဇ္စျိမ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တခုမှာ ထုတ်ဖေါ်ပြောကြားခဲ့လာတာဖြစ်ပါတယ်။အဲဒီနောက် ငွေဆောင်သဘောတူညီချက်ဆိုတဲ့ ထုတ်ပြန်ချက်စာတစောင်ဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အဲဒီအပေါ် နိုင်ငံရေးနယ်ပယ်အသိုင်းအဝိုင်းက အမျိုးမျိုးသောဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူလူထုကြားမှာထင်ကြေးပေးမှုတွေအမျိုးမျိုးအဖုံဖုံရှိလာခဲ့တာဖြစ်ပါတယ်။“ဇန်နဝါရီ ၄ ရက်နေ့မှာ အန်တီစုပြန်လွတ်လာ မယ်လို့သတင်းတွေကြားနေရတယ်။ အဲဒီလို အန်တီစုလွတ်လာပြီးတဲ့နောက်မှာအစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်လို့တော့ကြားနေရတာပဲ။တဖက်မှာတရုတ်ဖိအားကအတော်ကြီးနေတဲ့အခြေ အနေမှာရှိပါတယ်”လို့ နေပြည် တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ပြည်တွင်းရှိ…
Read Moreတောင်ကိုရီးယားသမ္မတကို ဖမ်းမယ့်အဖွဲ့နဲ့ သမ္မတလုံခြုံရေးအဖွဲ့ ထိပ်တိုက်တွေ့နေ
ဆိုးလ်၊ ဇန်နဝါရီ-၃-၂၀၂၅ မျိုးဆက်(VOM) ဒီဇင်ဘာလအစောပိုင်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့သွားတဲ့ ရဲတပ်ဖွဲ့ဟာ သမ္မတနေအိမ်ထဲကို ဒီကနေ့မနက်က ရောက်ရှိပေမယ့် သမ္မတရဲ့ လုံခြုံရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့နေပါတယ်။ ရဲအယောက် ၂၀ လောက်ဟာ ဒေသစံတော်ချိန်မနက် ၈ နာရီမှာ ရောက်ရှိခဲ့ပြီး နောက်တနာရီအကြာမှာတော့ အယောက် ၈၀ ထိ အားဖြည့်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ရားထူးရှိချိန်မှ ဖမ်းဆီးဖို့ ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ သမ္မတကို ဖမ်း၀ရမ်းထုတ်မှုဟာ တရားမဝင်ကြောင်း သမ္မတရဲ့ တရားရေးအဖွဲ့က ပြောဆိုထားပြီး သမ္မတလုံခြုံရေးအဖွဲ့ကတော့ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ကြိုးစားမှုကို ပိတ်ဆို့ထားကာ သမ္မတထောက်ခံသူတွေကလည်း စုဝေးလို့နေပါတယ်။ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ အာဏာအလွဲသုံးစားမှု အပါအဝင် စွဲချက်တွေကြောင့် စုံးစမ်းစစ်ဆေးဖို့ ဆင့်ခေါ်စာသုံးကြိမ်ကို လာရောက်ခြင်းမရှိတဲ့နောက် တရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးမှုကို တားဆီးသူတွေအနေနဲ့ ကိုယ်တိုင်တရားစွဲခံရနိုင်ကြောင်း…
Read MoreThis Day in History
Voice of Myanmarအမေရိကန်နှင့် ရုရှားတို့အကြား ဒုတိယမြောက် မဟာဗျူဟာလက်နက်လျှော့ချရေး သဘောတူစာချုပ်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ နျူကလီးယားထိပ်ဖူးပိုင်ဆိုင်မှုကို ကန့်သတ်ခဲ့သည်။
Read Moreဥသျှစ်ပင်မြို့အနီးမှာရှိတဲ့ တောင်ကုတ်ရိုးမပေါ်က တောင်ပုံကြီးစခန်းမှာ တိုက်ပွဲဖြစ်နေလို့ ပဲခူးတိုင်းဘက် စစ်မီးကူးမှာ ဒေသခံတွေစိုးရိမ်ဇန်နဝါရီ ၃ – ၂၀၂၅GG (VOM)ပြည်ခရိုင် ၊ဥသျှစ်ပင် မြို့နယ်နမိတ်အနီးမှာရှိတဲ့ တောင်ကုတ် ရိုးမပေါ်က တောင်ပုံကြီးစခန်းကို AA ကဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။အဆိုပါတောင်ပုံကြီးစခန်းဟာ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ နစကရဲ့လုံခြုံရေးတပ်စခန်းတခုဖြစ်ပြီး ဥသျှစ်ပင်မြို့နဲ့နီးကပ်နေတဲ့စခန်းတခုလည်းဖြစ် တယ်လို့သိရပါတယ်။” ဥသျှစ်ပင်မြို့နယ်ထဲမပါဘူး။တောင်ကုတ်ရိုးမပေါ်ကစခန်းပါ။ ရခိုင်ပြည်နယ်ထဲပါတာပေါ့ ။ဒါပေမယ့် တောင်ပုံကြီးကနေဆိုရင် ဥသျှစ်ပင်ကိုကားနဲ့ဆိုရင် ၁နာရီခွဲလောက်ပဲမောင်းရမယ်ဆိုတော့ နီးတယ်ပြောရမယ်။ အဲဒီရိုးမပေါ်က အသွားအလာလုပ်လို့လည်းမရဘူးလေ။စစ်တပ်ပဲသွားလို့ရတယ်။ တောင်ပုံကြီးဘက်မှာတိုက်ပွဲဖြစ်နေတာတော့ မှန်တယ်။ “လို့ ဥသျှစ်ပင်ဒေသခံကပြောပါတယ်။တောင်ပုံကြီးစခန်းကို မနေ့က ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းကတည်းက AA ကစတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ် ။တောင်ပုံကြီးစခန်းဟာ တောင်ကုတ်မြို့နယ်အပိုင်ပါပေမယ့် ဥသျှစ်ပင်မြို့နဲ့နီးကပ်လာတာကြောင့် ဒေသခံတွေကတော့ ရခိုင်ပြည် နယ်ကတိုက်ပွဲတွေ ကူးစက်လာမှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။” တိုက်ပွဲပြင်းထန်သလား မပြင်းထန်ဘူးလားသေချာတော့မသိပေမယ့် လေယာဥ်တွေကတော့ခုရက်ပိုင်းတအားကို သွားတာတွေ့ရတယ်။တိုက်ပွဲတွေဒီဘက်ရောက်လာမှာတော့စိုးရိမ်တာပေါ့။ဒါပေမယ့်လည်းဖြစ်လာရင်တော့ရှောင်လို့မှမရတာ။ခုထိတော့အခြေအနေအေးဆေးပါပဲ။” လို့ ပန်းတောင်းဒေသခံကပြောပါတယ်။ဥသျှစ်ပင်မြို့နဲ့ပန်းတောင်းမြို့ဟာ ပြည်ခရိုင်ထဲမှာပါပြီး ပြည်မြို့…
Read More