အမေရိကန်ကို တင်ပို့တဲ့မော်တော်ယာဉ်တွေကိုပါ အခွန်ကောက်ဖို့ ဒေါ်နယ်ထရန့် စီစဉ်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၅-၂၀၂၅
ရတီ(VOM)
အမေရိကန်ကို တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဧပြီလကစပြီး အခွန်ကောက်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပစ်မှတ်ထားတဲ့နိုင်ငံတွေနဲ့ အခွန်ကောက်ခံမယ့်နှုန်းထားတွေကို ထရန့်က အသေးစိတ်မပြောပေမယ့် ဧပြီ ၂ လောက်စပြီး အခွန်ကောက်ဖို့ စီစဉ်နေတယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သူကပြောပါတယ်။
ထရန့်စာ တကယ်လို့ ဒီအစီအစဉ်ကိုဆက်လက်လုပ်ဆောင်ပြီး နိုင်ငံတွေအားလုံးအပေါ် အခွန်ကောက်ခံမယ်ဆိုရင် အမေရိကန်ကို မော်တော်ယာဉ်အဓိကတင်ပို့နေတဲ့ ဂျပန်နိုင်ငံအပေါ် များစွာ သက်ရောက်ဖွယ်ရှိနေပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အမေရိကန်ကို ကားအစီးရေး ၁ ဒသမ ၄၈ သန်းတင်ပို့နို်ငခဲ့ကြောင်း ဂျပန်မော်တော်ယာဉ်ထုတ်လုပ်သူများ အသင်းကဆိုပါတယ်။ တော်တော်ယာဉ်တင်သွင်းမှု မမျှတတဲ့စျေးနှုန်းတွေဟာ အမေရိကန်မော်တော်ယာဉ်လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဒေါ်နယ်ထရန့်က ကြိမ်ဖန်များစွာ ပြော ဆိုထားပါတယ်။
ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့နေ့ကလည်း နိုင်ငံတွေအပေါ် အပြန်အလှန်အခွန်စည်းကြပ်မယ့် အစီအစဉ်ကို လက်မှတ်ထိုးခဲ့ပြီး အမေရိကန်ကုပစ္စည်းတွေအပေါ် နိုင်ငံတွေရဲ့အခွန်စည်းကြပ်မှုအတိုင်း ပြန်လည်ကောက်ခံသွားမှာလည်း ဖြစ်ပါတယ်။
မကြာသေးမီကလည်း တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပြီး တရုတ်နိုင်ငံကတော့ လက်တုံ့ပြန်အခွန်ကောက်ခံမှုတွေ ပြန်လည်ချမှတ်ခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာလည်း တိုင်ကြားခဲ့ပါတယ်။
ဒါအပြင် ဥရောပသမဂ္ဂနိုင်ငံတွေကိုလည်း အခွန်ကောက်မယ်လို့ ထုတ်ဖော်ပြောကြားထားပြီး မကြာသေးမီကလည်း အမေရိကန်ကိုတင်သွင်းလာတဲ့ အလူမီနီယံနဲ့ သံမဏိတွေအပေါ် အခွန်ကောက်မယ်လို့ ကြေညာခဲ့ပါတယ်။
Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW