နဘားစျေးတန်းမှာ လက်နက်ကြီး ကျည် ထိမှန်လို့ ၊ ဆိုင်ခန်း၂၀ ကျော် မီးလောင် ပျက်စီး

ဖေဖော်၀ါရီ ၁၃ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နဘားစံပြကျေးရွာမှာရှိတဲ့ စည်ပင်သာယာ စျေးတန်းဟာ မနေ့က နေ့လယ်ပိုင်းက မီးလောင်ခဲ့တယ်လို့ စျေးသူ စျေးသားတွေဆီက သိရပါတယ် ။
” စျေးထဲက အထည်ဆိုင်ကနေ မီးစတင် လောင်တယ်၊ နဘားစျေးရဲ့ သုံးပုံ၊ နှစ်ပုံလောက် မီးလောင် ပျက်စီးတယ် ၊ မီးစတင်လောင်ရတဲ့ အကြောင်းကတော့ စျေးကို လက်နက်ကြီး ကျည် ထိမှန်ပြီး လောင်တာ ” လို့စျေးသည်တယောက်က ပြောပါတယ် ။
အဲ့ဒီ နဘားစျေး မီးလောင်မှု​ကြောင့် အထည်ဆိုင် အပါအ၀င် စျေးဆိုင် ၊ ဆိုင်ခန်းပေါင် နှစ်ဆယ်ကျော် ပျက်စီး ဆုံးရှုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က စတင်အင်းတော်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ပြီး နဘားစျေးတန်း မီးလောင်ခဲ့ ရတယ်လို့ သိရပါတယ်။
၂၀၂၁ အခင်းအကျင်း ဖြစ်ပွားပေါ်ပေါက်ပြီးနောက် စျေးကြီးတချို့ မီးလောင်ပျက်စီး ရတဲ့ဖြစ်စဥ်အများအပြား ရှိခဲ့တယ်လို့ သိရပါတယ် ။
မန္တလေး အခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက် က
” စျေးကြီးတွေက မီးဘေး သင့်တာ များလာတာကြောင့် အရင်တုန်းကလို ကုန်ပစ္စည်းတွေ မှာတာ အလွန်နည်းသွားတယ် ၊ စျေးအများစုကတော့ ဆိုင်ခန်းတွေထဲမှာ ရောင်းကုန်တွေ မထားရဲကြတော့ဘူး ၊ အဲ့ဒါကြောင့် နယ်လက် အ၀ယ်တွေ မရှိသလောက် ရှားသွားတယ် ” လို့ ပြောပါတယ်။
စစ်ပွဲတွေ မကြာခဏ ဖြစ်တဲ့ ဒေသတွေမှာ မီးဘေးသင့်မှာ စိုးရိမ်ရတဲ့အတွက် ကုန်စည်တွေ မှာယူသိုလ်လှောင်တာ မရှိဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW