အမေရိကန်က အခွန်ကောက်ခံမှုစတင်ကြောင်း ကြေညာပြီးနောက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ရဲ့ သွင်းကုန်တွေအပေါ် ဒီနေ့ကစပြီး အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုံ့ပြန် အစီအမံတွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုကာ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ကို သွင်းကုန် ၄၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ထရန့်က အခွန်စည်းကြပ်ရင် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ ကနေဒါဝန်ကြီးချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ အစီအမံတရပ် ထုတ်ပြန်ဖွယ်ရှိနေပါတယ်။ နိုဗာစကိုးရှားပြည်နယ်မှာတော့ အမေရိကန်ကနေ တင်သွင်းတဲ့အရက်တွေအားလုံးကို စတိုးဆိုင်တွေအားလုံးကနေ ဖယ်ရှားဖို့ထိ ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ပြည်သူ့အသံ ကဏ္ဍ

ပျဥ်းမနားမြို့နယ်မှာ စစ်မှုထမ်းကိစ္စနဲ့ အလွဲသုံးစားနေခြင်း ပျဥ်းမနား မြို့နယ် တောင်သာ အုပ်စု တောင်သာ ရပ်ကွက်မှ အုပ်ချူပ်ရေးမှူး ဦးအောင်လွင်နှင့် ရာအိမ်မှူးများက စစ်မှူထမ်းမဲပေါက်သည့် လူများနေရာတွင် လူစားထိုးဝင်ရောက်ပေးမည်ဆိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း(50)ရရှိမည်ဖြစ်ပြီး (10)သိန်းအား အုပ်ချူပ်ရေးမှူး နှင့်အဖွဲ့အား ပွဲစားခ ပေးရမည်ဆိုကာ စည်းရုံးပါတယ်။ တောင်သာရပ်ကွက်မှ လူငယ် (3)ယောက်အား စစ်တပ်ထဲသို့ မရိုးသားသောနည်းများဖြင့် ပို့ဆောင်ခဲ့ပါသည်။ ထို့အပြင် စစ်မှူ့ထမ်းရန် ဒုတိယ အကြိမ်မဲနှိုက်ရာတွင် မဲပေါက်ထားသည့် လူနေရာတွင်လည်း လာဘ်ငွေများယူဆောင်ပြီး လူစားထိုးလဲလှယ်သည့် အလွဲသုံးစား လုပ်မှုများ ရှိနေပါ၍ စစ်မှုထမ်းဥပဒေ အား လက်တလုံးခြားအလွဲသုံးစားလုပ်နေသည့် တောင်သာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအားသက်ဆိုင်ရာမှ အရေးယူပေးပါရန် VOM မှ တဆင့် တင်ပြအပ်ပါသည်။ တောင်သာရပ်ကွက်သားတဦး ပျဥ်းမနားမြို့

Read More

ရှမ်းတောင်ရောက် ကယားစစ်ရှောင်တွေ မတ်လကုန်မှာ နေရပ်ပြန်ဖို့ ညွှန်ကြားလာ

ဖေဖော်ဝါရီ ၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ လာရောက်ခိုလှုံနေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတဲ့အတွက် အခက်ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။ တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့မြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို မတ်လမကုန်ခင်မှာ နေရပ်ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေး ပြောဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။ “လွိုင်ကော်မှာ အခြေအနေက တည်ငြိမ်နေပြီဖြစ်တဲ့အတွက် ပုံမှန်အတိုင်း ကိုယ့်နေရပ်မှာ ပြန်နေကြဖို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားလာတာပါ။ မတ်လ မကုန်ခင်မှာ အပြီးပြန်ရမယ်ပေါ့။ မတ်လကုန်ရင်တော့ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းတော့မယ်လို့လည်း ပြောလာပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီသူတယောက်က VOMကို ပြောပါတယ်။ လက်ရှိအချိန်မှာ ကယားစစ်ဘေးရှောင်တွေအနေနဲ့ စားသောက်နေထိုင်ရေးအတွက် အခက်ကြုံတွေ့နေရသလို ကယားပြည်နယ်ကို ပြန်ဖို့နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါက ထပ်မံတိမ်းရှောင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတဲ့အတွက် အခုလိုညွှန်ကြားလာတဲ့အပေါ် စိုးရိမ်မှုတွေ…

Read More

နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ရန်ကုန်မှာ ပြုလုပ်

ဖေဖော်ဝါရီ ၂ -၂၀၂၅ KKO(VOM) နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ဒီနေ့ ဖေဖော် ဝါရီ ၂ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ နိုင်ငံတော်အကြပ်အတည်းနဲ့ အစိုးရ၊ နိုင်ငံသားတွေနဲ့ နိုင်ငံရေးပါတီ‌တွေရဲ့အခန်းကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ယခုစကားဝိုင်းကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ဉီးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party)က ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က ဦးထက်အောင်ကျော်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးနဲ့ PPP ပါတီက ဒေါက်တာမျိုးဆက်သွေးတို့က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ “အခုအကြပ်အတည်းက နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့အဆင့်လား၊နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့ အဆင့်ကိုကျော်ပြီး လက်ရှိအကြပ်အတည်းသည် လက်နက်ကိုင်ပဋိပက္ခအဆင့်ဆီကို ကူးပြောင်းသွားပြီလား၊အဲဒီအခါမှာ အစိုးရရဲ့ယန္တရားသည် အုပ်ချုပ်ရေး ယန္တရားသည် ခနော်ခနဲ့ မတည်ငြိမ်တဲ့ အနေအထားကိုရောက် သွားပြီလား၊အဲဒီအနေအထားကို ပြန်ပြီးတော့ ပြင်ဆင်ဖို့အတွက် နိုင်ငံရေးအားဖြင့် ကြားဝင်ဆွေးနွေးဖို့ ရနိုင်ချေရှိလား၊ဒါလေးတွေကို ကျွန်တော်တို့စဉ်းစားပြီး…

Read More

စောင်းလျားသီးနဲ့ ငါးပိကြော် ခုတင်ကျိုးအောင် တွယ်ကြသနော်

    ဆူးငှက်     သီတင်းကျွတ်လဆန်းလျှင်ပင် မန္တလေးမြို့သူမြို့သားများကား “ဘုရားပွဲ၊ ဘုရားပွဲ” ဟူသော သတိတရစိတ်က နေ့ညမပြတ် နှိုးဆွနေတော့၏။ လူကြီးသူမများကလည်းဥပုသ်နေ့ သီလမယူမီပင် ဘုရားပွဲအတွက် ခေါင်းချင်းဆိုင် ကြရတော့သည်။ ဒီနှစ် ဘယ်သူ့ဇာတ်ငှားမလဲ၊ ဘယ်သူ့ အငြိမ့်ငှားမလဲ တိုင်ပင်ကြ၏။ ဆိုင်ရာဆိုင်ရာ အငြိမ့်များက မန်နေဂျာ၊ မင်းသမီး၊ လူရွှင်တော်၊ ဒိုးတီးစသူတို့ကလည်း မိမိနှင့် ပတ်သက်ရာ ဘုရားလူကြီးတွေဆီ ချဉ်းကပ်လျက် သူ့အငြိမ့်၊ ကိုယ့်အငြိမ့်ကိုငှားဖို့ ဆွယ်ကြသည်။ အိမ်တော်ရာ ဆင်တံတားကတော့ လမင်းတစ်ရာအငြိမ့်တဲ့။ မြောက်မုခ်ကလည်း နာမည်ကြီးအငြိမ့်ဖြစ်ဖို့ များသည်။ မန္တလေးမှာက ဘုရားပွဲများကို ဘုရားသုံးဆူပွဲမှ စသည်ဟု လူကြီးသူများပြောဖူး၏။ “ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း”တဲ့။     သဘောက သီတင်းကျွတ်လဆန်းက စသော ဘုရားသုံးဆူဘုရားပွဲကနေ တပေါင်းလပြည့်နေ့ မှာကျင်းပသော ဝါခင်းကုန်း…

Read More
VOM News

FREE
VIEW