ဗန်းမော် ရေလဲနဲ့ မံသာ (မံစီ)ဘက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြန်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ ရေလဲရွာ နဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံသာ (မံစီ) ကျေးရွာအုပ်စု၊ မံသာ (မံစီ)ရွာ တွေဘက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရာ သူရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ ဗန်းမော် ဧရာဝတီမြစ်ရဲ့ တဖက်ကမ်း ရေလဲရွာမှာ Y – 12 နဲ့ ဗုံးကြဲ လို့ ထိခိုက် ဒဏ်ရရသူတွေရှိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေယာဉ် ဗုံးက ဦးကိုနိုင်နဲ့ ဦးချစ်မင်းတို့ရဲ့ နေအိမ်ဝန်းထဲမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး လေယာဉ် ဗုံးကြောင့် နှစ်ယောက်ထိခိုက် ဒဏ်ရာရခဲ့ကာ နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က မံစီမြို့နယ်၊ မံသာ (မံစီ)ရွာဘက် လေကြောင်း နဲ့ လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရလို့ သုံးယောက် ယောက်ထိခိုက် ဒဏ်ရာရရှိပြီး နှစ်ယောက် သေဆုံး သွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“နေအိမ် သုံး အိမ် ပျက်စီး သွားတယ်။ နှစ်ယောက် သေတယ်။ သုံးယောက် ဒဏ်ရာရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုး သမီး တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် အစောပိုင်းကလည်း မိုးမောက်မြို့နယ်၊ ဝက်ငင်းရွာနဲ့ နှင်းအီရွာကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ခုနှစ်ယောက်သေဆုံးပြီး ငါးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ ပါသေးတယ်။
ဗန်းမော်မြို့ထဲမှာတော့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြစ်ကြီးနား လေတပ်ကနေ ဗန်းမော်ကို ပျံသန်း လာတဲ့ ရဟတ်ယာဉ် နှစ်စီးကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆင်းသက်နိုင်ခြင်း မရှိပဲ ပြန်လှည့်သွားခဲ့ကြောင်း KIA နဲ့ နီးစပ် သူတွေဆီက သိရပါတယ်။
ဗန်းမော် စကခ – ၂၁ က ဖမ်းဆီး ရမိထားတဲ့ ဗိုလ်မှူး တယောက်ရဲ့ ပြောပြချက်အရ အဲဒီ ရဟတ်ယာဉ်တွေဟာ အထဲက အရာရှိ လူနာတွေနဲ့ အလောင်းတွေ သယ်ယူဖို့ ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ဒီမန့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စကခ – ၂၁ ရဲ့ ဘန်ကာ တချို့နဲ့ မှီခိုသူတပ်မိသားစုဝင် တချို့ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရသွားပြီး ရဟတ်ယာဉ် ဆင်းမရတော့ကြောင်း ပြောပါတယ်။
ဗန်းမော်မြို့ရှိ နစက တပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းခန့်ကစ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Photo Crd# The Kachin Net, ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW