ဖေဖော်ဝါရီ ၁၅ – ၂၀၂၅
GG (VOM)
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ နေရာတွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကရင်နယ်ခြားစောင့်တပ် BGF ကဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားထောင်နဲ့ချီစစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုင်းဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ နိုင်ငံခြားတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်မှုများပြီး တွေ့ရှိနိုင်ငံခြားသားတွေထဲမှာ ရိုက်နှက်ခံထားရခြင်းရှိမရှိနဲ့ လူကုန်ကူးခံရပြီးရောက်ရှိလာခြင်းဟုတ်မဟုတ်ကို BGF ကစစ်ဆေးခဲ့ပြီး နေရပ်ပြန်လိုသူတွေကိုစာရင်း ကောက်ယူမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
မနေ့က ဖေဖောဝါရီ၁၄ ရက်နေ့မှာ ရွှေကုက္ကိုလ်ထဲက နေရာတခုတည်းကို ဝင်ရောက်ရှာဖွေးစစ်ဆေးအရ နိုင်ငံခြားသား ၂၀၀၀ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
” ဒီနေ့ ထိုင်းကိုပြန်လွှဲပေးကြမယ်သိရတယ်။ ထိုင်းဗီဇာနဲ့ဝင်လာတာဖြစ်လို့ထိုင်းကိုပြန်လွှဲပေးတာ။ပြန်ချင်တဲ့သူတွေကို ဘာသာပြန်နဲ့စာရင်းတွေကောက်တာလည်းရှိတယ်ဆိုတော့ လူလွှဲပေးတာဘယ်လိုပုံစံလာမလည်းမသိသေးဘူး။ သူတို့စစ်ဆေးတွေ့ရသမျှ လူတွေကိုအကုန်လုံး ထိုင်းပို့ပေးရင် ထိုင်းကအကုန်လုံးလက်ခံမှာလား ဆိုတာရှိတယ်။နိုင်ငံခြားသားတွေကိုသက်ဆိုင်ရာနိုင်ငံတေံကလက်မခံရင်ထိုင်းမှာပဲ သောင်တင်နေမယ့်အခြေအနေဆိုတော့ စောင့်ကြည့်ရမှာပဲ။ကျားဖြန့်လုပ်နေတဲ့ဂိုဏ်းတွေကို တကယ်ထိရောက်အောင်ပပျောက်အောင်လုပ်ဖို့တော့လိုတယ်။” လို့ ဒေသခံကသုံးသပ်ပြောပါတယ်။
မနေ့က ရွှေကုက္ကိုလ်မြို့ထဲက သဲပုံဂိတ်၊ ဝမ်ဖာဂိတ်၊ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရထိုက်ကုမ္ပဏီဝင်းနဲ့ အပိုလိုကုမ္ပဏီဝင်း တို့ကို BGF တပ်တွေက ဝင်ရောက်စီးနင်းပြီး စစ်ဆေး ရှာဖွေခဲ့တာဖြစ်တယ်လို့သိရပါတယ်။
BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းပြီးနောက်မှာ ခုလို ဝင်ရောက်စီးနင်းပြီး ရှာဖွေမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအစိုးရက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခိုကူးမှုတွေနဲ့ပတ်သက်ပြီး ဖိအားတွေပေးနေသလလို BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့အထိ လုပ်ဆောင်မှုရှိလာတာကြောင့် BGF ဘက်ကလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခိုကူးမှုတွေနဲ့ပတ်သက်ပြီး ခုလိုမြန်မြန်ဆန်ဆန်ပင် ရှာဖွေဖမ်းဆီးမှုတွေကိုလုပ်ဆောင်လာတာဖြစ်ပါတယ်။
ကျားဖျန့်နှိမ်နင်းရေး၊ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က တော့ ရွှေကုက္ကိုလ်မြို့အတွင်း ရှာဖွေတွေ့ရှိထားတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးပြီး ထိုင်းကို ချစ်ကြည်ရေးတံတားကနေ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ မီဒီယာအချို့ကိုပြောဆိုထားပါတယ်။ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့လူမှောင်ခိုကူးမှုတွေကို ရွှေကုက္ကိုလ်ဘက်မှာအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။
Photo- CJ