စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်စတော့ဟုမ်းအနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ အိုရီဘရိုမြို့ရှိ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဆွီဒင်သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ပြောပါတယ်။ ကျူးလွန်သူအမျိုးသားဟာလည်း သေဆုံးသတွေထဲမှာ ပါဝင်တယ်လို့ ယုံကြည်ရပြီး ယခင်က ပြစ်မှုမှတ်တမ်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး တိုက်ခိုက်မှုကို တယောက်တည်းကျူးလွန်ခဲ့တာဖြစ်ကာ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရသူအများပြားကို ဆေးရုံတင်ထားရပြီး လေးဦးကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပေးနေကာ သေဆုံးသူအရေအတွက် တိုးလာနို်ငကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီကျောင်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် သင်္ချာ၊ သိပ္ပံ၊ အခြားဘာသာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေအပြင် ဆွီဒင်ဘာသာစကားပါ သင်ကြားပေးပါတယ်။ သေဆုံးသူ မည်သူမည်ဝါတွေဆိုတာကို…
Read MoreDay: February 5, 2025
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။ အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။ “အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ ” လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။ လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက်…
Read Moreကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂကူညီရေးအဖွဲ့တွေကနေ နုတ်ထွက်မှာဖြစ်ပြီး ယူနက်စကိုမှာ အမေရိကန်ရဲ့ ပါဝင်မှုကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားရှိထားပေမယ့် လုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်ကြသလို ရိုးသားမှုနဲ့ အလုပ်ကောင်းကောင်းမလုပ်ကြဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။ အချိုးအစားမညီတဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို လျှော့ချင်သင့်တယ်လို့ ထရန့်ကပြောပါတယ်။ ထရန့်ရဲ့ ပထမသက်တမ်းမှာတော့ အမေရိကန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ယူနက်စကိုတို့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ပါလက်စတိုင်းတွေအပေါ် ဘက်လိုက်ပြီး အစ္စရေးနဲ့ပတ်သက်ပြီး ကြားနေမှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာတော့ ထရန့်လက်ထက်က နုတ်ထွက်ခဲ့တဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်အစိုးရသစ်ဟာ နိုင်ငံတကာအကူအညီပေးမှုတွေကို ရက် ၉၀ ရပ်ဆိုင်းထားပြီး ကမ္ဘာတဝန်းမှာ…
Read Moreတမူး – ကလေး ကားလမ်းမှာ နေ့စဥ် တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားရ
ဖေဖော်၀ါရီ၊ ၅ ၊၂၀၂၅ ကျော်ဟိန်း ( VOM) စစ်ကိုင်းတိုင်း ၊ ကလေး – တမူးး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကားလမ်းတွေပိတ်ထားပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တယောက်က်ဆီက သိရပါတယ် ။ ” ကလေး – တမူးး ကားလမ်းက ၂၀၂၄ အောက်တိုဘာက စပြီး ပိတ်ထားတယ် ၊ လမ်းတွေ စတင်ပိတ်ထားတုန်းက ကွင်းလမ်းတွေက ရှောင်ကွင်းသွားလာလို့ ရသေးတယ် ၊ အခု အခြေအနေက လုံး၀ကို သွားလို့မရတော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ် ” လို့ မုံရွာမြို့ခံ မိုးရေးကုန်သည် တယောက်က်က ပြောပါတယ်။ တမူးး – ကလေး…
Read Moreမြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့ကို ထိုင်းကဒီနေ့မနက်ကစပြီး မီးဖြတ်
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ထိုင်း- မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊တာချီလိတ်နဲ့ ဘုရားသုံးဆူမြို့နယ်တွေကို ဖြန့်ဖြူးပေးထားတဲ့ လျှပ်စစ်မီးကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ပိုင်းကစပြီး ထိုင်းဘက်က မီးဖြတ်တောက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ ထိုင်းဘက်ကနေ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာဆိုရင် ထိုင်းလျှပ်စစ်မီးရယူထားတဲ့ ပြည်သူ့ဆေးရုံမှာလည်း ဒုက္ခရောက်သွားသလို မြဝတီမြို့အတွက် အောက်ဆီဂျင် အဓိကထုတ်လုပ်ပြီး ကူညီပေးနေတဲ့ အောက်ဆီဂျင်စက်ရုံလည်း လည်ပတ်မှုရပ်သွားတာကြောင့် ပြည်သူတွေထိခိုက်နစ်နာမှုဖြစိရတယ်လို့သိရပါတယ်။ ” မြဝတီမြို့ အောက်စီဂျင်စက်ရုံကို သွယ်တန်းထားတဲ့ ထိုင်းလျှပ်စစ်မီးကတော့မနက် ၈း၃၀မှာ ပြတ်တောက်သွားပါပြီ ။ထိုင်းလျှပ်စစ်မီးကို အရပ်သားပြည်သူတွေ အသုံးပြုခွင့်မရပေမယ့် ပြည်သူကျန်းမာရေးအတွက်အရေးကြီးတဲ့ အောက်စီဂျင်စက်ရုံကတော့ လည်မရတော့ပါဘူး ။ ဆေးရုံလည်းမီးပျက်မှာမို့ ပြည်သူနစ်နာမယ့်အပိုင်းတွေပါ ။အောက်စီဂျင်အသုံးပြုနေရတဲ့ ဝေဒနာရှင်တွေ အတွက် အောက်စီဂျင်ရရှိဖို့ အရေးပေါ်အစည်းအဝေးလုပ်ပါ့မယ်။”လို့ အောက်ဆီဂျင်စက်ရုံ၊ မြဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။ မြဝတီမှာတော့ ထိုင်းလျှပ်စစ်မီးရယူထားတဲ့ ရဲစခန်းအပါ အစိုးရဌာနဆိုင်ရာရုံးတွေလည်း လျှပ်စစ်ဓါတ်အား…
Read Moreဂရိ ဆန်တိုရီနီကျွန်းမှာ နှစ်ရက်အတွင်း ငလျင်အကြိမ် ၃၀၀ လှုပ်လို့ ဒေသခံအားလုံးနီးပါး ကျွန်းကိုစွန့်ခွာ
အေသင်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းအနီးတွင် နှစ်ရက်အတွင်း ရာနဲ့ချီတဲ့ငလျင်တွေ လှုပ်ခတ်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ ကျွန်းကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ လူပေါင်း ၉၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ကျွန်းကို စွန့်ခွာခဲ့ကြပြီး ဒီကနေ့မှာလည်း လေကြောင်း၊ ရေကြောင်းကနေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ စီစဉ်နေကြပါတယ်။ ကျွန်းအနီးမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ငလျင်အကြိမ် ၃၀၀ လှုပ်ခတ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဂရိစောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ဇန်နဝါရီ ၂၄ ရက်မှစပြီး ကျွန်းနဲ့အနီးတဝိုက်မှာ အသေးစားနဲ့ နောက်ဆက်တွဲ မြေငလျင်ပေါင်း အကြိမ်ရေ ၇၅၀ ထိ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၁၉၆၄ ခုနှစ်မှာ မှတ်တမ်းတွေစတင်ခဲ့ပြီးနောက်ပိုင်း အခုလို လှုပ်ခတ်မှုမျိုး မကြုံဖူးသေးဘဲ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂရိမြေငလျင်သုတေသနာဌာန ညွှန်ကြားရေးမှူးက နိုင်ငံပိုင် သတင်းဌာနကို ပြောသည်။…
Read Moreဗန်းမော်တိုက်ပွဲ နှစ်လကြာမြင့်လာပေမယ့် ဆက်လက်ပြင်းထန်နေ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၃၆) ဘက်မှာ စစ်ရေးပြင်းထန်နေကာ နစကတပ်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။ “ဗန်းမော်တိုက်ပွဲက ရပ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတာ အခုဆို နှစ်လပြည့်သွားပြီပေါ့။ ဒီတိုက်ပွဲကာလမှာ လူထိခိုက်၊ သေဆုံးမှုတွေလည်း များတယ်။ နောက် ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့ KIA ဘက်က အမြောက်တပ်…
Read Moreဂါဇာကို အမေရိကန်က လက်လွှဲရယူမယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေကို လက်လွှဲရယူလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်က ဂါဇာကမ်းမြှောင်ကို လက်လွှဲယူမှာဖြစ်ပြီး ဒါကိုဆက်လုပ်သွားမယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဒါကို အမေရိကန် ပိုင်ဆို်ငမှာပါလို့ သူကပြောပါတယ်။ ပါလက်စတိုင်းတွေအနေနဲ့ ဂါဇာကနေ တခြားနိုင်ငံတွေကိုလည်း သွားရောက်အခြေချနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ငြင်းဆန်ထားပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်ကတော့ ပါလက်စတိုင်းတွေ ပြန်လည်နေရာချထားရေး အယူအဆကို ပယ်ချထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကတော့ မိမိတို့ပိုင်နက်ဟာ မိမိတို့ပိုင်နက်သာဖြစ်ရမယ်လို့ ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ထရန့်ရဲ့ အစီအစဉ်ဟာ သမိုင်းကြောင်းကို ပြောင်းလဲနိုင်ပြီး စိတ်ဝင်စားဖွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာဒေသမှ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ဖယ်ရှားရှင်းလင်းရေးပြီး စီးပွားရေးပြန်လည်တည်ဆောက်ကာ စစ်အတွင်း ယိုယွင်းနေတဲ့နယ်မြေကို…
Read Moreမြောင်းမြမှာ မိသားစုလိုက် အစာအဆိပ်သင့် ကလေးငယ်သေဆုံး
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ် သေဆုံးကာ ကျန်မိသားစုသုံးယောက်က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းမှာ ငါးပူတင်းဟင်းချက်စားပြီးနောက် ကလေးငယ်နှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာမှာ အချိန်မီဆေးရုံသွားရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အစာအဆိပ်သင့်မှုကြောင့် လက်ရှိဆေးကုသနေရသူတွေထဲမှာ အဖေဖြစ်သူနဲ့ အသက်နှစ်နှစ်အရွယ်ကလေးငယ်တို့ကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။ ” မနေ့ညကတည်းက မိသားစုလိုက်အစာအဆိပ်သင့်တာကို ခုမနက်၇နာရီမှဘုန်းဘုန်းတို့ဆီအကြောင်းကြားတာ။ မိသားစုလိုက်ဖြစ်တာဆိုတော့ဘယ်သူမှအသိမပေးနိုင်ဘူး။ ပတ်ဝန်းကျင်ကအသိပေးမှဘုန်းဘုန်းတို့သိရတာ။ အချိန်မီမဆက်သွယ်နိုင်တဲ့အကျိုးကြောင့် ခုလိုအသက်သေတဲ့အထိဖြစ်ရတယ်လို့ယူဆတယ်။ သူတို့ရွာကလည်းဖွံ့ဖြိုးမှုအားနည်းတဲ့ရွာပါ။ တောလမ်းတွေကသွားလာရတယ်။ အခုအစာအဆိပ်သင့်တဲအထဲမှာ ၅နှစ်ကလေးကဆုံးသွားပြီ။ အဖေနဲ့ ကျန်တဲ့ကလေးလေးကလည်း ကသတိရတချက်မရတချက်။ အမေဖြစ်သူပဲကောင်းကောင်းသတိရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အေးမြ ဖြူစင်ဇီဝိတဒါနသွေးလှူရှင်အသင်းမှ တာဝန်ရှိသူဆရာတော်အရှင်ဝဏ္ဍသီရိက မိန့်ပါတယ်။ လက်ရှိမှာတော့ အစာအဆိပ်သင့်မှုဒဏ်ခံစားနေရတဲ့ မိသားစုဝင်သုံးယောက်လုံးကို မြောင်းမြ ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။ ၂၀၂၄…
Read More